2013-02-12
Photo: RFA/Thiha Tun
ဒီမိုကရေစီမိတ်ဆွေပါတီတွေ ပူးပေါင်းပြီး ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ရန်ကုန်မြို့၊ ဘိုကလေးဈေး လမ်းမပေါ်မှာရှိတဲ့ YWCA ခန်းမ မှာ ဖေဖေါ်ဝါရီလ ၁၂ ရက် ဒီကနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီမိုကရေစီမိတ်ဆွေပါတီတွေ ပူးပေါင်းပြီး
ဒီကနေ့မှာ ကျရောက်တဲ့ ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို
ရန်ကုန်မြို့၊ YWCA ခန်းမမှာ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့စဉ်
ဒီကနေ့ ထုတ်ပြန်တဲ့ ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီရဲ့ ပူးတွဲကြေညာချက်ထဲမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေပြီးဆုံးပြီး နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးပါဝင်တက်ရောက်နိုင်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတစ်ရပ်ကို အစိုးရအနေနဲ့ ဦးဆောင်ကျင်းပပေးဖို့အတွက် တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ဒီကနေ့အခမ်းအနားမှာ နိုင်ငံရေးပါတီတွေနဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြည်ထောင်စုနေ့ အထိမ်းအမှတ် သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
ဒီအခမ်းအနားကို ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေနဲ့ တခြားနိုင်ငံရေးပါတီတွေ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့တွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။
ဒီကနေ့ မိတ်ဆွေများ ၁၀ ပါတီ အခမ်းအနား တက်ရောက်လာကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အမြင်ကို RFA သတင်းထောက် မဇင်မာဝင်းက စုစည်းတင်ပြထားပါတယ်။
ref; RFA
No comments:
Post a Comment