ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ချင်းပြည်နယ် ဖလမ်းမြို့တွင် မီးလောင်
ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ချယ်ရီလမ်းပေါ်ရှိ သမ၀ါယမဆိုင်ခန်းများသည်
ဖေဖော်ဝါရီလ (၂၂) ရက်၊ မြန်မာစံတော်ချိန် နံနက် (၁) နာရီကျော်တွင်
မီးလောင်ခဲ့ကြောင်း သိရသည်။
အခန်းအားလုံးပေါင်းမှာ (၂၁)
ခန်းရှိပြီး၊ ယင်းအနက် (၄) ခန်းအား ရုံးခန်းအတွက် အသုံးပြုပြီး၊ ကျန်သည့်
(၁၇) မှာမူ ဆိုင်ခန်းများအဖြစ် အသုံးပြုလျက်ရှိခြင်းဖြစ်သည်။
လူအများအိပ်မောကျချိန် နံနက် (၁) နာရီကျော်တွင် ဖြစ်ပွားခဲ့ခြင်း၊
ထိုအဆောက်အဦးတွင် ဆိုင်ခန်း ပိုင်ရှင်များ မရှိကြပဲ မိမိသက်ဆိုင်ရာ
အိမ်များတွင်သာ ရှိနေကြခြင်းကြောင့် လူအများ သတိမပြုမိပဲ
မီးအတော်လောင်ကျွမ်းနေပြီးချိန်မှ မီးငြိမ်းသတ်ရန်အတွက် ကြိုးပမ်းကြခြင်းကြောင့် အခန်းအားလုံးမှာ မူ မီးလောင် ပြာကျခဲ့ရသည်ဟု သိရသည်။
ယခုမှာမူ မီးများအား ကောင်းစွာ ထိန်းချုပ်နိုင်ပြီ ဖြစ်သည်ဟု သိရသည်။
ဖလမ်းမြို့ သမ၀ါယမဆိုင်ခန်းများသည် Town Hall အနားတွင် ရှိပြီး၊
ဈေးသွားရာ ချယ်ရီလမ်းတွင် ရှိကာ- ယခင်ကလည်း ဤသမ၀ါယမဆိုင်ခန်းများသည်
မီးလောင်ခဲ့ဖူးကာ ၂၀၁၀ တွင် အသစ် ပြန်လည် ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
http://chinworld.info/Falam_Meikang.html
No comments:
Post a Comment