Monday, January 14, 2013

အကြမ်းဖက်သမားများနှင့် ၄င်းတို့ သိမ်းဆည်းယူသွားသည့် သေနတ်အား ဆက်လက်ရှာဖွေနေဆဲ


Arakan Review


ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယမန်နေ့မနက်ပိုင်း (၁၀) ၀န်းကျင် အချိန်က ခမရ (၃၇၇) တပ်ရင်းမှ တပ်ကြပ်ကြီး စိုးဝင်းမှာ ဒေသခံများ၏ လုံခြုံရေး တာဝန်ယူနေစဉ် ပေါင်းတုပ်ရွာမှ ဘင်္ဂလီ-မူဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မှုကို ခံလိုက်ရပြီး ၄င်း၏ သေနတ်ကို ယူဆောင် သွားခဲ့သည့် အတွက် (၁၃၊ ၀၁၊ ၂၀၁၃) တနင်္ဂနွေနေ့တွင် လုံခြုံရေးတင်း ကျပ် စွာချထာပြီး ယနေ့နံနက်ပိုင်း၌ မြို့တွင်းလုံခြုံရေးများကို ပြန်လည် ရုပ်သိမ်း လိုက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။ယင်းသို့ လုံခြုံရေးများကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း တပ်ကြပ်ကြီး ဦးစိုးဝင်း ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ ဘင်္ဂလီကုလားများ ထံမှမရရှိသေးကြောင်းနှင့် အခင်းဖြစ်ပွားခဲ့ရာ ပြဿနာကိုလိုလားနေသူ တို့နေထိုင်သည့်ပေါင်းတုပ် ကျေးရွာသားများအား ဆက်လက် စစ်ဆေးနေကြောင်းသိရပြီး တရာခံများကို လည်း ဖေါ်ထုတ်နေ ဆဲဖြစ်ကြောင်း နောက်ဆက်တွဲ သတင်းများအရ သိရသည်။

အကြမ်းဖက်ခံခဲ့ရသည့် တပ်မတော်သား တပ်ကြပ်ကြီးဦးစိုးဝင်းမှာ ခန္တာကိုယ်တစ်ခုလုံး ဓါးဒဏ်ရာများရရှိခဲ့ကာ ညာဖက်လက်ဓါးဒဏ်ရာ၊ ဘယ်ဖက် ခြေထောက်ဓါးဒဏ်ရာ၊ နှင့် ညာဖက်ဝမ်းဗိုက်ဓါးဒဏ်ရာတို့မှာ စိုးရိမ်နေရကြောင်းနှင့် ယမန်နေ့ ညကသွေးသွင်းထားရပြီး ၄င်းမှာ သတိလစ်နေခဲ့ရာ ည (၇) နာရီဝန်းကျင်လောက်မှ သတိပြန်လည်ရရှိလာကြောင်း သိရသည်။

ကြမ်းဖက်သမားဘင်္ဂလီများနှင့် ယင်းတို့သိမ်းဆည်းယူသွားသည့် သေနတ်အား စစ်တပ်နှင့် မြို့နယ်အာဏာပိုင်များက ဆက်လက် ရှာဖွေ နေဆဲဖြစ်ကာ ယနေ့နံနက်ပိုင်းထိ လုံးဝမတွေ့သေးကြောင်း Arakan Review ၏သတင်းစုံစမ်းချက် အရသိရသည်။

ခင်းဖြစ်ပွားရာ ပေါင်းတုပ်ကျေးရွာမှာ မြောက်ဦးမြို့နှင့် ငါးမိုင်ခန့်သာဝေးပြီး။ မြောက်ဦး မြို့မရဲစခန်းမှ အမြဲတမ်းရဲကင်း ရှိသည့် နေရာလည်းဖြစ်သည်။

No comments:

Post a Comment