
လက်ရှိ အာဇာနည်နေ့ကတော့ ဇူလိုင်လ ၁၉ ရက် ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ လုပ်ကြံ ခံရတဲ့ နေ့ပါ။ လုပ်ကြံခံရတုန်းက တော့ ဝန်ကြီး ၇ ဦး၊ ခေါင်းဆောင် ၇ ဦးလို့ မြန်မာနိုင်ငံတွင်း သာမကပဲ ကမ္ဘာ့သတင်းစာများကပါ ရေးသား ဖော်ပြခဲ့ကြပါတယ်။ နောက်ပိုင်း ဘယ်နှစ်ခုနှစ်ကြမှ ဗိုလ်ချုပ်အပါအဝင် အာဇာနည်ကြီးများ နဲ့ အတူ ကျဆုံးခဲ့တဲ့ ကိုယ်ရံတော် ကိုထွေးကို အာဇာနည်ကိုးဦး စာရင်းလုပ်ပြီး ထည့်သွင်း လိုက်လည်း မသိပါ။
ဒီမှာ ထောက်ပြလိုတဲ့ အချက်က လူတန်းစား ခွဲခြားခြင်းမျိုး မဟုတ်ပါ။ ကောင်းမယ်ထင်လို့ လုပ်ခဲ့တဲ့ အမှုတခုဟာ သမိုင်းတစ်ခုလုံး အပေါ်မှာ သက်ရောက်မှုရှိသွားတာရယ်၊ အာဇာနည်ဆိုတဲ့ ဝေါဟာရရဲ့ လေးနက်မှု နဲ့ အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ အစွမ်းသတ္တိတွေ လျှောကျသွား စေခဲ့တဲ့ အချက်ပါ။
'ကျဆုံးလေပြီး သော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြု!' ဟုဆိုရာမယ် ဒါကတော့ ဒီလိုဘဲ ကိုယ်လိုရာ ဆွဲတွေးကြဆိုတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်။
ပထမ အချက် ဖြစ်တဲ့ မင်းကြီး သတိုးမဟာ ဗန္ဓုလ အကြောင်းကို ပြန်ဆက်မယ် ဆိုရင် မင်းကြီးဟာ စိန်ပြောင်း ကျည်ဆံမှန်လို့ ကျဆုံးခဲ့တာပါ။ ဧပြီလ (၁) ရက်နေ့မှာ ဓနုဖြု သစ်လုံးခံတပ်ကို ဗြိတိသျှတပ်တွေက လက်နက်ကြီး မျိုးစုံနဲ့ တလစပ် စိစိညက်ညက် ကြေအောင် ပစ်ခတ်နေစဉ် အတွင်း ကျဆုံးခဲ့တယ်လို့ စွယ်စုံကျမ်းမှာ (အတွဲ ၈) ပါတဲ့ အတွက် ကျဆုံးတဲ့ အချိန်မှာ သူနဲ့အတူ (ထောင်ဂဏန်း မဟုတ်ရင်တောင်) စစ်သည် သူရဲကောင်း ရာကျော် ကျဆုံးခဲ့ကြမှာပါ။ သူတို့တစ်တွေလည်း သူရဲကောင်းတွေ ပါဘဲ။ ဒါပေမယ့် အာဇာနည် လို့တော့ သတ်မှတ်ခြင်း မခံရဘူးပေါ့လေ။ ဘာဖြစ်လို့ပါလည်း?
အဖြေကတော့ အစောပိုင်းက ပြောခဲ့သလို 'မတစ်ထောင် တစ်ကောင်ဖွား' မဟုတ်ကြလို့ပါဘဲ။
[အောင်ဆန်းသူရိယဘွဲ့ရ ခြောက်ဦး ထဲမှ တစ်ဦး အပါအဝင် ဖြစ်သော ဆပ်ဘဟားဒူးရွိုင်း အမှတ်တရ - ပြည်ထောင်စုနေ့ ၂၀၁၃ခု]
(Photo Source: http://www.pyustate.com/2009/
No comments:
Post a Comment