Friday, February 15, 2013

ဘာသာရေးနှင့် ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ… (၁)

by James Mint on Friday, February 15, 2013 at 6:28pm ·
(ဥရောပ ရဲအဖွဲ့၏ ၂၀၁၂ခုနှစ် ဥရောပ ဒေသတွင်း အကြမ်းဖက်သူများ အခြေအနေ သတင်းထုတ်ပြန်ချက်မှ အခန်း ၅ အား ဘာသာပြန်ဆိုပါသည်.....)

   

အစွန်းရောက် ဂျီဟတ်အကြမ်းဖက်အုပ်စုတွေ ထောက်ပံ့မှုတွေ မြင့်တက်လာခြင်းဟာ အခြေအနေ အရပ်ရပ်ကို ရှုပ်ထွေးလာစေတာကို ပြနေပါတယ်….. ဒါပေမယ့် သူတို့ရဲ့ အရည်အချင်း ညံ့ဖျင်းမှုတွေ များပြားလာခြင်းကြောင့် ဥရောပကို ထိရောက်စွာတိုက်ခိုက်ရန် လုပ်ဆောင်လာခြင်းမှ ကာကွယ်တားဆီးနိုင်ခဲ့ပါတယ်….. ဥရောပမှာ ကြီးပြင်းလာတဲ့အုပ်စုတွေကတော့ သူတို့လူမျိုးစုတွေထဲမှာ အမျိုးတူတွေ ဖြစ်လာတာ အတော်နည်းပါတယ်….
အာရပ်နိုင်ငံတွေမှာ ၂၀၁၁ အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အယ်ကွေဒါရဲ့ အပေါင်းအပါတွေဖြစ်တဲ့ ဥရောပက အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို သိသိသာသာ ထင်သာမြင်သာအောင် တိုးတက်လာခြင်း မရှိစေခဲ့ပါ….


အိုစမာဘင်လာဒင် သေဆုံးသွားမှုဟာ အယ်ကွေဒါရဲ့ မိတ်ဖက်အဖွဲ့များ၊ စစ်သွေးကြွ အကြမ်းဖက်များရဲ့ ပျမ်းမျှလုပ်ရပ်တွေအပေါ် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိပါတယ်…. ဥရောပ အဖွဲ့ဝင် နိုင်ငံတွေမှာ ၂၀၁၁ အတွင်း အယ်ကွေဒါရဲ့ မိတ်ဖက်အဖွဲ့များ၊ စစ်သွေးကြွ အကြမ်းဖက်များရဲ့ တိုက်ခိုက်မှုတွေ မရှိခဲ့ပါဘူး…. March 2011 မှာ အမေရိကန် စစ်သားနှစ်ယောက်ဟာ ဂျာမနီမှာ ဘာသာရေး စစ်သွေးကြွတွေရဲ့ သတ်ဖြတ်မှုကို ခံလိုက်ရပါတယ်…. အစွန်းရောက် ဂျီဟတ်အကြမ်းဖက်မှုတွေနဲ့ ဆိုင်တဲ့ တစ်ဦးခြင်း အရေးယူခံရတဲ့ ပြစ်မှုတွေဟာ ၂၀၁၀ မှာ ၁၇၉ မှုအထိရှိခဲ့ပြီး ၂၀၁၁ မှာ ၁၂၂ မှုကို ကျဆင်းလာတာကို တွေ့ရပါတယ်….

ဥရောပါမှာရှိတဲ့ အယ်ကွေဒါ မိတ်ဖက်အဖွဲ့တွေ ဒါမှမဟုတ် အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ ဆက်နွယ်နေတဲ့ အခြေအနေဟာ မတူကွဲပြားစွာ ဆက်လက်တည်ရှိနေစဲပါပဲ…. အယ်ကွေဒါက တိုက်ရိုက်ညွှန်ကြားခဲ့တဲ့ အဖွဲ့တွေ၊ အယ်ကွေဒါကို အားကျပီးဖြစ်လာတဲ့ ဒေသခံ ကလပ်စည်းတွေ၊ မိမိဘာသာ အထီးကျန်စွာ အစွန်းရောက်နေသူတွေ၊ မိမိဘာသာရှေးရိုစွဲ ဆန်နေသူတွေဟာ ဘာသာရေးဆိုင်ရာ ဆက်နွယ်နေတဲ့ တိုက်ခိုက်မှု စီမံကိန်းချတာတွေဟာ ၂၀၁၁ မှာ များပြားခဲ့ပါတယ်….


၂၀၁၂ အတွင်း ဥရောပ ဒေသတွင်း အကြမ်းဖက်ရန် ကြံရွယ်မှုဖြင့် ဖမ်းဆီးရမိသူများပြပုံ

ကံကောင်းထောက်မစွာပဲ ဥရောပအဖွဲ့ဝင်နိုင်ငံများဟာ အယ်ကွေဒါမိတ်ဖက်အဖွဲ့တွေ၊ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တကယ် တိုက်ခိုက်မှုတွေကို ၂၀၁၁ အတွင်းတွေ့ကြုံရတာ မရှိသလောက်ပါပဲ…. ဂျာမန်မှာ အသတ်ခံရတဲ့ အမေရိကန်စစ်သားနှစ်ယောက်ရဲ့ ကိစ္စဟာ ဘာသာရေးအစွန်းရောက်သူတွေရဲ့ တိုက်ခိုက်မှုဖြစ်ပေမယ့် ဂျာမနီရဲ့ ဥပဒေအရ အကြမ်းဖက်မှုအဖြစ် သတ်မှတ်လို့မရခဲ့ပါဘူး…. အဲ့ဒိအဖြစ်အပျက်ဟာ လက်ရှိရှိနေတဲ့ အဖွဲ့တွေနဲ့၊ အစွန်းရောက် ဒေသခံတွေ၊ စောင့်ကြည့်ဖို့ ခက်ခဲစေတဲ့ တစ်ကိုယ်တော် အကြမ်းဖက်သမားတွေကို ဂရုတစိုက်ရှိလာစေတာပါပဲ…..

၂၀၁၁ အတောအတွင်း အယ်ကွေဒါ အပေါင်းအပါတွေနဲ့ အစွန်းရောက် အကြမ်းဖက်မှုတွေဟာ ဂျာမနီ၊ စကန်ဒီနေးဗီယားဘက်ကို ဖြည်းဖြည်းခြင်း တိုးလာခဲ့ပါတယ်…. အခြားသော အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ စပိန်နဲ့ အင်္ဂလန်တို့ဟာ ပုံသေ ပစ်မှတ်တွေနဲ့ အစွန်းရောက် လှုပ်ရှားမှုတွေအတွက် ဆက်လက်ကျန်ရှိနေဆဲ ဖြစ်ပါတယ်….. လက်ရှိ အာဖဂန်မှာ စစ်တပ်တွေထားရှိတဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပုံသဏ္ဍန်ကွဲပြားစွာနဲ့ နည်းအမျိုးမျိုးနဲ့ ဖြစ်ပေါ်လာမယ့် အကြမ်းဖက်မှုများကိုလည်းပဲ အတွေ့အကြုံရှိနေပီ ဖြစ်ပါတယ်….



၂၀၁၁ အတောအတွင်း ဥရောပအဖွဲ့ဝင် နိုင်ငံများအတွင်း ၁၂၂ ယောက် အဖမ်းခံရခြင်းဟာ အယ်ကွေဒါရဲ့ မိတ်ဖက်အဖွဲ့များ သို့မဟုတ် အစွန်းရောက် အကြမ်းဖက်သမားများနဲ့ ဆက်နွယ်နေပါတယ်… အဲ့ဒိလူတွေရဲ့ ထက်ဝက်ကျော်လောက်ဟာ အကြမ်းဖက်အဖွဲ့များ ဥပမာ AQIM Or al-Shabab အစရှိတဲ့အဖွဲ့တွေနဲ့ အဖွဲ့ဝင်ဖြစ်နေခြင်း၊ ပါတ်သက်မှုရှိနေခြင်းများအတွက် အဖမ်းခံရတာဖြစ်ပါတယ်…. အဲ့ဒိအထဲက ၁၇ ယောက်ကတော့ အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေချိန် အဖမ်းခံလိုက်ရတာဖြစ်ပြီး ၂၀၁၀ ခုနှစ်က အဖမ်းခံရသူအရည်အတွက် ၈၉ ယောက်ထက်စာရင် လျော့နည်းသွားပါတယ်…. အခြား ပြစ်မှုကျူးလွန်သူတွေဟာ ၀ါဒဖြန့်ချီမှု ၁၂ ဦး၊ လူသစ်စုဆောင်းမှု ၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များနဲ့ ဆိုင်သော ငွေရေးကြေးရေးပိုင်း ပါတ်သက်မှု ၁၃ ဦး၊ အကြမ်းဖက်သူများနဲ့ ပူးပေါင်းမှု ၁၀ ဦး၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းများ ပိုင်ဆိုင်မှု ၄ ဦးနဲ့ အဲ့ဒိကိစ္စတွေနဲ့ ဆက်စပ်တာနဲ့ အခြားပြစ်မှု ရှိသူတွေပဲ ဖြစ်ကြပါတယ်…

ကုန်လွန်ခဲ့တဲ့ ၃ နှစ်တာကာလမှာ အကြမ်းဖက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုနဲ့ဆိုင်တဲ့ ငွေကြေးခ၀ါချမှုတွေဟာ လျော့နည်းလာခဲ့ပါတယ်…. ဒါပေမယ့် အာဖဂန်၊ ပါကစ္စတန်နဲ့ ဆိုမာလီယာ နယ်စပ်ဒေသတွေလို စစ်မက်ဖြစ်ပွားနေတဲ့ နေရာကို လူသစ်စုဆောင်းပြီး အပျော်တန်းအဖွဲ့တွေကို စေလွှတ်တဲ့ပြစ်မှုနဲ့ အဖမ်းခံရသူ ရာခိုင်နှုန်းတိုးတက်လာတာကို တွေ့ရပါတယ်….. အဖမ်းခံရသူများရဲ့ ပျမ်းမျှအသက်အရွယ်တွေဟာ ၃၀ ၀န်းကျင်တွေဖြစ်ကြပါတယ်…. သို့သော်လည်းပဲ တစ်ဦးချင်းစီ အကြမ်းဖက်ရန် ပြင်ဆင်မှုနဲ့ အဖမ်းခံရတဲ့လူများ၊ အပျော်တန်းအဖြစ် သွားရောက်ရန် စေလွှတ်ခံရသူများဟာ အဓိက အကြောင်းအရင်းများဖြစ်ပြီး အသက် ၂၅ နှစ်ထက် ငယ်ရွယ်ကြတာကို တွေ့ရပါတယ်…. အယ်ကွေဒါ အပေါင်းအပါများ၊ စစ်သွေးကြွ အကြမ်းဖက်များနဲ့ ဆက်နွယ်မှုကြောင့် အဖမ်းခံရတာတွေဟာ သြစတေးလျ၊ ဘူဂေးရီးယား၊ ချက်ရီပါ့ဘလစ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ အီတလီ၊ နယ်သာလန်၊ ရိုမေးနီးယား၊ စပိန်၊ ဆွီဒင်နဲ့ အင်္ဂလန်နိုင်ငံတွေကနေ သတင်းပို့ပေးတဲ့အတွက် ဖြစ်ပါတယ်….

အဖမ်းခံရတဲ ထက်ဝက်ကျော်လောက်ဟာ ဥရောပနိုင်ငံသားများ မဟုတ်ကြပါဘူး…. ၁၄ ရာခိုင်နှုန်းဟာ မော်ရိုကန် နိုင်ငံသားများ ဖြစ်ကြပြီး ၁၂ ရာခိုင်နှုန်းဟာ ရုရှများ ဖြစ်ကြပါတယ်….. တစ်ဦးခြင်း အဖမ်းခံရတဲ့ ရုရှနိုင်ငံသားများကတော့ ၂၀၀၉ မှာ ၃ ဦးသာ ရှိခဲ့ရာမှ၊ ၂၀၁၀ မှာ ၉ ဦး၊ ၂၀၁၁ မှာ ၁၆ ဦးအထိ မြင့်တက်လာခဲ့ပါတယ်…. အခုအဖမ်းခံရတဲ့ အရည်အတွက်ဟာ ၂၀၀၉ ခုနှစ်တွေက စုံစမ်းစစ်ဆေးမှုများအရ တွေ့ရှိလာရတဲ့ အကြမ်းဖက်တိုက်ခိုက်ရန် ကြံရွယ်မှုတွေ၊ ပြင်ဆင်မှုတွေကြောင့် ဖြစ်ပါတယ်…

တစ်ဦးခြင်းစီ အကြမ်းဖက်မှုနဲ့ပုဒ်မနဲ့ အဖမ်းခံရတဲ့သူတွေဟာ လူသိများတဲ့ အကြမ်းဖက်အဖွဲ့စည်းတွေနဲ့ ဆက်နွယ်နေခြင်း မရှိပါဘူး….. ဒါဟာ တစ်ဦးခြင်းစီရဲ့ ကိုယ်ပိုင်အကြမ်းဖက် အယူအဆတွေနဲ့ တစ်ကိုယ်တော် ဂျီဟတ်အကြမ်းဖက်သမား အရည်အတွက် တိုးပွားလာနေတာကို ညွှန်းဆိုနေပါတယ်…. ဒေသခံ ဘာသာရေးအစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ကွန်ယက်ဟာ တနည်းအားဖြင့် ဥရောပပြင်ပမှာရှိတဲ့ အကြမ်းဖက် ဂျီဟတ်သင်တန်းတွေ တက်ရောက်ပီး ပြန်လည်ရောက်ရှိလာ၍ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး အဆိုပါကိစ္စဟာ အဓိက ဖြေရှင်းရမယ့် အကြောင်းအရာအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေမှာ ကျန်ရှိနေဆဲပဲ ဖြစ်ပါတယ်…



အိုစမာဘင်လာဒင် ၂၀၁၁ မှာ သေသွားခဲ့ပေမယ့်လည်း အခြား အဓိကကျတဲ့ အယ်ကွေဒါ လှုပ်ရှားမှု အားနည်းသွားသော်ငြား ဒေသခံတွေကနေ ကြီးထွားလာတဲ့ အယ်ကွေဒါကိုအားကျတဲ့ တစ်ဦးခြင်း အကြမ်းဖက်သမားတွေနဲ့ ဥရောပအခြေစိုက် အုပ်စုတွေဟာ သူတို့နေထိုင်တဲ့ နိုင်ငံကို တိုက်ရိုက် ပြန်လည်တိုက်ခိုက် ဆန့်ကျင်ဖို့ စီမံကိန်းချနေကြတုန်းပဲ ဖြစ်ပါတယ်…. ၂၀၁၁ အတွင်း ဂျာမနီနဲ့ အင်္ဂလန်အခြေစိုက် ဒေသတွင်း အကြမ်းဖက်အဖွဲ့တွေဟာ ဥရောပမှာ တိုက်ခိုက်ဖို့ ချမှတ်ခဲ့တဲ့ စီမံကိန်းတွေနဲ့ ပါတ်သက်ပြီး ဒီဇင်ဘာနဲ့ ဧပြီ ၂၀၁၁ အတွင်း ဂျာမနီမှာ အဖမ်းခံရတဲ့ ၄ ယောက်ဟာ အယ်ကွေဒါရဲ့ အဓိက ကွန်ယက်နဲ့ ဆက်သွယ်ခဲ့ပြီး အခြားသော အယ်ကွေဒါရဲ့ မိတ်ဖက်အဖဖွဲ့တွေနဲ့လည်း ချိတ်ဆက်ခဲ့ပါသေးတယ်….. အဲ့ဒိကမှတစ်ဆင့် သိရတာက သူတို့ဟာ ဂျာမနီမှာ အနည်းဆုံး အကြမ်းဖက် တိုက်ခိုက်မှု ၁ ခုလုပ်ဖို့အထိ ကြံရွယ်ခဲ့တယ် ဆိုတာပါပဲ….

အဆိုပါ ကိစ္စရပ်များတွင် အဓိက သတိပြုရမယ့်အချက်က သူတို့ဟာ ပါကစ္စတန်မှာရှိတဲ့ သင်တန်းတွေမှာ အကြမ်းဖက်မှုနဲ့ဆိုင်တာတွေ သွားရောက်သင်ကြားခဲ့တာပဲ ဖြစ်ပါတယ်…. စက်တင်ဘာနဲ့ နိုဝင်ဘာ ၂၀၁၁ အတွင် အဖမ်းခံလိုက်ရတဲ့ အင်္ဂလန် ဘာမင်ဂရမ်က ၁၂ ယောက်ဟာ အကြမ်းဖက်ရန် ကြံရွယ်ခြင်း၊ အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့ခြင်း၊ အကြမ်းဖက်ရန် ဖြစ်နိုင်ဖွယ် ပြုမူဆောင်ရွက်ခြင်းများကြောင့် ဖြစ်ပါတယ်….

ဗြိတိန်အခြေစိုက် ဒေသခံအကြမ်းဖက် သမားတွေဟာ ပါကစ္စတန်နဲ့ ခိုင်မာတဲ့အချိပ်အဆက် ရှိနေတာကို ပြဆိုနေပါတယ်…. အခြားသော ခေတ်မမှီတဲ့ ဒေသခံတွေဟာ ဥရောပကို ရိုးရှင်းတဲ့ ဂျီဟတ် တိုက်ခိုက်မှုနဲ့တောင် မပြုလုပ်နိုင်ဘူးလို့ သတ်မှတ်လို့ ရပါတယ်…

ဥရောပ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ယက်တွေဟာ ၂၀၁၁ အတွင်းမှာ ပြဆိုလာတာကတော့ မွတ်စလင် မျိုးနွယ်စု ခေါင်းစဉ်အောက်မှာ လူမျိုး တူသူတွေ နည်းပါးလာတာကို တွေ့လာရပါတယ်…. အဲ့ဒါအစား နိုင်ငံရေး ရည်မှန်းချက် တူသူတွေကနေ အုပ်စုတွေဖြစ်လာအောင် ဖွဲ့စည်းဖို့ပံ့ပိုးလာတာတွေ တွေ့ရပါတယ်… အချို့ကိစ္စတွေမှာ သီးသန့် ဒေသတွေထဲမှာကိုပဲ ပုဂ္ဂလိက ကွန်ယက်ကို အပြန်အလှန် ချိပ်ဆက် ဆက်သွယ်မှုတွေဟာ တိုးတက်သထက် တိုးတက်လာတာတွေ တွေ့လာရပါတယ်…. ဘာပဲဖြစ်ဖြစ် ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ယက်ဟာ သေးငယ်တဲ့ အရည်အတွက်မှာပဲ ရှိနေပြီး အခြား အဖွဲ့အစည်းတွေနဲ့ ဝေးကွာကာ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုမရှိ၊ ရှင်းလင်းတဲ့ ရည်မှန်းချက် ပန်းတိုင်လည်း မရှိကြပါ…. အချို့သောအဖွဲ့ဝင်တွေရဲ့ သတင်းပို့ချက်အရ ဥရောပ ဒေသခံ တစ်ဦးခြင်း အကြမ်းဖက်ဖို့ ပြင်ဆင်သူတွေဟာ အနောက်နိုင်ငံတွေမှာ တိုက်ခိုက်မယ့်အစား အကြမ်းဖက် ဂျီဟတ်ကို ဥရောပပြင်ပနိုင်ငံတွေမှာ လုပ်လိုတယ်လို့ ဆိုပါတယ်….



အချို့သော ဥရောပဒေသခံတွေရဲ့ ကွန်ယက်တွေမှာ အဖွဲ့ဝင်အဖြစ်ပါတဲ့လူတွေဟာ အကြမ်းဖက် ဂျီဟတ်သင်တန်းတွေကို တက်ရောက်ခဲ့ခြင်း မရှိပဲ ညံ့ဖြင်းတဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆက်လက် လုပ်ဆောင်နေတာ တွေ့ရပါတယ်…. သံသယရှိသူတွေဟာ အကြမ်းဖက်ရန် စီမံကိန်းများ ရေးစွဲခြင်းများ ပြုလုပ်နေသော်လည်း သူတို့ရဲ့ လူအထင်ကြီးစွာ နေထိုင်နေတဲ့ High Profile ကို မထိခိုက်စေရန် မီဒီယာဆက်သွယ်မှု နည်းလမ်းသစ်များဖြင့် ကာဗာယူလေ့ ရှိပါတယ်…. သို့သော် အစွန်းရောက်တစ်ယောက် အနေဖြင့် အသေးစား ပြစ်မှုများ ကျူးလွန်ခြင်း အစရှိတာတွေကို သူတို့ရဲ့ လျှို့ဝှက် လှုပ်ရှားမှုတွေကနေတဆင့် သိသာလာပါတယ်…. ဂျာမနီမှ တာဝန်ရှိသူများအနေနဲ့ ၂၀၀၉ ခုနှစ်အတွင်း ပါကစ္စတန်က အကြမ်းဖက် သင်တန်းတွေမှာ သွားရောက်ခဲ့တယ်လို့ သံသယနဲ့ ပါ့စပို့သိမ်းဆည်းခံထားရသူတွေဟာ ၂၀၁၁ အတွင်း ဂျာမနီအခြေစိုက် သံသယရှိတဲ့လူတွေဟာ အိမ်လုပ်၊ လက်ဖြစ် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း (HMEs) တွေပြုလုပ်ဖို့ ၀ယ်ယူစုဆောင်းခဲ့တာတွေ တွေ့လာရပါတယ်……

ဆက်ရန်

No comments:

Post a Comment