Published on February 28, 2013 by တိုင်းကျော် •
လက်ရှိကျင်းပနေဆဲ လွှတ်တော်အသီးသီးရဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး ကျင်းပနေချိန် တရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အလွန် အမျက်ဒေါသ ထွက်ခဲ့ပါတယ်။
သူရဦးရွှေမန်းတယောက် ဘယ်သူ့ကြောင့်များ ဒေါသထွက်ရသလဲ၊ ဘာအကြောင်းကြောင့်များ ဒေါသထွက်ရသလဲ။ ဒီ ပြဿနာရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေသလဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး ဒုတိယပိုင်းမှာ ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ လွှတ်တော်ကို ပုံမှန်ရောက်ရမယ့် အချိန်ထက် နောက်ကျပြီးမှ ရောက်လာပါတယ်။ ဒီအတွက် အခုလို နောက်ကျရောက်လာရတဲ့အကြောင်း ရှင်းပါတယ်။ သူက အဲဒီနေ့မှာ အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ဒီအချိန်မှာ ထင်မှတ်မထားဘဲနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က “နည်းဥပဒေ” ပြင်ဆင်မယ့် ကိစ္စ ဆွေးနွေးတာကို ရွှေ့ဆိုင်းပေးဖို့ အဆိုတင်သွင်းလိုတဲ့ အကြောင်း ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်တင်ပြတာက လွှတ်တော်က အတည်ပြုပြီးတဲ့ ဥပဒေတရပ်ရပ်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့က “နည်းဥပဒေ” ထုတ်ပြန်နိုင်ကြောင်း၊ ဒီ ထုတ်ပြန်တဲ့ နည်းဥပဒေပါ အချက်တရပ်ရပ် ဒါမှမဟုတ် အချက်တချို့ဟာ မူလဥပဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေရင် အခြခံဥပဒေ ပုဒ်မ ၁၃၇ (ခ) အရ ပယ်ဖျက်ရန်၊ ဒါမှမဟုတ် ပြင်ဆင်ရန် လွှတ်တော်က ဆုံးဖြတ်နိုင်ကြောင်း၊ ဒါပေမယ့် လက်ရှိ လွှတ်တော်ကော်မတီက ဖြန့်ဝေထားတဲ့ နည်းဥပဒေကို ပြင်ဆင်မယ့် အချက် ၆၃ ချက်ဟာ မူလဥပဒေပါ ဘယ်အချက်နဲ့ ကိုက်ညီမှုမရှိဘူး ဆိုတာ ဖော်ပြမထားကြောင်း၊ ဒါ့အပြင် အဲဒီ အချက် ၆၃ ချက်မှာ အသစ် ဖြည့်စွက်တာတွေ ပါဝင်နေပြီး ဒီလို ဖြည့်စွက်ဖို့ အခြေခံဥပဒေက ခွင့်ပြုမထားကြောင်း၊ ပြင်ဆင် ဖြည့်စွက်မှုတွေမှာလည်း မူလဥပေဒေပါ ပြဋ္ဌာန်းချက်နဲ့ ဆန့်ကျင်နေတာတွေပါကြောင်း ဥပမာတွေနဲ့တကွ တင်ပြခဲ့ပါတယ်။
ဒါတင်မက ဦးသိန်းညွန့်က စီးပွားရေးသမားတချို့ဟာ သူတို့အကျိုးစီးပွား အမြင်ကျဉ်းကျဉ်းလေးနဲ့ မူလဥပဒေကို ပြင်ဆင်ကန့်ကွက်တာတွေ လုပ်တယ်။ ဒီလိုလုပ်တာဟာ လွှတ်တော်အနေနဲ့ လုပ်ပိုင်ခွင့်ချဲ့ယူနေတာဖြစ်လိ
ဦးသိန်းညွန့် ဒီလို ပြောလိုက်တာဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းရဲ့ အရှိုက်ကို ထိုးနှက်လိုက်သလို ဖြစ်သွားပြီး အလွန်ဒေါသထွက်သွားခဲ့ပါတယ်။ ချက်ချင်းပဲ အခြေခံဥပဒေနဲ့ ကိုက်ညီတာ၊ မညီတာ သက်ဆိုင်ရာ ပညာရှင်တွေနဲ့ ဆိုင်တယ်။ သူကတော့ လက်မခံနိုင်ဘူး။ ဒီနည်းဥပဒေကိစ္စ အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ် ညှိထားလို့ အခုလို ရွှေ့ဆိုင်းဖို့ တင်ပြတာကို လက်မခံနိုင်ပါဘူး ဆိုပြီး လွှတ်တော် သဘောတောင်မယူဘဲ ယတိပြတ် ပယ်ချလိုက်ပါတယ်။ အဲဒီနောက် နည်းဥပဒေ ပြင်ဆင်တာတွေ ဆက်လုပ်ပါတယ်။
သူရဦးရွှေမန်းက ဒီလောက်နဲ့ မကျေနပ်နိုင်သေးပါဘူး။ လွှတ်တော် နားပြီး နောက်တချိန် ပြန်စတော့လည်း ဦးသိန်းညွန့်ကို ရည်ရွယ်ပြီး ဒီကိစ္စ ထပ်ပြောပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုန
တကယ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥ
Published on February 28, 2013 by တိုင်းကျော် DVB

No comments:
Post a Comment