Wednesday, February 13, 2013

ကွင်တားနား နှင့် စကားပြောရန်မလို ဟု ရခိုင်ပါတီခေါင်းဆောင်က ပြော


By Yu Thandar Khin

စစ်တွေ ၊ ၁၃ ဇွန်န၀ါရီ ၂၀၁၃ ၊ Coral Arakan News ၊ [ သတင်း ]

အချုပ်အချာအာဏာအရေးကို ထိပါးပြောဆိုသည့် ကွင်တားနား အား မိမိတို့က မလိုလားသော သဘောထား ယခင်ရှိခဲ့သည့်အတိုင်း ယခုလည်း ယင်းသဘောထား အတိုင်းပင်ဖြစ်သည် ဟု ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ခေါင်းဆောင်တစ်ဦး က Coral Arakan အား ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ်အိုဟေး ကွင်တားနား (Tomas Ojea Quintana) သည် “၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကို ပြန်လည် သုံးသပ်ပေးရန်” တောင်းဆိုကာ မြန်မာနိုင်ငံ၏ ဥပဒေပြုခွင့်အာဏာကို ၀င်ရောက်စွက်ဖက်ခဲ့သဖြင့် ၄င်းအား အစားထိုးကာနောက်တစ်ဦး ခန့်အပ်ပေးပါရန် (RNDP) ပါတီက ထုတ်ပြန်ချက်ထုတ်ထားသည့်အတိုင်း ယင်းသဘောထားမှာ မပြောင်းမလဲဘဲ ယခင်အတိုင်းရှိနေသည် ဟု RNDP ၏ အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက Coral Arakan အား ပြောကြားသည်။

၂၀၁၂-ခုနှစ် သြဂုတ်လ (၁၂)ရက်နေ့ ရက်စွဲဖြင့် RNDP က ထုတ်ပြန်သော ကြေငြာချက်တွင် “ကွင်တားနားသည် ပဋိပက္ခဇစ်မြစ်ကို တစ်ဖက်သတ်အမြင်ဖြင့် တွေ့ဆုံလေ့လာပြီး ဖိအားပေးပြောဆိုမှုများရှိနေခြင်းကြောင့် ပကတိအမှန်တရား ပေါ်ထွက်နိုင်စရာ အကြောင်းမရှိသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် သမာသမတ်ကျသည့် အထူးကိုယ်စားလှယ်တစ်ဦး ပြောင်းလဲတာဝန်ပေးအပ်ပါရန် လေးလေးနက်နက် တောင်းဆိုသည်” ဟု အဆိုပါ ကြေငြာချက်တွင် ရေးသားထားသည်။

ကွင်တားနား နှင့် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Ashok Nigam တို့က ဖိတ်ကြားသော ဖေဖော်ဝါရီလ (၁၂)ရက်နေ့ စစ်တွေဟိုတယ် ဆွေးနွေးပွဲတွင် ကုလားများ နှင့် တန်းတူထိုင်ကာ ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ စစ်တွေမြို့သားများကို စစ်တွေဒေသခံများက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင်ပြောဆိုနေကြသည်။

No comments:

Post a Comment