Tuesday, March 12, 2013

မင်းပြားမြို့နယ် ဘင်္ဂလီဒုက္ခသည်များအတွက် အိမ်ဆောက်မည်

----------------------
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်အတွင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြစ်ပွါးခဲ့သော အရေးအခင်းတွင် ဘင်္ဂလီဒုက္ခသည်များအတွက် အိမ်များ ဆောက်ပေးမည်ဟု အမည်မဖော်လိုသော မင်းပြားမြို့ခံ တစ်ဦးမှ ပြောပြပါသည်။ ဘင်္ဂလီဒုက္ခသည်များကို အိမ်ဆောက်ပေးမည့် ကုမ္ပဏီမှာ အာရကန် ကုမ္ပဏီဖြစ်ပြီး ပေါက်တောမြို့နယ် ကြံခိုင်ရေးအဖွဲ့ဝင် မောင်ထွန်းမြ၊ မင်းပြားမြို့နယ် ကြံဖွတ် မောင်မောင်ထွန်း အပါအ၀င် (၄)ဦးတို့မှ တာဝန်ယူ ဆောက်လုပ်သွားမည်ဟု သိရှိရပါသည်။ ထိုဆောက်လုပ်မည်အိမ်များအတွက် လုံခြုံရေးကို မင်းပြားမြို့နယ် ရဲစခန်းအား လာတ်ငွေများ ပေးဆောင်ပြီး အကူအညီတောင်းလျှက်ရှိသည်ဟု သိရှိရပါသည်။ မင်းပြားမြို့နယ် အရေးအခင်းတွင် စမ်းဘလီကျေးရွာ၌ ရခိုင်ဒုက္ခသည်များမှာလည်း စားဝတ်နေရေး အခက်အခဲများရှိလျှက်ရှိပြီး ယခုလို ဘင်္ဂလီများအတွက်သာ အိမ်ဆောက်လုပ်ပေးမည်ကိစ္စကို ဒေသခံများမှ မကျေမနပ်ဖြစ်လျှက်ရှိကြောင်းသိရှိရပါသည်။ “၁၉၈၂ ခုနှစ် ဥပဒေကို အကောင်အထည်မဖော်ဘဲ ဒီလို သူတို့ပိုင် အိမ်ဆောက်ပေးမယ်၊ မြေပိုင်လုပ်ပေးမယ် ဆိုတာကို လုံးဝ လက်ခံနိုင်စရာမရှိဘူး၊ ဥပဒေအရ နိုင်ငံသားဖြစ်လို့ဆိုရင်တော့ တစ်မျိုးပေါ့။ အခုက သက်သက်မဲ့ ဒေသခံတွေကို စော်ကားလာသလိုပဲ”ဟု ဒေသခံ သတင်းပေးလာသူက ပြောပြပါသည်။ ဤသတင်းကို ပိုမိုတိကျအောင်အတွက် RSV မှ ဆက်လက် စုံစမ်းနေပါသည်။
ကိုးကား RSV

No comments:

Post a Comment