Thursday, February 7, 2013

ဘင်္ဂလီကျူးကျော်မှု ကို တရားဥပဒေနည်းလမ်းဖြင့် စနစ်တကျတားဆီးကာကွယ်ရေး (၂)


ရခိုင်ပြည်နယ်ငြိမ်းချမ်းရေးနှင့်ရခိုင်လူမျိုးများ၏ပိုင်နက်နယ်မြေများကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက်... ၁.အာကစ္စတန် နိုင်ငံထူထောင်လိုသော ဘင်္ဂါလီကုလားနှင့်တိုင်းရင်းသားအမည်ခံပြီး ပြည်နယ်အပိုင် လိုချင်သောပြည်တွင်း၊ ပြည်ပကုလားတို့ ဦးဆောင်ကျင်းပပြုလုပ်နေသော "ရိုဟင်ဂျာရှိမရှိနှင့်၊ ရိုဟင်ဂျာတိုင်းရင်းသား ဖြစ်သည်၊မဖြစ်သည်"ဆိုတဲ့
စကားရေလုပွဲကို မြန်မာတိုင်းရင်းသားတွေဖက်ကတစ်ဖက်သပ် ရပ်ဆိုင်းရပါမယ်။ ၂. "ရိုဟင်ဂျာဆိုတာလုံးဝမရှိဘဲ ရိုဟင်ဂျာယောင်ဆောင်သော ဘင်္ဂလီများသည် နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာ အာဏာတည်တံ့မှုကို ဖျက်ဆီးမည့် ရန်သူများဖြစ်ပြီး ပြည်ပကျူးကျော်သူများ ဖြစ်သည်" ဆိုတဲ့ ခေါင်းစဉ်မျိုးပြန်တင်ပြီး စကားရေလုပွဲလုပ်ရပါမယ်။ ၃. ရွေးကောက်ပွဲမှာမဲနည်းတဲ့ လူတွေလည်းနိုင်တယ်၊လူနည်းစုကို ကိုယ်စားပြုနိုင်တယ် ဆိုတဲ့ PR စနစ်ကို လုံးဝမကျင့်သုံးသင့်ပါဘူး။ ဒီမိုကရေစီ သက်တမ်းနုနယ်သော နိုင်ငံတစ်ခုတွင် အငြင်းပွားဖွယ်ရာစနစ်တစ်ခုကို စတင်အကောင်အထည်ဖော်ခြင်းဟာ နိုင်ငံတွင်းစည်းလုံးညီညွတ်မှုကို ထိခိုက်စေမှာ အမှန်ပဲဖြစ်ပါတယ်။


                             ဗမာ့သိမိုင်းတစ်လျှောက်မှာ ဗမာဘုရင်တွေရဲ့ မင်းတိုင်ပင်ခံ ပရောဟိတ်တွေနေရာကို ယူထားကြတဲ့ ဟိန္ဒူနဲ့ပုဏ္ဏားမျိုးနွယ်စုတွေတောင် တိုင်းရင်းသားအခွင့်အရေးမတောင်းကြပါဘူး။ သူတို့အမျိုးဇာတ်ကို စောင့်ထိန်းပြီး ဂုဏ်သိက္ခာရှိစွာ နေထိုင်နေကြတာပါ။ မွတ်ဆလင်ကုလားတွေက ဘာပြုလို့ ဒီလိုအခွင့်အရေးမျိုးကို သမိုင်းလိမ်တွေဖန်တီးပြီးတောင်းဆိုနေကြတာလဲ? ဒါဟာမြန်မာနိုင်ငံရဲ့ တရားဥပဒေတွေမှာ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေအများအပြားရှိနေတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒုတိယအချက်ကတော့ အဂတိ လိုက်စားမှုကြီးမားခြင်းနဲ့ တရားဥပဒေစိုးမိုးမှုမရှိခြင်းတွေကို ညွှန်ပြနေပါတယ်။ ဒီနေရာမှာ အဓိကပြဿနာရဲ့ အချက်အခြာ ကတော့ ရခိုင်ပြည်နယ်နှင့် အမျိုးသားရေး ဂုဏ်သိက္ခာတွေပါပဲ။၈၈မျိုးဆက်က ကိုကိုကြီးပြောသွားတာ တွေက ရှင်းပါတယ်။ပြဿနာရဲ့အဓိကနေရာကိုလည်း ခြေရာခံနိုင်တယ်လို့ထင်ပါတယ်။ "အမျိုးသားရေးမရှိတော့ဘူး၊ အမျိုးသားရေးစိတ် ဓါတ်ချိုးနှိမ်ခံ နေရပြီဆိုရင်  ကျွန်တော်တို့နိုင်ငံရေးသမိုင်း၊ကျွန်တော်တို့ အမျိုးသားေးရး ဂုဏ်သိက္ခာတွေ အကြီးအကျယ် ထိခိုက် တတ်ပါတယ်။"ဒီစကားကိုလည်း လုံးဝ ထောက်ခံပါတယ်။ လူမျိုးရေး ဘာသာရေးနဲ့ပတ်သတ်ရင် မိသားစုရဲ့ ခေါင်းဆောင်တွေကရော၊ ရပ်ကွက်တွေ မြို့ရွာတွေရဲ့ ခေါင်းဆောင်တွေကရော၊ နိုင်ငံတော်ရဲ့ခေါင်းဆောင်တွေကရော မပြောချင်ပဲ၊ မပြောရဲကြပဲ ခေါင်းရှောင်နေကြတာ လွန်လွန်းနေပါပြီ။ အနာဆိုတာဖုန်သိပ်လိုက်လည်း သွေးတိတ်တာပဲ.. ဘာလို့ခွဲဟယ်စိတ်ဟယ်လုပ်ဖို့ ရောဂါရှာ၊ရမယ်ရှာနေကြတာလဲ...။ ဆိုတဲ့အပြောတွေ ရပ်သင့်ပါပြီ။ခွဲစိတ် ကုသမှုခံယူဖို့ကြောက်တယ်ဆိုတာ ပညာနည်းရာ အသိတရား ခေါင်းပါးရာ ရောက်လွန်းနေပါပြီ။ ကိုယ့်အခြေအနေက ဘယ်လိုလဲ..ဆိုတာလောက်ကိုကိုယ်တိုင်မညာတမ်း သုံးသပ် သင့်ပါပြီ။
                      ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ကမ္ဘာကြီးက နယ်နိမိတ် မရှိတော့သလိုလို၊ လူသားဝါဒတစ်ခုကိုပဲ အခြေပြုကြတော့မလိုလိုပြောဆိုတွေးခေါ် နေကြတာတွေ မြန်မာပြည်မှာ တော်တော်တွေ့ နေရပါတယ်။ ဒီသဘော တရားတွေ ဟာ ခေတ်သစ်ကိုလိုနီ ပြုမှုတွေဖြစ်ပါတယ်။ဒါကိုတကယ်ယုံတဲ့လူမျိုးတွေ၊နိုင်ငံတွေ ကျွန်ပြု ခံကြရမှာပဲလို့ သုံးသပ်မိပါတယ်။ဒီယူအဆမှား တယ်လို့ထင်မယ်ဆိုရင် ၁.အင်္ဂလန်နိုင်ငံတော်ကြီးနဲ့ ဘုရင်မကြီးတို့က အင်္ဂလန်မှာ ကြီးမားများပြားတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ လုပ်နေတဲ့ သူဌေးကြီး အယ်လ်ဖာယက်ကို ခုထိနိုင်ငံသား ခံယူခွင့် မပြုသေးတာ ဘာလိှု့လဲ...၊ ၂.အယ်လ်ဖာယက်ရဲ့အဆက် အနွယ်တွေ သားသမီးတွေကိုရော ဘာလို့ နိုင်ငံသားဖြစ်ခွင့် မပြု ရတာလဲ...။၃. ဘင်လာဒင်ရဲ့ သားတစ်ယောက်က အင်္ဂလန်သူ တစ်ယောက်ကိုလက်ထပ်ထားတာကို အင်္ဂလန် နိုင်ငံသား ခံယူခွင့် မပြုတာကရော ဘာလို့လဲ...။၎.တော်ဝင်မင်းသမီး လေဒီဒိုင်ယာနာနဲ့ အယ်လ်ဖာယက်ရဲ့ သားချစ်ကြိုက်နေစဉ်မှာ ထူးဆန်းတဲ့ ယာဉ်တိုက်မှုကြီးဖြစ်ပွားပြီး သေကုန်ကြတာကရော တိုက်ဆိုင်မှု ဟုတ်ပါ့မလား..။     ဒီမေးခွန်းတွေကို သေချာစဉ်းစားပြီးဖြေကြည့်လိုက်ပါ...ခင်ဗျားတို့သိပ်အားကိုးအထင်ကြီးနေတဲ့ နိုင်ငံကြီးတွေမှာ ခင်ဗျားတို့ထင်သလို လွတ်လပ်ခွင့်တွေ၊ တရားမျှတမှုတွေနှင့် လူမျိုးစွဲကင်းမှုတွေဟာ တကယ်ရော တည်ရှိ နေတဲ့အရာ ဟုတ်ရဲ့လားလို့သံသယဝင်စရာတွေ အများကြီးကို တွေ့လာရပါလိမ့်မယ်။
                         ခေတ်သစ် ကိုလိုနီနယ်ချဲ့မှုကို နားမလည်ပဲ သူများဂလိုဘယ်တိုင်းလိုက် ဂလို ဘယ်နေတဲ့ လူတွေက..".လူမျိုးဆိုတာက ပညတ်ချက်တစ်ခုထက်မပိုပါဘူး"လို့ပြောလေ့ရှိပါတယ်။ ဒီလူတွေကို အင်္ဂလန်၊ ဥရောပနဲ့အမေရိကန်က လူမျိုးရေးခွဲခြားတဲ့အုပ်စုတွေ လူလစ်ရင်လစ်သလို ချောင်ပိတ်ရိုက်တဲ့ နေရာမျိုး တွေကို တစ်ခါလောက်ပို့ပေး လိုက်ရင်တော့ဒီလိုပေါ့တီးပေါ့ပျက် အယူအဆတွေနှင့် အမေကျော်ပြီ်း ဒွေးတော် လွမ်းစိတ်တွေ ပျောက်ကုန် မယ်ထင်ပါတယ်။

ဝံသာနု ဖေ့ဘုတ်မှ ကူးယူဖေါ်ပြသည်။

No comments:

Post a Comment