Thursday, February 28, 2013

.လက်ပွတ္တာ ၉၆၉ တရားပွဲအားဦးစီးကျင်းပသူ လူငယ်ခေါင်ဆောင် သုံးဦးအား မွစလင် ဟာဂျီ လှတင်.မှ တရားစွဲ.........

                                  ၉၆၉ လူငယ်များ ဦးဆောင်ကျင်းပသော လက်ပွတ္တာ တရားပွဲ ပုံ


ဧရာဝတီတိုင်းဒေသကြီးလပွတ္တာမြို့မှာ ၉၆၉ တရားပွဲများကို ဦးစီးကျင်းပတဲ့ လူငယ်ခေါင်းဆောင် ၃ ဦးကို လပွတ္တာ မွတ်စလင်များအဖွဲ့မှ ဟာဂျီလှတင် ဆိုသူက ဧရာဝတီတိုင်း ၀န်ကြီးချုပ်အထိ ဘာသာရေးစော် ကားမှုများဖြင့် အဓိကရုဏ်းဖြစ်စေရန်ဆောင်ရွက်နေပါသည်ဟု တိုင်တန်းလိုက်ပါတယ်..အဲဒီအတွက် လပွတ္တာ ရဲစခန်းမှ ၉၆၉ အဖွဲ့မှ လူငယ်ခေါင်းဆောင် ကိုဇော်တိုး ကိုမြတ်တိုး နဲ့ ကိုသိန်းတိုး တို့ကို ခေါ်ယူစစ်ဆေးရာမှာ တိုင်ကြားသူ ဟာဂျီ ဦးလှတင်ဟာ ၉၆၉ အဖွဲ့က မဖြန့်ဝေတဲ့စာရွက် စာတမ်း များဖန်တီးပီး လုပ်ကြံတိုင်တန်းတာ ပေါ်ပေါက်လာတဲ့အတွက် ၉၆၉ အဖွဲ့မှကိုဇော်တိုးက ဟာဂျီလှတင်ကို လပွတ္တာ တရားရုံးမှာ တရားစွဲဆိုလိုက်ပါတယ်..ထိုသို့တရားစွဲဆိုသောအခါမှ ဟာဂျီလှတင် က ကျေအေးပေးပါရန် ပြောကြားသဖြင့် ကျေအေးပေးပါရန် လပွတ္တာ မြို့ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှုး ဦးတိုးတိုး မှ မြို့နယ် အတွေထွေအုပ်ချုပ်ရေးမှုးရုံးတွင်ခေါ်ယူ ညှိနိုင်း ခဲ့ရာမှာ..တရားစွဲဆိုသူ ကိုဇော်တိုးမှ မိမိသည် ဦးလှတင်ကို ရန်ညိုးရန်စဖြင့် တရားစွဲဆိုခြင်းမဟုတ်ကြောင်း မိမိတို့အမျိုး ဘာသာ သာသနာ ရေရှည်တည်တန့်ရေးအတွက် ကြိုးစားအားထုတ်မှုသာဖြစ်ကြောင်း ထိုကြောင့် တရားမှု ဆောင်ရွက်နေသည်ကို မတရား လိမ်လည် လှည့်ဖျားဆောင်ရွက်လျင် ဥပဒေက မျက်ကွယ်မပြုသည်ကို သိရှိစေရန် တရားစွဲဆိုပါကြောင်းပြောကြားပြီး အောက်ပါ အချက်များကို ဖြည့်စွမ်းပေးလျင် သဘောထားကြီးစွာဖြင့်ကျေအေးလွှာ လက်မှတ်ထိုးပေးမည်ဖြစ်ကြောင်း ပြန်ကြားပါတယ်
၁။ ဦးလှတင်မှ မှားယွင်းကြောင်းနှင့်နောက်နောင် ဤသို့ မပြုလုပ်ပါရန် ခံဝန် ကို တရားရုံး၌ လက်မှတ်ရေးထိုးရန်
၂။ ယခု ကုန်ကျထားသောတရားစရိတ်များ ပြန်လည်ပေးရန်ဖြစ်ပါတယ်..သို့သော် ဦးတိုးတိုးမှ ကုန်ကျစရိတ်မပေးနိုင်ကြောင်း(စစ်လဲရှုံးရ စစ်လျော်ကြေးလဲ ပေးရ မလုပ်နိုင်ပါ ဟု ဆိုသည်)
ခံဝန်ကတိကိုလဲ ၄င်း၏ လဘက်ရည်ဆိုင် တွင်သာ ထိုးနိင်မည်ဟု ဆိုလာပါသဖြင့်..(ဦးလှတင်မှပြောဆိုခြင်းမဟုတ်..ဥိးတိုးတိုးမှ တာဝန်ခံပြောသောစကား) ညှိနိုင်းမှု မပြေလည်ပဲ ၉၆၉ အဖွဲ့နာယက

ဆရာတော်များထံ တင်ပြရာ ဥပဒေ အတိုင်းသာ ဆက်လက်ဆောင်ရွက်ပါဟု မိန့်ကြားသဖြင့် ..တရားဆက်လက်စွဲဆိုထားကြောင်း သိရပါတယ်...(ရုံးချိန်းကို ၇ ရက် ၃ လ ၂၀၁၃ သို့ ချိန်းဆိုလိုက်ကြောင်း နှင့် ဟာဂျီ လှတင်ဘက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးတိုးတိုးမှ တာဝန်ယူ လိုက်ပါ ပြောဆိုပေးနေကြောင်း နောက်ဆက်တွဲ သတင်းရရှိပါတယ်)

No comments:

Post a Comment