ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
နယ်စပ်လုံခြုံရေး လုပ်ဆောင်မှု အရှိန်မြှင့်
မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာရံရာတွင်
ကင်းစခန်းများသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ဆက်သွယ်ရေးနှင့်
ကင်းလှည့်လမ်းများ မိုင်းပေါင်း ရာနှင့်ချီ ဖောက်လုပ်နေကြောင်း
ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြည်သူ့
လွှတ်တော်တွင် ယနေ့ ပြောသည်။
ခြံစည်းရိုးကာရံမှု ပထမ၊
ဒုတိယအဆင့်တွင် ကင်းစခန်းများသို့ ဆက်သွယ် ရန် ကျောက်ခင်းလမ်း ၁၀၃ မိုင် ၅
ဖာလုံ၊ ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ၊ စုစုပေါင်း ၁၄၂ မိုင် ၁
ဖာလုံနှင့် နယ်စပ်ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်ရန် ကျောက်ခင်းလမ်း
စုစုပေါင်း ၈၂ မိုင် ၅ ဖောက်လုပ်နေခြင်းဖြစ် သည်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော် မေးမြန်းသည့်
ရခိုင်ပြည်နယ် အနောက်ဘက် ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်လမ်းများ၊
ချဉ်းကပ်လမ်းများ ဖောက်လုပ်ပေးရန် မေးခွန်းကို ၄င်းက ယင်းသို့ ဖြေ
ကြားခြင်းဖြစ်သည်။
ပထမအဆင့်တွင် နယ်မြေ(၃၊ ၄၊ ၅၊ ၆၊ ၇)ရှိ
ကင်းစခန်းများသို့ ဆက်သွယ် ရန် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၆၀ မိုင်
၃ ဖာ လုံနှင့် ကျောက်ရောမြေလမ်း ၃၈ မိုင် ၄ ဖာလုံ စုစုပေါင်း ၉၈ မိုင် ၇
ဖာလုံ ပြီးစီးသွားပြီဖြစ်သည်။
ဒုတိယအဆင့် နယ်မြေ (၁၊ ၂၊ ၃)ရှိ
ကင်းစခန်းများသို့ ဆက်သွယ် ရန် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည် ၄၃ မိုင်
၂ ဖာလုံဖောက်လုပ်မှု ၃၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ မြေသားလမ်း ၂၈ မိုင် ၂ ဖာလုံ၊
ခြံစည်းရိုး တစ်လျှောက် ကင်းလှည့်ရန် ကျောက်ခင်းလမ်း အကျယ် ၁၂ ပေ၊ အရှည်
၄၂ မိုင် ၁ ဖာလုံဖောက်လုပ်မှု ၂၉ ဒသမ ၉၇ ရာခိုင်နှုန်း၊ မြေသား လမ်း ၂၅ မိုင်
၂ ဖာလုံအား ဖောက်လုပ်နေကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
၂၀၁၂ နှင့် ၂၀၁၃ အကူအပြောင်းကာလာတွင် ရခိုင်ပြည်နယ် အနောက် ဘက် မောင်တော
မြို့နယ်၌ လက်နက်ကိုင်တိုက်ခိုက်မှု ၃ ကြိမ်တိုင်တိုင်ဖြစ် ပွားခဲ့ပြီး
အသေအပျောက်ရှိခဲ့သည်ဟု ဦးထွန်းအောင်ကျော် ပြောသည်။
သမိုင်းကြောင်း
အမျိုးကြောင့် တစ်ဖက်နိုင်ငံက ရခိုင်ပြည်နယ်သို့ ခိုးဝင်လာ သူများ၏
လူဦးရေအခြေအနေမှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် တို့တွင်
နိုင်ငံခြားသားက တိုင်းရင်းသား လူဦးရေထက် ပိုမိုများပြားနေပြီး စစ်တွေ၊
ပေါက်တော တို့ တွင်လည်း တိုင်ရင်းသားလူဦးရေကို ကျော်
လွန်တော့မည်ဖြစ်ကြောင်း ၄င်းက လွှတ်တော်တွင် တင်ပြသည်။
ယင်းလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန၏ငွေအပ်လုပ်ငန်း (Depose Work) အဖြစ် စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ တာဝန်ယူထားသည်။
Re-Post By ACM 12-3-2013
အေးချမ်းမွန် Credit to >> Rakhine Citizen Journalists << Thank
No comments:
Post a Comment