Tuesday, March 5, 2013

သြစတြေးလျတွင် ဘင်္ဂါလီ ပြဿနာ စာတမ်းဖတ်မည်

By Rakhine Citizen Journalists


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ ပြဿနာများ အပါအ၀င် မြန်မာအရေး ပတ်သက်၍ သြစတြေးလျ အမျိုးသား တက္ကသိုလ်တွင် မတ်လ တတိယအပတ်အတွင်း စာတမ်းဖတ်သွားမည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက The Voice Weekly ကို ပြောကြားထားသည်။

ယင်းစာတမ်းဖတ်ပွဲကို မတ်လ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်သည်။

“ဘင်္ဂါလီတွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေတာတွေလည်း တင်ပြသွား မယ်“ ဟု ဦးဦးလှစောက ဆိုသည်။

္စစာတမ်းဖတ်ပွဲတွင် ဦးဦးလှစောနှင့် အတူ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဗဟိုကော်မတီဝင် ဒေါ်သန်းသန်းနုနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ စာတမ်းဖတ်ကြမည်ဖြစ်သည်။

ကိုးကား - The Voice Weekly

No comments:

Post a Comment