မစ္စတာကွင်တာနားအဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းတွင် အမြန်ရေယာဉ်ဖြင့် မြေပုံမြို့သို့ သွားရောက်ကာ နှစ်ဘက်ဒုက္ခသည်များနှင့်တွေ့ဆုံခဲ့သည်။
ထို့တွေ့ဆုံမှုတွင် ဒုက္ခသည်များအား ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စထက် ပဋိပက္ခဖြစ်စဉ်များ ကိုသာ ဦးစားပေး မေးမြန်းသည်ကိုတွေ့ရသည်။
ကွင်တားနားက ဒုက္ခသည်များနှင့်တွေ့ဆုံရာတွင် ခင်ဗျားတို့အရင် ဘယ်မှာနေခဲ့တယ်၊ ဘာကြောင့် မီးလောင်တာလဲ၊ ဘယ်သူလုပ်တာလို့ထင်လဲ ဘာကြောင့်ဖြစ်လာတာလို့ထင်လဲ ဟု မြေပုံမြို့ရှိ ရခိုင်ဒုက္ခသည်များအား မေးမြန်းခဲ့သည်။
သို့သော် ဘင်္ဂါလီဒုက္ခသည်များတွင် မစ္စတာကင်တားနားက မူဆလင်ဒုက္ခသည်များအား စားရေးသောက်ရေး ကိစ္စနှင့်ဘာလူမျိုးလဲ၊ ဒီမှာနေတာဘယ်လောက်ရှိပြီလဲ ၊ ပြဿနာက ဘယ်လို ဖြစ်လာသလဲ စသဖြင့် မေးမြန်းခဲ့သည်။
“မြေပုံမူဆလင်ဒုက္ခသည်စခန်းမှာ ကင်တားနားက မူဆလင်တစ်ဦးကို မေးတယ်၊ ခင်ဗျားတို့ ဘာလူမျိုးလဲလို့ သူကလည်းဖြေတယ်၊ မူဆလင် လူမျိုးအစ္စလမ် ဘာသာဝင်လို့ ဆိုတော့ ကင်တားနားက ဘာပြန်ပြောလဲဆိုတော့ မူဆလင်ဆိုတာ ဘာသာကိုပြောတာ လူမျိုး ရဲ့ အမည်က ဘာလဲ ရိုဟင်ဂျာလား လို့ ထပ်ကာ ထပ်ကာ အဲလိုပြောလိုက်တော့ မူဆလင်တွေက ယောင်လည်လည်နဲ့ ဟုတ်တယ်လို့ ဖြစ်ကုန်ကြတယ်’’ ဟု အဆိုပါ ခရီးစဉ်တွင် လိုက်ပါခဲ့သူတစ်ဦးက ပြောသည်။
ref;/ http://www.burmesewldnews.com/2013/02/blog-post_6164.html
No comments:
Post a Comment