Honey Lay's photo.
•••••••••••••••••
မြစ်ကြီးလည်း မခမ်းပါစေနဲ့။
သစ်ပင်ကြီးလည်း မလဲပါစေနဲ့။
ထုံးအိုးကြီးလည်း မကွဲပါစေနဲ့။
✿ မြစ်ကြီးလည်း မခမ်းပါစေနဲ့ ဆိုတာ အေးမြတဲ့စမ်းရေလို ကြည်ကြည်လင်လင် တသွင်သွင်စီးဆင်းနေတဲ့ မေတ္တာဖြစ်ကြီးကို ဆိုလိုတာလေ။ လူလူချင်း မေတ္တာထားကြ ။ မေတ္တာတရားတွေ ပွားများကြ။ လူလူချင်း မေတ္တာတွေ မခမ်းကြစေနဲ့ဆိုတဲ့ အဓိပ္ပါယ်ပဲ။
✿ သစ်ပင်ကြီးလည်း မလဲပါစေနဲ့ တဲ့။ သစ်ပင်ကြီးဟာ အခက်အလက်အရွက်တွေ ဝေေ၀ဆာဆာနဲ့ အရိပ်အာဝါသကိုပေးတယ်။ ထို့အတူပဲ ... ဘုရား တရား သံဃာ ရတနာသုံးပါးရဲ့အရိပ် အာဝါသကောင်းကို ခိုလှုံရလို့လည်း ကြီးပွားချမ်းသာခြင်း ကိုရတယ်။ ဒီအရိပ်အာဝါသတွေကို အမိအရ ခိုလှုံဖို့ လိုသလို၊ အရိပ်အာဝါသတွေကို မဖျက်ဆီးမိဖို့ ကျေးဇူးမကန်းမိဖို့ သတိထားရလိမ့်မယ်။ သစ်ပင်ကြီးကို ခုတ်လှဲပြစ်ခြင်းဟာ အရိပ်အာဝါသကို ဖျက်ဆီးရာရောက်တာပဲ။ ဒါကြောင့် သစ်ပင်ကြီးမလဲအောင် ကြိုးစား ထိန်းသိမ်းကြပါ။
✿ ထုံးအိုးကြီး မကွဲပါစေနဲ့ ဆိုတာကတော့ ရိုးရာဓလေ့ ထုံးစံတွေကိုပြောတာပါ။ မိဘဘိုးဘွား လက်ထက်ကတည်းက လိုက်နာကျင့်သုံးလာကြတဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ ကောင်းတွေ မပျောက်ပျက် ရအောင် ထိန်းသိမ်းပြီး ဗုဒ္ဓဘာသာ ဓလေ့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နေထိုင်ကြ။
(ရွှေဥမင်ဆရာတော်)
No comments:
Post a Comment