Phway Lone shared a photo.
ရခိုင်အမျိုးသားများသို့ နိုးဆော်ချက်ရခိုင်အမျိုးသားနိန့် သတ်မှတ်ရေးကြိုးပမ်းမှု (ယာယီ) ကော်မတီကို ဖေဖော် ၀ါရီလ ၂၈ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်အမျိုးသားများတိုးတက်ရေး ပါတီ(ဗဟိုဌါနချုပ်) တွင် ဖွဲ့စည်းခဲ့သည်။
ယင်းအခမ်းအနားကို စစ်တွေမြို့က သမိုင်းပညာရှင်များ၊ တတ်သိပညာရှင် များ၊ ဥပဒေပညာရှင်များ၊ ၀န်ကြီးများ၊ ပါတီဗဟိုကော်မတီဝင်များနှင့် စိတ်ပါ ၀င်စားသော လူပုဂ္ဂိုလ် (၅၀) ခန့် တွေ့ဆုံဆွးနွေးပြီး ရခိုင်တမျိုးသားလုံးပါ ၀င်ရွေးချယ်သော နေ့တစ်ရက်ဖြစ်မြောက်နိုင်ရန်အတွ
ရခိုင်ပြည်နယ် (၁၇)မြို့နယ်၊ ရန်ကုန်ရောက် ရခိုင်များ၊ နိုင်ငံတကာရောက် ရခိုင်များနှင့် သမိုင်းပညာရှင်များ၊ တတ်သိပညာရှင်များ၊ စာရေးဆရာများ၊ ရဟန်းသင်္ဃာတော်များနှင့် ရခိုင်တမျိုးသားလုံး၏ သဘောဆန္ဒကို တောင်းခံပြီး ရခိုင်တမျိုးသားလုံး လက်ခံနိုင်သော နိန့်တစ်ရက်ဖြစ်အောင် နိုးဆော်၍ သဘောထား တောင်းခံကာ သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
နောက် (၆) လအတွင်းတွင် ရခိုင်တမျိုးသားလုံးပါဝင်သော ရခိုင်အမျိုးသားနိန့် သတ်မှတ်ရေး ညီလာခံကြီးကို ပြုလုပ်ပြီး ရွေးချယ် သွားမည်ဟု ဆုံးဖြတ်ခဲ့သည်။
ဖြစ်မြောက်ရေးကော်မတီတွင်
၁။ ဦးအောင်လှသိန်း
၂။ ဦးအောင်ချစ်
၃။ ဦးမောင်ဗသိန်း
၎။ ဦးညိုသန့်
၅။ ဦးဖိုးကျော်သန်း
၆။ ဦးစောမောင်
၇။ ဒေါက်တာတင်အောင်
၈။ ဦးသာပွင့်
၉။ ဂေါရာမြေစောဝင်း
၁၀ ဗဂျီးကျော်
၁၁။ ဦးဝေစိန်အောင်
၁၂။ ဦးကျော်ရွှေမောင်
၁၃။ ဦးကျော်ဆန်း
၁၄။ ဒေါ်အေးနုစိန်
၁၅။ ဦးအောင်မြကျော်
ထပ်၍ ကော်မတီ အင်းအားကို စည်းရုံးဖြည့်တင်းရန် အဖွဲ့အစည်းများ
၁။ ရဟန်းသင်္ဃာများထဲမှ ၂ ဦး
၂။ ရှေ့နေများမှ ၂ ဦး
၃။ ALD ပါတီမှ ၂ ဦး
၎။ စာရေးဆရာများမှ ၂ ဦး
၅။ ရဟန်းပျိုများမှ ၂ဦး
၆။ အဖွဲ့အစည်းပေါင်းစုံမှ ၁ ဦး ကျစီ စည်းရုံးပြီး ကော်မတီအင်အားကို တိုးချဲ့ကာ ရခိုင်တမျိုးသားလုံး ပါဝင်သော ရခိုင်အမျိုးသားနိန့် တစ်ရက်ကို ရွေးချယ်နိုင်ရေးအတွက် ရွေးချယ်သတ်မှတ်ရေး ကော်မတီ(ယာယီ) ကို စတင်ဖွဲ့စည်း လိုက်သည်။
မှတ်ချက်။ ။ စိတ်ပါဝင်စားသူမည်သူမဆို မိမိသဘောကျသော နေ့ရက် တစ်ရက်ကို အကျိုးအကြောင်း ဖေါ်ပြချက်ဖြင့် rndp.sittway@gmail.com သို့ ပေးပို့ နိုင်ပါသည်။
သတင်းရင်းမြစ် ။ ။ ဦးအောင်မြကျော်(ရခိုင်ပြည်နယ် လွှတ်တော် အမတ်)
ဓါတ်ပုံ ။ ။ ဦးအောင်မြကျော်

No comments:
Post a Comment