ယနေ့အောက်တိုဘာ (၂၅) ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လက်ရှိနှစ်
ရက်သုံးရက်အတွင်းဖြစ်ပွားနေသော ဘင်္ဂါလီပူမှုနှင့်ပတ်သက်၍ ကြေငြာချက် တစ်စောင် ထုတ်ပြန်ရာ အခင်းဖြစ်ပွားသည့် နေရာများ ဖော်ပြမှုမှားယွင်းနေသည်ကို တွေ့ရသည်။
မြေပုံမြို့ကို ထည့်သွင်းဖော်ပြရမည့်အစား အမ်းမြို့ ဟူ၍ ထည့်သွင်းဖော်ပြခဲ့ရာ ဤအမှားအယွင်းကို ကြည့်ခြင်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရခိုင်အရေးကို စိတ်ဝင်စားမှု မည်မျှ နည်းပါးသည်ကို ထင်ဟပ်နေကြောင်း အင်တာနက် သုံးစွဲသူများက ပြောဆိုရေးသားနေကြသည်။
(သောင်းကြွယ် ရေးသားသည်။)
Coral Arakan News
Facebook တွင့် ပြန့် နှံနေသောစာကို ဖော်ပြလိုက်ပါတယ်။
ကျွန်တော် ရခိုင်ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်
အောင်ဆန်းစုကြည်ကို အပြစ်မတင်ခဲ့ဘူး.. ဘာလို့ဆိုတော့ ရခိုင် အရေးကို
သူစိတ်မဝင်စားခဲ့ဘူး... အခု ကြေညာချက် တစ်စောင်ထုတ်တယ်.. ဒီလောက်သတင်းတွေ
ပြန့်နေတာတောင်
ဘယ်မြို့မှာ ဖြစ်နေလဲ
မသိဘူး... နာမည်အတွက် ရခိုင် အရေးနှင့် ပတ်သက်လို့ စာတန်းတစ်ခုတောင်
ကောင်းကောင်းမွန်မွန် မထုတ်နိုင်တဲ့ အဆင့်၊ ရှင်းရှင်း ပြောရင် ရခိုင်တွေ
သေတဲ့ အပေါ် အကျိုးအမြတ်ထုတ်ဖို့ ကြိုးစားတဲ့သူအားလုံ:ကို မုန်းတယ်.... အခု
အမ်းမှာ မဖြစ်ပါဘူး... ကြေညာချက်မှာ အမ်းပါနေပါတယ်... မှားနေပါတယ်..
စာတန်းလေးတစ်ခုတောင် မှန်မှန်ကန်ကန် မထုတ်နိုင်ဘူးလား...

No comments:
Post a Comment