မင်းပြားမြို့နယ်ရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုသည် ရွာကိုစွန့်ပစ်ကာထွက်ပြေးနေ ရခြင်းအပေါ် အစိုးရမှ ဖြေရှင်းပေးနိုင်ခြင်းမရှိသ ကဲ့သို့ ကလေးငယ်များလည်း ပညာသင်ကြားနိုင်ခွင့်မရရှိေ သး
-------------------------- -------------------------- -------------------------- ------------
မင်းပြားမြို့နယ်အတွင်းရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု တို့သည် မိမိတို့၏ရွာကိုစွန့်ပစ်ကာ ထွက်ပြေး နေရသည်ဟု သတင်းရရှိပါသည်။
ထိုအိမ်ထောင်စုများတွင် ကျား ၇၃ ဦး၊ မ ၇၆ ဦးတို့ရှိပြီး ထိုသို့ထွက်ပြေးရခြင်းမှာ ရွာအနီးတွင် စမ္ဘလေ ဘင်္ဂလီ များစွာရှိနေသဖြင့် စမ္ဘလေရွာရှိအားကြောက်ရွံ့စိုးရိမ်သဖြင့်ယခုကဲ့သို့ထွက် ပြေးနေခြင်းဖြစ်သည်ဟုလည်းသိ ရသည်။ စက်ရုံမော်ရွာသားများ သေကန်ကျေးရွာသို့ ပြောင်းရွှေ့ပြေးသွားကြစဉ်တွ င် ရွာရှိ ကျန်ခဲ့သောပစ္စည်များနှင့် အိမ်ထောင်ပရိဘောဂ များကို ဘင်္ဂလီများက လာရောက်ယူငင်သွားသည်ဟုလည်းသိရပါသည်။
၁၂-၁၀-၂၀၁၂ နေ့တွင်ပြောင်းရွှေ့သွားခြဲ့ ခင်းဖြစ်ပြီးသေကံကျေးရွာနှင့်
စာသင်ကျောင်းအကြား မြေကွက်လပ် တစ်ခု တွင် ကောက်ရိုးတဲများထိုးကာ ယနေ့တိုင်
နေထိုင်ကြရ သည်ဟုသိရသည်။ သေကန်ရွာသားများက ကူညီမှု ဖြင့်
ငတ်တလှည့်ပြတ်တလှည့်နေထိုင် ကြရကြောင်းလည်း စက်ရုံမော်ရွာသားများ၏ပြောစ ကားအရသိရသည်။
မိမိတို့၏ ရွာသို့ ပြန်လည်ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်တွင် သေကန်ရွာမှ ဦးမောင်သိန်းနုအား ဘင်္ဂလီများထံတွင် ဓါးထိုးခံရသည့်အပြင် တရားခံအားယနေ့တိုင်ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်းမရှိသေးသည့်အတွက် ဘင်္ဂလီများရန်ကိုစိုးရိမ် ကာ ယနေ့တိုင်တဲများတွင် နေထိုင်ကြရကြောင်းဖြင့်လည်း သိရှိရပါသည်။
ဦးမောင်သိန်းနု အားဓါးဖြင့်ဝိုင်းဝန်းခုတ်သူများထဲတွင်စမ္ဘလေဘင်္ဂလီကျေးရွာမှ
ဦးကျော်ဇံလှ ဆိုသူနှင့်အပေါင်းပါ ငါးဦးတို့ပါဝင်ခဲ့ပြီး ဒီဇင်ဘာလ ၂
ရက်နေ့ ညနေ ၃း၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယင်းတွက်
သေကန်ကျေးရွာနေ ဦးမောင်သိန်းနု (ဘ)ဦးကျော်စိန်အောင်၊အသက် (၄၉)နှစ် တွင်
ဓါးဒဏ်ရာ ၂ ချက်ရရှိခဲ့ ပြီး မင်းပြားဆေးရုံသို့
တက်ရောက်ကုသခဲ့ရသည်ဟုသိရသည် ။
ယနေ့တိုင် တရားခံအားဖမ်းဆီးနိုင်ခြင်း မရှိသေးသည်မှာ ဦးကျော်ဇံလှသည် ထွက်ပြေးနေခြင်းမဟုတ်ကြောင်းနှင့် ယင်းရွာတွင်း`၌ပင်ရှိနေကြော င်းသိရသည်။ လာဒ်ပေးလာဒ်ယူမှုများကြောင့် သာ တရားခံအားဖမ်းဆီးနိုင်ခြင်း မရှိဖြစ် နေသည်ဟုလည်း မင်းပြားမြို့ပေါ်မှ စီးပွားရေးလုပ်ငန်းများနှင့်  မြို့သူမြို့သားများကသုံးသပ်ပြောဆိုကြပါသည်။ ယင်းသို့ဖမ်းဆီးနိုင်ခြင်းမ ရှိသော်လည်း ရခိုင်တိုင်းရင်းသားများအား ဖမ်းဆီးနေမှုများစွာ ရှိနေကြောင်းနှင့် အပြစ်မရှိ ဘဲနှင့် အိမ်အောက်တွင် ယမ်းထောင်းသေနပ်တွေ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများလည်းရှိ နေကြောင်းသိရ သည်။
စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုတို့သည် ယနေ့တိုင်မည်သည့် ကူညီထောက်ပံ့ရေးကိုမှ မရရှိသ ဖြင့်စားဝတ်နေရေးလွန်စွာခက် ခဲ
နေသည်ဟုသိရသည်။ ထိုရွာသားများသည် လူနည်းစုဖြစ်သဖြင့် ဘင်္ဂလီများရန်ကို
ကြောက်ရွံ့နေရသကဲ့သို့ လုံခြုံရေးအပိုင်းတွင်လည်း ယုံကြည်မှုမရှိသည့်တွက်
ထိုသို့ တဲများတွင်နေထိုင်ရခြင်း ဖြစ် သည်ဟုသိရသည်။
ထို့အပြင်အရေးအကြီးဆုံးမှာ ကျောင်းနေအရွယ် ကလေးငယ် ၃၀ ကျောက်ရှိကြောင်းနှင့် ထိုကလေးငယ်များသည် စာသင် ကျောင်းအနီးတွင်နေထိုင်ရသော်လည်း ကျောင်းတက်ခွင့်မရနိုင်သေးေ ကြာင်းသိရပါသည်။ အကြောင်းမှာ စမ္ဘလေကျေးရွာစာ သင်ကျောင်းအား ပိတ်ထားသဖြင့် ကျောင်းထွက်လက်မှတ်မရရှိခြင်းကြောင့် သေကံကျေးရွာကျောင်းမှလည်းလက်ခံကြောင်းသိ ရသည်။ အလားတူစွာပင် ကျောင်းထွက်ခွင့်မပေးကြောင်း၊ ကျောင်းထွက်ခွင့်စာတောင်းလျ င် ယင်းကျောင်းမှ ကျောင်းအုပ်က ငွေ ကြေးများတောင်းခံသည်များလည်းရှိနေကြောင်းသိရသည်။ ယင်းအတွက် ကျောင်းရှေ့တွင်နေရသော်လည်း ကျောင်းတက်ခွင့် မရကြသော ကလေးငယ်များအနေဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများဖြစ်လာနိုင်ကြောင်းနှင့် ကူညီထောက်ပံ့သူများအနေဖြင့် လည်း သတိထားစောင့်ကြည့်သင့်ကြောင်း သုံးသပ်မိပါသည်။
ကလေးငယ် ၃၀ ကျော်ကျောင်းနေခွင့်ရရေးအတွ က် ပညာရေးကဏ္ဍမှ တာဝန်ရှိသူများအနေဖြင့် ကွင်းဆင်းစစ်ဆေးကာ ထိ ရောက်သောကူညီပံ့ပိုးမှုမျာြး ပုလုပ်ပေးရန်လိုအပ်နေကြောင်းလည်းသိရသည်။ ဒုတိယတန်းအရွယ်ကလေးငယ်တစ်ဦးက “ ကျွန် တော်တို့ကျောင်းတက်ချင်ကြတယ်။ ဒါပေမယ့်တက်ခွင့်မရဘူး။ စာအုပ်တွေလည်း ရွာမှာကျန်ခဲ့တာဘာမှမရှိတော့ ဘူး။
ကျောင်း တက်လို့ရအောင် ကူညီပေးပါ။ ကျွန်တော်ကြီးလာရင် ကျောင်းဆရာလုပ်ပြီး
ကလေးတွေကို ပညာတတ်အောင်သင်ပေးချင် တယ်”ဟုလည်း ပြောဆိုပါသည်။
စက်ရုံမော်ရွာသားများသည် ကောက်ရိုးကာ၊ ကောက်ရိုးမိုးပြီး မြေပြင်တွင်ကောက်ရိုးခင်းကာ နေထိုင်ခဲ့ကြရသဖြင့် စိတ်ပိုင်းဆိုင် ရာထိခိုက်မှုများဖြစ်နေကြောင်းလေ့လာမိသည်။ မကြာသေးမီက ကယ်ဆယ်ရေးအမိုးတစ်ခုလာပေးပြီးတဲပေါ်တွင်တင်ထားရုံမှ အပ အခြားအထောက်အပံ့များ မရရှိသေးကြောင်းလည်းသိရသည်။ “ဆန်နည်းနည်းစီ တစ်ခါနှစ်ခါလာပေးတယ်။ ဆီနည်းပါ တယ်။ နောက်ထပ် ဘာမှ မရဘူး။ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေဘူး။ ငါးရှာဟင်းခူးတောင်သွားလို့ မရတော့ဘူး။ ဘင်္ဂလီတွေက လစ်ရင်လစ်သလို တိုက်ခိုက်ဖို့ကြိုးစားနေတာ ကို တွေ့နေရတယ်။ ဦးမောင်သိန်းနု ကလည်းကံကောင်းလို့ လွတ် သွားတာပါ။ ဒါကြောင့် ကျွန်တော်တို့ရွာကိုဖြစ်ဖြစ် သေကံရွာအနီးမှာ နေရာပြောင်းရွှေ့ပေးပါ။ ဒါမှမဟုတ် ဘင်္ဂလီတွေကို စက်ရုံ မော်ရွာနဲ့ ဝေးအောင်ရွှေ့ပေးပါလို့ပြောချင်တယ်။ သူတို့ကိုဘယ်လိုမှ နေလို့မရတော့ဘူး။ အဓိကတော့သူတို့ လူအင်အားများလို့ စိုးရိမ်တာပါ”ဟုစက်ရုံမော်ရွာသားတစ်ဦးက ရင်ဖွင့်ပြောကြားခဲ့ပါသည်။
--------------------------
မင်းပြားမြို့နယ်အတွင်းရှိ စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စု တို့သည် မိမိတို့၏ရွာကိုစွန့်ပစ်ကာ ထွက်ပြေး နေရသည်ဟု သတင်းရရှိပါသည်။
ထိုအိမ်ထောင်စုများတွင် ကျား ၇၃ ဦး၊ မ ၇၆ ဦးတို့ရှိပြီး ထိုသို့ထွက်ပြေးရခြင်းမှာ ရွာအနီးတွင် စမ္ဘလေ ဘင်္ဂလီ များစွာရှိနေသဖြင့် စမ္ဘလေရွာရှိအားကြောက်ရွံ့စု
၁၂-၁၀-၂၀၁၂ နေ့တွင်ပြောင်းရွှေ့သွားခြဲ့
မိမိတို့၏ ရွာသို့ ပြန်လည်ရွှေ့ပြောင်းရန် ကြိုးစားနေစဉ်တွင် သေကန်ရွာမှ ဦးမောင်သိန်းနုအား ဘင်္ဂလီများထံတွင် ဓါးထိုးခံရသည့်အပြင် တရားခံအားယနေ့တိုင်ဖော်ထုတ်
ဦးမောင်သိန်းနု အားဓါးဖြင့်ဝိုင်းဝန်းခုတ်သ
ယနေ့တိုင် တရားခံအားဖမ်းဆီးနိုင်ခြင်း
စက်ရုံမော်ကျေးရွာမှ အိမ်ထောင်စု ၃၃ စုတို့သည် ယနေ့တိုင်မည်သည့် ကူညီထောက်ပံ့ရေးကိုမှ မရရှိသ ဖြင့်စားဝတ်နေရေးလွန်စွာခက်
ထို့အပြင်အရေးအကြီးဆုံးမှာ ကျောင်းနေအရွယ် ကလေးငယ် ၃၀ ကျောက်ရှိကြောင်းနှင့် ထိုကလေးငယ်များသည် စာသင် ကျောင်းအနီးတွင်နေထိုင်ရသော
ကလေးငယ် ၃၀ ကျော်ကျောင်းနေခွင့်ရရေးအတွ
စက်ရုံမော်ရွာသားများသည် ကောက်ရိုးကာ၊ ကောက်ရိုးမိုးပြီး မြေပြင်တွင်ကောက်ရိုးခင်းကာ
ref; RSV (အစစ်)

No comments:
Post a Comment