Saturday, February 16, 2013

ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူ ပြန်စတင်


                                                                         လှေကြီးကို တူးဖေါ်ရန် ပြင်ဆင် နေကြစဉ်။ (ဓါတ်ပုံ- Star)
ဇန္န၀ါရီလ ၂၀ ရက်နေ့က နေ  ရက်အတန်ကြာ ရပ်နားထားခဲ့ရတဲ့ ရှေးခေတ် ရခိုင်လှေကြီး တူးဖေါ်မူကို ဘင်္ဂလာဒေခ်ျ့နိုင်ငံ ရှေးဟောင်း သုတေသန အဖွဲ့က မနေ့က ပြန်လည်  စတင်လိုက်ပြီလို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံထုတ် The Daily Star သတင်းစာကြီးက ရေးသားဖေါ်ပြပါတယ်။



ပင်လယ်ရေ မြင့်တက်နေတာကြောင့် ဇန္န၀ါရီလ ၂၀ ရက်နေ့ကနေ တူးဖေါ်မူကို ရပ်နားထားရာကနေ မနေ့က ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါ ပင်လယ်ရေ ပြန်ကျသွားပြီ ဖြစ်တဲ့ အတွက် လှေကြီးကို ဖေါ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။
အခုတွေ့ရှိတဲ့ ရခိုင်ရှေးဟောင်းလှေကြီးဟာ အလျားပေ ၇၂ ပေရှိပြီး အနံ အကျယ်က ၂၃ ပေရှိပြီး ဗမာဘုရင် ဘိုးတော် ဦးဝိုင်း ရခိုင်ပြည်ကို ၀င်ရောက် သိမ်းပိုက်တဲ့ ၁၇၈၄ ခုနှစ်က ရခိုင်မိသားစုတွေ ဘင်္ဂလာကို ထွက်ပြေးလာရာမှာ အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တယ်လို့ ဆိုပါတယ်။
အ၀ကျွန်း ဒေသခံ အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ဦးသာစိန်က ၁၇၈၄ ခုနှစ် ရခိုင်ပြည်မှာ ရက်စက်စွာ သတ်ဖြတ်မူတွေကြောင့် ရခိုင် မိသားစု ၁၅၀ ခန့်ဟာ လှေကြီးတွေကို အသုံးပြုပြီး အဲဒီဒေသကို ထွက်ပြေးလာတယ်လို့ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က အသုံးပြုခဲ့တဲ့ လှေကြီး ဖြစ်တာကြောင့် သမိုင်းအရ တန်ဖိုးရှိတဲ့ အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနက လှေကြီးကို ပြန်လည် ဖေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အခု တူးဖေါ်မူကို ဦးဆောင်နေတဲ့ ရှေးဟောင်း လှေတွေကို တူးဖေါ်နေတဲ့ အဖွဲ့ ခေါင်းဆောင် Yves Marre ကတော့ ဒီတူးဖေါ်မူကို စိန်ခေါ်နေတာကတော့ တန်သုံးဆယ်ကျော်ခန့်လေးတဲ့ လှေကြီးကို မြေပေါ်ကို မယူနိုင်ရေးဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရှေးဟောင်းလှေကြီးကို  လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က မြန်မာ- ရခိုင် အခေါ် အ၀ကျွန်းဒေသ (ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ) ဂင်္ဂါမတီမြစ် အနီးက ပင်လယ်ကမ်းစပ်မှာ ရေတွေကျသွားချိန်မှာ သဲသောင်ပြင်က ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

နေရဉ္စရာ

No comments:

Post a Comment