Monday, March 4, 2013

ယူအေအီးသမ္မတ၏ ဖေါင်ဒေးရှင်းမှ ရခိုင်သို့ အစားအစာ တန်ချိန် ၂,၆၀၀ ပေးပို့ 


ဒူဘိုင်း၊ မတ် ၄။

ယူအေအီးသမ္မတ ရှိတ်ခါလီဖာ၏ ခါလီဖာ ဘင်ဇေယတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဖေါင်ဒေးရှင်းသည် မြန်မာရှိ ရခိုင်ပြည်နယ်မှ မူဆလင်များ
အတွက် အစားအစာထောက်ပံ့မှုတန်ချိန် ၂,၆၀၀ ကိုပေးပို့လိုက်ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်း အေဂျင်စီ Wam က ပြောကြားလိုက်သည်။

ယခုထောက်ပံ့ရေးပစ္စည်းများ ပေးပို့မှုမှာ ရခိုင်သို့ ဖေါင်ဒေးရှင်းမှပေးပို့ခဲ့သည့်ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းတန်ချိန် ၅,၂၀၀ မှ နောက်ဆုံးအသုတ် ပေးပို့ခြင်း ဖြစ်သည်။

ထောက်ပံ့ရေးပစ္စည်းများကြောင့် ရခိုင်ရှိ ဒုက္ခသည် ၈၅၀,၀၀၀ ခန့်ကို အစားအစာဖူလုံရေး အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်။

ခါလီဖာဖေါင်ဒေးရှင်း၏ ယခုပရောဂျတ်ကို သမ္မတ ရှိတ်ခါလီဖာ၏ မ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယူအေအီးမှ ရခိုင်ပြည်နယ်သို့ တင်ပို့ခဲ့သော ပစ္စည်းများတွင် ဒုက္ခသည် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များအတွက် အခြေခံစား သောက် ကုန်နှင့် အဝတ်အထည်များပါဝင်ကြောင်း
သိရသည်။

Ref: thenational.ae
Photo: Suu Sha

No comments:

Post a Comment