ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်(၀င်္ကဘာကွင်း)အတွင်းရှိ(၅)ကြိမ်မြောက် ရခိုင်ရိုးရာရထားပွဲတော်ကို(၂၃.၀၂.၂၀၁၃) နေ့ မှ
(၂၅.၀၂.၂၀၁၃)နေ့ထိကို ယခင်နှစ်များကဲ့သို့စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရန်စီစဉ်ထားပြီးဖြစ်ကြောင်းရထားပွဲတော်ကျင်းပရေးကော်မတီ
ဦးမောင်ဝိုင်းကပြောဆိုခဲ့ပါသည်။
အဆိုပါရထားပွဲတော်တွင် ရခိုင်ရိုးရာဓလေ့ရိုးရားများနှင့် သံချပ်ထိုးပြိုင်ပွဲ အမျိုးသား အမျိုးသမီးများ၏ အပြိုင်အဆိုင်သံချပ်ထိုး
ပြိုင်ပွဲများနှင့် စစ်တွေမြို့ ရပ်ကွက်ပေါင်းစုံရှိ ရပ်ကွက်ကျေးရွာအသီးသီးတို့က လာရောက်အားပေးမူများ ရိုးရာအစဉ်လာမပျက်
ရခိုင်ရိုးရာရထားပွဲကြီးကိုဆင်ယင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment