by Ko Zanaka on Friday, June 29, 2012 at 4:19am
''ဗမာပြည်သည် ဒို့ပြည်၊ ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား"ဆိုတဲ့
သမိုင်းထဲမှာပါရှိတဲ့ ၁၉၂၀ ကျောင်းသားသပိတ် ကြွေးကျော်သံကို
ကျောင်းနေခဲ့ဖူးသူတိုင်း မှတ်မိကြမှာပါ....
နောင်တစ်ချိန်မှာ လွတ်လပ်ရေးရဲ့ဗိသုကာကြီးဖြစ်လာမယ့် ဗိုလ်ချုပ်လောင်းလျာ
သခင်အောင်ဆန်းတို့ ဖွဲ့ခဲ့တဲ့ ကျောင်းသားအဖွဲ့ချုပ်က ဘာတဲ့ .....
"ဗမာတနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ"....
''ဒို့ဗမာအစည်းအရုံး" စသည် စသည်ဖြင့်......................
သမိုင်းတစ်လျှောက်လုံး "ဗမာ"လို့သာ သုံးခဲ့တာပါ...
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေမှာလည်း မြန်မာနိုင်ငံလို့ ဘယ်တုန်းကမှ
မပါခဲ့ပါဘူး.... "ဗမာပြည်လွတ်လပ်ရေးရအောင်လုပ်တဲ့အခါမှာလည်း
အသုံးမကျချင်ဘူး၊ ဗမာပြည်ပြန်လည်ထူထောင်ရေးလုပ်တဲ့နေရာမှာလည်း
အသုံးမကျချင်ဘူး..ဗမာ ဗမာချင်းချဖို့ပဲ လုပ်ချင်တယ်........"
ဗိုလ်ချုပ်အောင်ဆန်းသီချင်းမှာလည်း "ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်....တကယ်ပဲ အသက်နဲ့လဲလို့ ......"
ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့တဲ့ တပ်မတော်ဟာလည်း
လွတ်လပ်ရေးကြိုးပမ်းမှုကာလတစ်လျှောက်မှာ
ဗမာ့လွတ်လပ်ရေးတပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော် ဆိုပြီး သမိုင်းမှာ
အထင်အရှားရှိခဲ့ပြီးသား...
ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ကဗျာတစ်ပုဒ်မှာလည်း "ဗမာတွေစည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ခဲ့ပြီ"...
ဒေါက်တာဘမော်အစိုးရလက်ထက်က ငွေစက္ကူကိုလည်း ကြည့်ကြဦးစို့....
အာဇာနည်ကြီးများ၏ ဇာပနအခန်းအနားမှတ်တမ်းမှာလည်း ဒီလိုပဲတွေ့ရတယ်...

ဗမာဆိုတာ လူမျိုးတစ်မျိုးတည်းကိုသာ ခေါ်ဝေါ်သုံးစွဲခဲ့တာမဟုတ်ပါဘူး ဆိုတာကို ငြင်းစရာကို မလိုတဲ့ကိစ္စပါ....
နိုင်ငံတကာမှာ မင်းဘယ်နိုင်ငံကလာသလဲ မေးခံရတိုင်း၊ မြန်မာက
လို့ ဖြေလိုက်ရင် သိတဲ့သူ အင်မတန်နည်းပါတယ်... ဗမာကလို့ ဖြေမှ
သိကြတာများပါတယ်...အခုခေတ်လူငယ်တွေကို မေးကြည့်ရင် Myanmar ပြောပြော၊
Burma ပြောပြော မသိကြတာများပါတယ်... လာအိုသိလား - သိတယ်။ ထိုင်းသိလား -
သိတယ်။ ဘင်္ဂလားဒေ့ရှ်သိလား - သိတယ်။ ဒို့နိုင်ငံက
အဲဒီနိုင်ငံတွေကြားမှာပါလို့ပြောမှ ရေးရေးလေး သဘောပေါက်ကြတယ်။
ကျုပ်တို့တိုင်းပြည်အကြောင်းကို ကမ္ဘာက ဘာဖြစ်လို့
အသိနည်းလာရသလဲ... ဖြေစရာမလိုလောက်အောင် ရှင်းပါတယ်....
ဗမာနိုင်ငံကနေ မြန်မာနိုင်ငံပါလို့ ဘယ်ခုနှစ်မှာ ဘယ်သူတွေက ဘယ်လိုနည်းနဲ့ပြောင်းခဲ့ကြသလဲဆိုတာလဲ သိကြမှာပါ....
အမြင်ကျယ်ကြပါစေ... စာဖတ်ကြပါစေ၊ လေ့လာကြပါစေ.. ပြတင်းတံခါးဖွင့်ပေးမထားတဲ့
အိမ်ကျဉ်းကျဉ်းလေးထဲကနေ အပြင်လောကကြီးထဲကို
ထွက်လာရပေမယ့်၊ အမြင်အာရုံကို ဘောင်ခတ်ခံထားရတဲ့ မြင်းလှည်းမှာတပ်ထားတဲ့ မြင်းလို
အမြင်မကျဉ်းကြပါစေနဲ့လို့ .....
No comments:
Post a Comment