ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Saturday, January 26, 2013
Edit ပုံနှိပ် နှင့် သတင်းမီဒီယာဥပဒေ (ပထမမူကြမ်း)( Press Law )
အခန်း (၁)
အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက်
ပုဒ်မ ၁ ။ ။ ဤ ဥပဒေကို ပုံနှိပ်နှင့် သတင်းမီဒီယာဥပဒေ (Press Law) ဟုခေါ်တွင်စေရမည်။
ပုဒ်မ ၂ ။ ။ ဤ ဥပဒေပါ စကားရပ်များသည် အောက်ဖော်ပြပါ အတိုင်းအဓိပ္ပါယ်သက်ရောက်စေရမည်။
(က) သတင်းမီဒီယာဆိုသည်မှာ သတင်းနှင့်စပ်လျဉ်းသော အလုပ်များဖြစ်သည့် သတင်းရှာဖွေခြင်း၊ ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ သိုလှောင်ခြင်း၊ မှတ်တမ်းတင်ခြင်း၊ သတင်းအချက်အလက်များကို ခွဲ ခြမ်း စိတ်ဖြာခြင်း၊ ပျံနှံ့စေခြင်း အစရှိသည်တို့ကို စာ၊ အသံ၊ အရုပ်၊ အရုပ်/အသံ၊ ကိန်းဂဏန်း အချက်အလက်၊ ရှပ်ပုံဒီဇိုင်း စသည့် အသွင်သဏ္ဍန်မျိုးစုံ အသုံးပြုကာ၊ ပုံနှိပ်မီ ဒီယာ၊ အီ လက် ထရွန်နစ် မီဒီယာနှင့် အခြားနည်းလမ်းများဖြင့် လုပ်ကိုင်သည့် လူမှုရေးနှင့် အများပြည်သူ ဆိုင် ရာပြန်ကြားရေး၊ ဆက်သွယ်ရေး လုပ်ငန်းများကို ဆိုသည်။
(ခ) ကောင်စီဆိုသည်မှာ ဤဥပဒေနှင့်အညီ ဖွဲ့စည်းသောသတင်းမီဒီယာကောင်စီ (press council) ကိုဆိုသည်။
(ဂ) သတင်းထုတ်လွှင့်ပြသခြင်းဆိုသည်မှာ အသံဖြင့်ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အများပြည်သူအား ထုတ် လွှင့်ပြသခြင်းကို ဆိုသည်။
(ဃ) သတင်းစာဆိုသည်မှာ ဖြစ်ပျက်နေသော ပြည်တွင်းပြည်ပ သတင်းအချက်အလက်များနှင့် စပ်လျဉ်း သော အကြောင်းအရာအားလုံး ပုံမှန်ဖြန့်ချိသော ထုတ်ဝေစာကိုဆိုသည်။
(င) သတင်းထောက်ဆိုသည်မှာ သတင်းလိုက်ခြင်း၊သတင်းရေးသားခြင်းနှင့် သတင်းအချက် အလက် များကို သတင်းမီဒီယာတစ်ခုခုသို့ ပေးပို့သူကို ဆိုသည်။
(စ) စာနယ်ဇင်းဆိုသည်မှာ သတင်း၊ ဝတ္တု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံ၊ သရုပ်ဖော်ပုံစသည် တို့ကို ပုံနှိပ်နည်းပညာဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်သို့မဟုတ် အခြားသော နည်းပ ညာ တစ်မျိုးမျိုးဖြင့်ဖြစ်စေ ဖော်ပြထားသည့် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်း၊ စာအုပ်စာစောင် ကိုဆိုသည်။
(ဆ) ပုံနှိပ်သူဆိုသည်မှာ စာနယ်ဇင်းတစ်မျိုးမျိုးကို တာဝန်ခံရိုက်နှိပ်သူသို့မဟုတ်အဖွဲ့အစည်းကိုဆိုသည်။
(ဇ) ထုတ်ဝေသူဆိုသည်မှာ သတင်းစာ ၊ သတင်းဂျာနယ်၊ မဂ္ဂဇင်း၊ ၀တ္ထု၊ ရုပ်ပြကာတွန်း၊ သုတစာပေ စသည့် စာပေတစ်မျိုးမျိုးကို တာဝန်ခံထုတ်ဝေသူသို့မဟုတ် အဖွဲ့အစည်းကိုဆိုသည်။
(ဈ) ဖြန့်ချိသူဆိုသည်မှာပုံနှိပ်ပြီး စာအုပ်စာပေ၊ စာနယ်ဇင်းများကို နယ်ပယ်ဒေသအသီးသီးသို့ ဖြန့်ချိ သည့် လုပ်ငန်းလုပ်ကိုင်သူကိုဆိုသည်။
(ည) သတင်းအေဂျင်စီဆိုသည်မှာ ပြည်တွင်းပြည်ပမှသတင်းများကို စုဆောင်း၍ပုံနှိပ်မီဒီယာ၊ အီလက် ထရောနစ် မီဒီယာတစ်မျိုးမျိုးဖြင့် ဖြန့်ချိသည့်လုပ်ငန်းကို လုပ်ကိုင်သည့်အဖွဲ့အစည်းကိုဆိုသည်။
(ဋ) (ဆင်ဆာ) ကြိုတင်စိစစ်ခြင်း ဆိုသည်မှာ စာနယ်ဇင်းတစ်ခုခုတွင် ပါဝင်သည့်အကြောင်းများကိုအား လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖြတ်တောက်ဖယ်ရှားခြင်း (သို့မဟုတ်) ပေးခြင်း၊ ခြိမ်းခြောက် ခြင်း၊ သတင်းထုတ်ပြန်ခွင့်ရရှိစေရန် ခွင့်ပြုမိန့် တောင်းခံရခြင်းကိုဆိုသည်။
(ဌ) အစိုးရအဖွဲ့ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ကိုဆိုသည်။
(ဍ) ဝန်ကြီးဆိုသည်မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုဆိုသည်။
(ဎ) ဝန်ကြီးဌာနဆိုသည်မှာပြန်ကြားရေးဝန်ကြီးဌာနကိုဆိုသည်။
အခန်း (၂)
ဥပဒေ၏ ရည်ရွယ်ချက်များ
ပုဒ်မ ၃။ ။နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ (၃၅၄) (က) ပါပြဌာန်းချက်နှင့်အညီ နိုင်ငံသားတိုင်း လွတ်လပ်စွာ သတင်းရေးသားထုတ်ဝေခွင့်အရ ပုံနှိပ်ဖြန့်ချိသော သတင်းမီဒီယာလုပ်ငန်းများ တိုး တက် ဖြစ်ထွန်းစေရေး။
ပုဒ်မ ၄။ ။ပြည်သူများ၏ သတင်းကိုသိရှိခွင့်နှင့် သတင်းအပေါ် ပြန်ကြားပြောဆိုခွင့်များကို ကာကွယ်မြုင့်တင် ပေးရေး။
ပုဒ်မ ၅။ ။နိုင်ငံတော်၏မဏ္ဍိုင်ကြီး(၃) ရပ်ကိုစောင့်ကြည့်တည့်မတ်ပေးခြင့်ဖြင့် ပြည်သူ့အကျိုးပြု သတင်းမီဒီ ယာလုပ်ငန်းကို စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်ဆောင်ရွက်ရေး။
ပုဒ်မ ၆။ ။စာနယ်ဇင်းနှင့်သတင်းမီဒီယာသမားများ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များလုပ်ငန်းဆောင် ရွက်ပုံစည်းမျဉ်းများ ရေးဆွဲပြဌာန်းရေး။
ပုဒ်မ ၇။ ။သတင်းမီဒီယာသမားများနှင့် စာနယ်ဇင်းထုတ်ဝေသူများ ရခွင့်ရှိသည့် သတင်းလွတ်လပ်ခွင့်နှင့် အခြားရပိုင်ခွင့်များကို ရရှိစေရေးနှင့် ထိုရပိုင်ခွင့်များကို အကာအကွယ်ပေးရေး။
ပုဒ်မ ၈။ ။ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများသည် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို အထောက် အကူပြုရေး။
ပုဒ်မ ၉။ ။စာနယ်ဇင်းတွင် ရေးသားထုတ်ပြန်ချက်များ၊ သတင်းရိုက်ကူးထုတ်လွှင့်မှုများနှင့်စပ်လျဉ်း၍ အငြင်း ပွားမှုပေါ်ပေါက်ပါက ညှိနှိုင်းဖြေရှင်းမှုနည်းလမ်းကို အလေးထားကျင့်သုံးရေး။
ပုဒ်မ ၁၀။ ။ဥပဒေ၏ ရည်ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် သတင်းမီဒီယာ ကောင်စီတစ် ရပ်ကို နည်းဥပဒေပြဌာန်းဖွဲ့စည်း တည်ထောင်ရေး။
အခန်း (၃)
ပုံနှိပ်နှင့်သတင်းမီဒီယာသမားများ၏ရပိုင်ခွင့်များ
ပုဒ်မ ၁၁။ ။နိုင်ငံသားတိုင်းသတင်းကိုလွတ်လပ်စွာသိရှိခွင့်၊ သတင်းပေးခွင့်ရှိခြင်း။
ပုဒ်မ ၁၂။ ။နိုင်ငံသားများသိခွင့်ရှိသော သတင်းအချက်အလက်များကို တားမြစ်ခြင်း၊ ထိန်းချုပ်ခြင်း၊ အကျပ် ကိုင်ခြင်းများမှ ကင်းဝေးစေပြီး ကျင့်ဝတ်စည်းကမ်းနှင့်အညီ လွတ်လပ်စွာစုံစမ်း ဖော်ထုတ် ရေးသား ခွင့်၊ ထုတ်လွှင့်ခွင့် ရှိခြင်း။
ပုဒ်မ ၁၃။ ။နိုင်ငံသားတစ်ဦးအားဥပဒေတစ်ရပ်ရပ်ဖြင့်ပေးထားသောအခွင့် အရေး ဆုံးရှုံးမှုများကိုသတင်း ဆောင်းပါးအဖြစ် ဖော်ထုတ်ရေးသားခွင့်ရှိခြင်း။
ပုဒ်မ ၁၄။ ။သတင်းထောက်တစ်ဦးသည် ရုံး၊ အလုပ်ဌာန၊ အဖွဲ့အစည်းများတွင် သတ်မှတ်ချက်နှင့် အညီသတင်းရယူခွင့် နေရာထိုင်ခင်းရခွင့်၊ ဝင် ထွက်သွားလာခွင့်ရှိခြင်း။
ပုဒ်မ ၁၅။ ။သတင်းမထုတ်ပြန်မီ၊ ရေးသားပုံနှိပ်ခြင်းမပြုမီ ကြိုတင် စိစစ် (ဆင်ဆာ) တင်ခြင်းမှ ကင်း လွတ်ခွင့်ရှိခြင်း။
ပုဒ်မ ၁၆။ ။စာနယ်ဇင်းသမားတစ်ဦးသည် ၀ထ္ထု၊ ဆောင်းပါး၊ ဝေဖန်ချက်၊ သုံးသပ်ချက်တို့ကို မိမိ၏ အာဘော် အဖြစ် ရေးသားခွင့်ရှိခြင်း။
ပုဒ်မ ၁၇။ ။နိုင်ငံတော်၏ လုံခြုံရေး၊ နိုင်ငံသားတို့အား အန္တရာယ်ဖြစ်စေနိုင်သည့် ကိစ္စမှအပ အစိုးရဌာနများ ပြည်သူ့ဘဏ္ဍာဖြင့်ဖွဲ့စည်းထားသော အဖွဲ့အစည်းများရှိ လုပ်ငန်းစာရင်းဇယား၊ စီမံချက်များ၊ လျှို့ ဝှက် ကိစ္စမဟုတ်သည့် မှတ်တမ်းများအား တောင်းယူကြည့်ရှုခွင့် ရှိခြင်း။
ပုဒ်မ ၁၈။ ။သတင်းအရင်းအမြစ် ထုတ်ဖော်ပေးရန် တောင်းဆိုမှုကို ငြင်းပယ်ခွင့်ရှိခြင်း။
ပုဒ်မ ၁၉။ ။(က) စာနယ်ဇင်းသမားတစ်ဦး၏ အသိဥာဏ်ဆိုင်ရာမူပိုင်ခွင့်ကိုထားရှိခွင့်ရှိခြင်း၊
(ခ) စာနယ်ဇင်းသမားတစ်ဦး၏ ကိုယ်ပိုင်အခွင့်အရေးကိုမှတ်ပုံတင်ခွင့်ရှိခြင်း။
ပုဒ်မ ၂၀။ ။စစ်မက်ဘေးအန္တရာယ်ဖြစ်ပွားနေသောဒေသ၌ -
(က) သတင်းထောက်တစ်ဦးသည် တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်မှုရခွင့်ရှိခြင်း၊
(ခ) ဖမ်းဆီးထိန်းသိမ်းခြင်းတို့မှ ကင်းလွတ်ခွင့်ရှိခြင်း။
ပုဒ်မ ၂၁။ ။သတ်မှတ်ထားသောစည်းကမ်းချက်နှင့်ညီညွတ်ပါကပုံနှိပ်လုပ်ငန်း၊ သတင်းအေဂျင်စီတို့ ကို ထူထောင်ခွင့်ရှိခြင်း။
ပုဒ်မ ၂၂။ ။ ပုဂ္ဂလိက သတင်း/မီဒီယာလုပ်ငန်းကိုမည်သည့်အကြောင်းနှင့်မျှနိုင်ငံပိုင်အဖြစ်သိမ်းယူခြင်း
မှ ကင်းလွတ်ခွင့်ရှိခြင်း။
ပုဒ်မ ၂၃။ ။ အရေးအခင်း၊ အဓိကရုန်း၊ ဆန္ဒပြနေသော နေရာ၌ သတင်းရယူနေသော သတင်းထောက်များကို ဖမ်းဆီး ထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်း (အသံ၊ အရုပ်၊ ဓါတ်ပုံ၊ အထောက်အထား၊စာရွက် စာတမ်းများ) တို့ကို သိမ်းဆည်းခြင်း အာဏာပိုင်များမှ မှတ်တမ်းတင်ထားခြင်းတို့မှ ကင်းလွတ်ခွင့်ရှိခြင်း။
အခန်း (၄)
စာနယ်ဇင်းနှင့်သတင်းမီဒီယာသမားများလိုက်နာရမည့်တာဝန်များသတ်မှတ်ခြင်း
ပုဒ်မ ၂၄။ ။စာနယ်ဇင်းနှင့်သတင်းမီဒီယာများသည် အောက်ပါတို့ကိုလိုက်နာရန် တာဝန်ရှိသည် -
(က) သတင်းတိုင်းအချက်အလက် တိကျမှန်ကန်ရန် နှင့် တတ်နိုင်သမျှ ပြည့်စုံရန် စိစစ်ရမည်။
(ခ) တိကျမှန်ကန်မှုမရှိသော သတင်းကို ဖော်ပြမိ၍ ပြင်ဆင်ရန်လိုအပ်ပါက သက်ဆိုင်ရာ မီဒီယာသည် အမြန်ဆုံးပြန်လည် ပြင်ဆင်ဖော်ပြပေးရမည်။ သတင်းမှန်ဖြေရှင်းချက်ကို လည်း ၄င်းသတင်း ထည့်သွင်းသည့် နေရာနှင့်အနီးစပ်ဆုံး စာမျက်နှာတွင် ထင်ရှားစွာ
ဖော်ပြပေးရမည်။
(ဂ) သတင်းပေးသူ(သို့မဟုတ်) သတင်းရင်းမြစ် (Source) အမည်နာမနှင့်စပ်လျဉ်း၍ကာယကံရှင်၏ဆန္ဒနှင့်အညီထိန်းသိမ်းဆင်ခြင်ရမည်။ ယုံကြည်၍ထုတ်ဖော်အသိပေးလိုက်သည့်အကြောင်း အရာများနှင့် စပ်လျဉ်း၍ လျှို့ဝှက်ထိန်းသိမ်းထားရမည်။
(ဃ) တရားရုံးတွင် စစ်ဆေးဆဲအမှုများနှင့်စပ်လျဉ်း၍ မီဒီယာတွင် ရေးသားဖော်ပြရာ၌တရားရုံးတော်ကပြစ်မှုထင်ရှားစီရင်ခြင်းမပြုသေးသမျှကာလပတ်လုံး တရားစွဲဆိုခံရသူအား အပြစ်ကင်းစင်သူ တစ်ဦးအဖြစ် မှတ်ယူရမည်။
(င) သတင်းများရယူရေးသားရာ၌ မိမိကိုယ်စားပြုသည့် သတင်းမီဒီယာအမည်ကို ထုတ်ဖော် ပြောဆို၍ သတင်းရယူရမည်။
(စ) သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးစသည်တို့အသွင်ဖြင့် ထည့်သွင်းသောကြော်ငြာများကို ကြော်ငြာ ဖြစ်ကြောင်းသိသာထင်ရှားအောင် ဖော်ပြရမည်။
(ဆ) သတင်းရေးသားရာတွင် ရေးသူ၏ အာဘော်လုံးဝမပါဝင်စေရ။ ဘက်လိုက်ရေးသားခြင်း မပြုရ။
(ဇ) အများပြည်သူအကျိုးစီးပွားအတွက်ရေးသင့်ရေးထိုက်သည်မှအပလူပုဂ္ဂိုလ်တစ်ဦး(သို့မဟုတ်) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကိုထိခိုက်စေသောအရေးအသား၊ နိုင်ငံသားတစ်ဦး၏ အခွင့် အရေးကို ထိပါးစေသောအရေးအသားများရှောင်ကြဉ်ရမည်။
(ဈ) သတင်းရေးသားရာတွင်ကလေးသူငယ်များ၊အမျိုးသမီးများနှင့်စပ်လျဉ်းသည့်ဥပဒေပြဋ္ဌာန်းချက် များကိုလိုက်နာရမည်။
(ည) ဇာတိ၊ကိုးကွယ်ရာဘာသာ၊လူမျိုးတို့ကိုအကြောင်းပြု၍ခွဲခြား၊ ဝေဖန်၊ လှုံဆော်ရေးသားခြင်း မပြုရ။
(ဋ) စာနယ်ဇင်းသမားများအားလုံးမည်ကဲ့သို့သောအခွင့်အရေး၊တံစိုးလက်ဆောင်မျှမယူရ။
(ဌ) စီးပွားရေး၊ နိုင်ငံရေးစသည့် အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန်မကန်ရေးသားခြင်း မပြုရ။
(ဍ) သူတစ်ပါးဖန်တီးထားသော သတင်း၊ ဓာတ်ပုံ၊ ဆောင်းပါးများကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက် မရဘဲ ကူးယူဖော်ပြခြင်းမပြုရ။ ခွင့်ပြုချက်ရယူပြီး ဖော်ပြလျှင်လည်း မူလရင်းမြစ်ကိုဖော်ပြ ပေးရမည်။
(ဎ) အီလက်ထရောနစ် နည်းပညာဖြင့် ထုတ်လွှင့်သော အင်တာနက်၊ လူမှုကွန်ယက်များ စသည့် အရင်းအမြစ်များမှ တစ်ဆင့်ရသောသတင်းများသည် မှန်ကန်ကြောင်း သက်သေအခိုင်အမာ မပြနိုင်ပါက ပြန်လည်ကူးယူဖြန့်ချိခြင်းမပြုရ။
ပုဒ်မ ၂၅။ ။နိုင်ငံသားတိုင်းအတွက် ဘေးအန္တရာယ်ဖြစ်စေမည့် ဆေးလိပ်၊ မူးယစ်ဆေးဝါး၊ အရက်သေစာ၊ အေအိုင်ဒီအက်စ်နှင့်အခြားသောကူးစက်ရောဂါများ ဆိုင်ရာသတင်းများကို ဖော်ပြရာတွင် ပြည်သူ လူထု အကျိုးထိခိုက်စေမည့် ပုံနှိပ်ထုတ်ဝေရေးသားခြင်းကို ရှောင်ကြဉ်ရမည်။
ပုဒ်မ ၂၆။ ။လူမှုရေးဒုက္ခခံစားရသူများ၊ မသန်စွမ်းသူများနှင့် စပ်လျဉ်းသောကိစ္စရပ်များ ဖော်ပြရာတွင် သတင်းရေးခံရသူ၏ ဂုဏ်သိက္ခာ ညိုးနွမ်း ထိခိုက်စေမည့် ဖော်ပြချက်များ ရှောင်ကြဉ်ရမည်။
ပုဒ်မ ၂၇။ ။သတင်းမီဒီယာကောင်စီက ချမှတ်ထားသောကျင့်ဝတ် စည်းကမ်း၊လမ်းညွှန်ချက်၊ဆုံးဖြတ်ချက် များကို လိုက်နာရမည့် တာဝန်ရှိသည်။
အခန်း (၅)
သတင်းမီဒီယာကောင်စီဖွဲ့စည်းခြင်း
ပုဒ်မ ၂၈။ ။နိုင်ငံတော်သမ္မတသည် -
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် ကြီးကြပ်ဆောင်ရွက်နိုင်ရန် လွတ် လပ်သောသတင်းမီဒီယာ ကောင်စီတစ်ရပ်ကို နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်း ပေးရမည်။
(ခ) ကောင်စီ၏ လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်တို့ကို နည်းဥပဒေတွင် သတ်မှတ် ဖော်ပြ ပြဋ္ဌာန်း ပေးရမည်။
(ဂ) ကောင်စီဝင် ဦးရေနှင့် သတင်းမီဒီယာအဖွဲ့အစည်းများနှင့်အခြားသောပညာရှင်များ ပါဝင်သည့် ကိုယ်စားလှယ် အချိုးအစားကို နည်းဥပဒေတွင် သတ်မှတ်ပေးရမည်။
(ဃ) သတင်းမီဒီယာကောင်စီသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော လွတ်လပ်သည့် သတင်းမီဒီယာ ဆိုင်ရာ ကောင်စီဖြစ်သည်။
အခန်း (၆)
ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းများ တည်ထောင်ခြင်း
ပုဒ်မ ၂၉။ ။နိုင်ငံသားတိုင်းသည် တည်ဆဲနိုင်ငံသား ရင်းနှီးမြုပ်နှံမှုဥပဒေနှင့်ညီညွတ်ပါက ပုံနှိပ်နှင့်သတင်း မီဒီယာ လုပ်ငန်းများတည်ထောင်နိုင်သည်။ နိုင်ငံခြားပုံနှိပ်သတင်းမီဒီယာ လုပ်ငန်းများတည်ထောင် ခွင့်နှင့် ရင်းနှီးမြုပ်နှံခွင့်တို့သည် တည်ဆဲဥပဒေများ၊ နည်းဥပဒေများနှင့် အညီဖြစ်ရမည်။
ပုဒ်မ ၃၀။ ။သတင်းမီဒီယာ လုပ်ငန်းဆောင်ရွက်ခွင့်ရပါက သတ်မှတ်ထားသော မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်
ရမည်။
(က) မှတ်ပုံတင်သက်တမ်းကို နည်းဥပဒေပြဌာန်း သတ်မှတ်ရမည်။
(ခ) တည်ဆဲဥပဒေအရထုတ်ပေးထားသော မှတ်ပုံတင်၏ သက်တမ်းကုန်ဆုံးပါက သတ်မှတ် ချက်နှင့်အညီ သက်တမ်းတိုးခွင့်ရှိသည်။
(ဂ) ခွင့်ပြုချက်ရရှိထားသောလုပ်ငန်းသည် အကြောင်းတစ်ခုခုကြောင့် ရပ်စဲခံ ရသည်ဖြစ်စေ၊ မိမိဆန္ဒ
အလျောက် လုပ်ငန်းရပ်စဲသည်ဖြစ်စေ၊ မူလထုတ် ပေးထားသော လုပ်ငန်းခွင့်ပြုချက် နှင့်မှတ် ပုံတင်ကို ဆိုင်ရာသို့ပြန်လည် ပေးအပ်ရမည်။
(ဃ) မှတ်ပုံတင်ရုံးသည် တရားရုံး၏ ဆုံးဖြတ်ချက်မှအပ မည့်သည့်နည်းနှင့်မျှ မှတ်ပုံတင်ကို ပယ်ဖျက် ခွင့်၊ ငြင်းပယ်ခွင့်မရှိစေရ။
အခန်း (၇)
အထွေထွေပြဋ္ဌာန်းချက်
ပုဒ်မ ၃၁။ ။ သတင်းမီဒီယာ၌ ဖော်ပြထားသော ရေးသားထုတ်လွှင့်ချက် တစ်ခုခုကြောင့် နစ်နာသူ
သို့မဟုတ် မကျေနပ်သူ သည် ပြစ်မှုဥပဒေ၊ တရားမ ဥပဒေတို့အရ တရားစွဲဆိုခြင်းမပြုမီ
နည်းဥပဒေ၌ ပြဋ္ဌာန်းထားသော လုပ်ထုံးလုပ်နည်းနှင့်အညီ သတင်းမီဒီယာ ကောင်စီသို့
တိုင်ကြားပါက သတင်းမီဒီယာကောင်စီ၏ ညှိနှိုင်းဖြေရှင်းပေးမှုကို ဦးစွာရယူရမည်။
ပုဒ်မ ၃၂။ ။ ဤဥပဒေပါ ပုံနှိပ်နှင့် သတင်းမီဒီယာ လုပ်ငန်းသည် ပုဒ်မ (၃၃) ပါ ကင်းလွတ်ခွင့်များမှအပ
နိုင်ငံအတွင်းထုတ်ဝေသော စာနယ်ဇင်း၊ ထုတ်ဝေစာ၊ သတင်းထုတ်လွှင့်ချက်များ အားလုံးနှင့်
သက်ဆိုင်စေရမည်။
ပုဒ်မ ၃၃။ ။ ဤ ဥပဒေပြဌာန်းချက်များသည် အောက်ပါထုတ်ဝေစာများ နှင့် မသက်ဆိုင်စေရ။
(က) အာဏာပိုင်အဖွဲ့အစည်း (၃) ရပ်က မိမိလက်အောက်ခံ အဖွဲ့အစည်း၊ ရုံးဌာနများသို့
ရေးသားပေးပို့သည့်ထုတ်ဝေစာ၊
(ခ) ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းအချင်းချင်း အကြောင်းကြားစာ။
(ဂ) စီးပွားရေး၊ ငွေရေးကြေးရေး၊ လုပ်ငန်းများအချင်းချင်းရေးသားထုတ်ဝေစာ။
(ဃ) ပြည်ထောင်စုရွေးချယ်တင်မြှောက်ပွဲ ဆိုင်ရာဥပဒေအရ ထုတ်ပြန်သော ကင်းလွတ်ခွင့်
ပြုသည့် ထုတ်ဝေစာ။
ပုဒ်မ ၃၄။ ။ပြည်တွင်းသို့ပြည်ပမှ တင်တွင်းသော စာနယ်ဇင်းများသည် နိုင်ငံတော်၏လုံခြုံရေးနှင့်ပြည်သူများ
၏အကျိုးစီးပွားကို ထိခိုက်နိုင်ခြင်းရှိ/မရှိ စိစစ်အရေးယူရန် သက်ဆိုင်ရာ ဝန်ကြီးဌာနက နည်းဥပ ဒေကို သီးခြားသတ်မှတ် ပြဌာန်းပေးနိုင်သည်။
ပုဒ်မ ၃၅။ ။နိုင်ငံတော်အစိုးရသည်
(က) နိုင်ငံတော်အကျိုးစီးပွားကို တမင်ထိခိုက်စေနိုင်သော စာနယ်ဇင်းများကို တွေ့ရှိက သိမ်းဆည်းခြင်း၊ ရှာဖွေဖမ်းဆီးခြင်းကို တည်ဆဲဥပဒေသက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နိုင်သည်။
(ခ) နိုင်ငံတော်နှင့် ပြည်သူများ၏ အသက်ဘေးအန္တရာယ်နှင့် လုံခြုံရေးကို ထိခိုက်စေနိုင် သော ပြည်တွင်းပြည်ပမှ ထုတ်ဝေဖြန့်ချိသော ဗီဒီယိုခွေ၊ တိပ်ခွေ၊ Internet၊ Website ထုတ်လုပ်ချက်များကို ပိတ်သိမ်းခြင်း၊ ဖမ်းဆီးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တည် ဆဲဥပဒေအရ ထုတ်ပြန်နိုင်သည်။
ပုဒ်မ ၃၆။ ။ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများ မှတ်ပုံတင်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
အေးချမ်းမွန်မှ ကူးယူသည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment