၂.၂.၂၀၁၃
Hot News ဂျာနယ်တွင် ဆောင်းပါးရှင် ပစ်တိုင်းထောင်ရေးသား ထားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါးနှင့် ပတ်သတ်၍ ဓည၀တီသာသနာပြုကျောင်းတိုက်တွင် ၂.၂.၂၀၁၃ နေ့၌ သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသ ည်။
ထိုဆောင်းပါးတွင် ပါရှိသော အချို့ ဖော်ပြရေးသားချက်များသည်
ရခိုင်အမျိုးသမီးတို့၏ အမျိုးဂုဏ် ၊ သီလဂုဏ်ကို ထိပါးရာရောက်သည့်အတွက်
ရခိုင်အမျိုးသမီးများအသင်း (ရန်ကုန်)မှ ဦးဆောင်ကာ
ရခိုင်အမျိုးသမီးတစ်ရပ်လုံး ကိုယ်စား
ရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ယင်းရှင်းလင်းပွဲမှ
ရခိုင်အမျိုးသမီးတို့၏ ခံစားချက်အမှန်တရားများကို
ပြန်လည်ဖော်ပြရေးသားပေးရန် ဂျာနယ် အား တောင်းဆိုခဲ့သည်။
ယင်းရှင်းလင်းပွဲသို့ ရခိုင်တိုင်းရင်းသားဝန်ကြီး
ဦးဇော်အေးမောင်နှင့် ရခိုင်နာယက ပုဂ္ဂိုလ်ကြီးများ၊ ရခိုင်အသင်းအဖွဲ့
ကိုယ်စားပြု အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဂျာနယ်နှင့် မီဒီယာသမားများ၊
ရခိုင်အမျိုးသမီးအသင်း အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Hot News ဂျာနယ်တွင် ဆောင်းပါးရှင် ပစ်တိုင်းထောင်ရေးသား ထားသော “အမျိုးဂုဏ်ကို စောင့်ထိန်းပါ” ဆောင်းပါးနှင့် ပတ်သတ်၍ ဓည၀တီသာသနာပြုကျောင်းတိုက်တွင် ၂.၂.၂၀၁၃ နေ့၌ သတင်းစာရှင်း လင်းပွဲတစ်ရပ်ပြုလုပ်ခဲ့ပါသ
No comments:
Post a Comment