ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ချင်းမိုင်ရှိ အမေရိကန်သံရုံးအား လုံခြုံရေးတိုးမြှင့်

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့ရှိ အမေရိကန်
ကောင်စစ်ဝန်ရုံးအား အယ်လ်ကိုင်းဒါး နှင့် Salafist အကြမ်းဖက် အုပ်စုများက
ယခုလအတွင်း တိုက်ခိုက်လာနိုင်စရာ ရှိသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်
ထိုကောင်စစ်ဝန်ရုံး အနီးတဝိုက်တွင် လုံခြုံရေး အထူး တင်းကြပ်ထားကြောင်း
ထိုင်း အာဏာပိုင်များ က ပြောခဲ့သည်ဟု အေပီ သတင်းတရပ်တွင် အင်္ဂါနေ့က
ဖော်ပြခဲ့သည်။
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra က လုံခြုံရေး တပ်ဖွဲ့များအား
ထိုနေရာတွင် အင်အားတိုးမြှင့်ရန် အမိန့် ပေးထားကြောင်း အေပီ သတင်းဌာနတွင်
ဖော်ပြထားသည်။
ထိုင်းနိုင်ငံ ဒုတိယ အကြီးအကဲ Chalerm Yubumrung က
အကြမ်းဖက်ခြင်း ခံရနိုင်မှု အန္တရာယ် အကြောင်း အသေးစိတ် ပြောပြရန်
ငြင်းဆန်သွားသော်လည်း အမေရိကန် ဦးဆောင်သည့် ရွှေမြွေဟောက် နိုင်ငံတကာ
စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်အထိ လုံခြုံရေးကို ဆက်လက် တိုးမြှင့်
တင်းကြပ်ထားမည်ဟု ဆိုခဲ့သည်။
( Burmese Hearts )
No comments:
Post a Comment