Monday, February 25, 2013

မြန်မာ့နိုင်ငံသားဥပဒေ ပြည်ပနိုင်ငံများနှင့် မဆိုင်ဟု ဦးခင်ရီပြော

မြန်မာ့နိုင်ငံသားဥပဒေ ပြည်ပနဲ့မဆိုင်လို့ ဦးခင်ရီပြော 
( NEWS COLLECTION )

မြန်မာနိုင်ငံကို ခြောက်ရက်ကြာ လာရောက်ခဲ့တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ပြောခဲ့တဲ့ အပေါ်လူဝင် မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ပြည်တွင်းရေးကိစ္စသာ ဖြစ်ပြီး ပြည်ပနိုင်ငံတွေနဲ့ မဆိုင်တဲ့အကြောင့် တုန့်ပြန်ခဲ့ပါတယ်။

၁၉၈၂ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေကို လွှတ် တော် မှာ ဆွေးနွှေး ခဲ့တဲ့အကြောင်း၊ ဆွေးနွှေးပြီးနောက်မှာ လက်ရှိဥပဒေက ခိုင်မာမှု ရှိ နေတဲ့အတွက်၊ ပြင်ဆင်ဖို့ မလိုအပ်တဲ့ အကြောင်း၊ ပြင်ဆင်မယ်ဆိုရင်လဲ စာသားတွေ သာပြင်ဆင်ဖို့ လို အပ်တယ်လို့ ပြောသွားပါတယ်။

“၈၂ law ဆိုတာက မြန်မာနိုင်ငံသားဥပဒေ။မြန်မာနိုင်ငံ အတွင်း ကိစ္စဖြစ်ပါတယ်။တခြား ဘယ်သူနဲ့မှလည်း မဆိုင်ဘူး။ ဘယ်သူမှလည်း ဒါကို ပြောပိုင်ခွင့် မရှိဘူး။ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ရခိုင်မှာပြဿနာတွေပေါ် တဲ့အခါကျတော့ လွှတ်တော်မှာ အပြန်ပြန်ဆွေးနွေးကြတယ်။ဝိုင်းပြီးဆွေးနွေးကြတဲ့အခါ နောက်ဆုံးမှာဘာ အတည်ပြုလဲ ဆိုတော့ဒီဥပဒေ သည်လက်ရှိမှာ ခိုင်မာနေတယ်။ပြင်ချင်ရင် အတွင်းမှာ ရှိနေတဲ့ စာသားတွေ ကိုသာပြင်ရမယ်။ဥပဒေက တစ်နိုင်ငံလုံး တိုင်းနဲ့ ပြည်နယ်တွေကို ဆင်းပြီးတော့၆ နှစ်ခွဲလောက် အချိန်ယူပြီးတော့ ပြင်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါနဲ့ ဆက်သုံးသင့်ပါတယ်။မှတ်တမ်းတင်ထားပါလို့ ဆုံးဖြတ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒါက ပြည်တွင်းရေးကိစ္စသာ ဖြစ်ပါတယ်။ဘယ်ပြည်ပနိုင်ငံများနဲ့မှ မဆိုင်ပါဘူး။”

ဦးခင်ရီရဲ့ တုန့်ပြန်ချက်ထဲမှာ နိုင်ငံသားဖြစ်ခွင့်မှာ ဥပဒေအရ ဖြစ်တဲ့နိုင်ငံသားနဲ့ မွေးရာပါနိုင်ငံသား ဆိုပြီးတော့ ၂ မျိုးရှိတဲ့အကြောင်း ၁၈၂၃ခုနှစ် မတိုင်မီ ကတည်းက အဖေအမေ အဖိုးအဖွါးတွေ မြန်မာ နိုင်ငံမှာ နေထိုင်သူတွေဟာ မွေးရာပါနိုင်ငံသားတွေဖြစ်ပြီး နောက်တမျိုးကတော့ ဥပဒေအရ ဖြစ်တဲ့ နိုင်ငံသားဆိုတာ ရှိတဲ့အကြောင်း ဒီထဲမှာ  တရုတ်လူမျိုး၊ အိန္ဒိယအနွယ်တွေပါဝင်ပြီး။ ၁၉၄၈ ခုနှစ်မတိုင်ခင်က အဖိုးအဖွါး က မြန်မာ နိုင်ငံမှာ နေထိုင်သေဆုံး ခဲ့တာတွေ ဖြစ်တဲ့အကြောင်း၊ မြန်မာနိုင်ငံတွင်းနေထိုင်ပြီး ဗမာ စကား ပြောတတ်သူတွေ၊ နိုင်ငံအကျိုးကိုလည်း ထမ်းဆောင်သူတွေဟာ နိုင်ငံသား လျှောက်ခွင့် ရှိတဲ့အကြောင်း၊ ဒီအချက်တွေမှန်ကန်ရင် ဧည့်နိုင်ငံသား အဖြစ်သတ်မှတ်တဲ့အကြောင်း အဲဒီက တဆင့် ထပ်ပြီးမွေးလာတဲ့ မြေးကျတော့မှ နိုင်ငံသားအဖြစ် သတ်မှတ်တယ်လို့ ရှင်းပြသွားပါတယ်။
၁၉၈၂ ခုနှစ် ဥပဒေနဲ့ ပတ်သက်ပြီး နိုင်ငံခြားပညာရှင်တွေရဲ့အကြံပေး ပြောကြားချက်တွေကို ဂရုတစိုက်လေ့လာကာ မိမိတို့နိုင်ငံနဲ့ ကိုက်ညီအောင်ဆုံးဖြတ်လုပ်ကိုင်ရမှာ ဖြစ်တယ်လို့
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ လတွေကပြောခဲ့တဲ့အကြောင်း အေဘီစီရေဒီယို သြစတြေးလျ သတင်းထောက် မေငယ်က သတင်းပေးပို့ထားပါတယ်။

http://abbsoluteright.blogspot.com/2013/02/blog-post_2519.html

No comments:

Post a Comment