ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Saturday, March 9, 2013
ပုသိမ်ကြီးမြို့နယ်ရှိ ရွာလေးရွာမှ လူ ၁၀၀၀ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံး
Re-Post By ACM 9-3-2013
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပုဏ္ဏားကုန်း၊ ကွေ့ကျည်ကုန်း၊ မိုင်ကုန်း၊ မြို့သာကုန်းရွာများတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းကအလှူမှကျွေးသော ထမင်း၊ဟင်းများအား စားသောက်ပြီး လူ ၁၀၀၀ ကျော်ခန့် အစာအဆိပ် သင့်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကုန်းကျေးရွာတွင် ပြုလုပ်သော အလှူတွင် ထမင်းနှင့် ပဲသုတ်၊ ငါးခြောက်၊ သရက်ချဉ်သုတ်၊ ပဲဟင်းချို၊ ငရုတ်သီးကြော် စသည်တို့ကို ကျွေးမွေးခဲ့ပြီး ယင်းရွာလေးရွာထဲတွင်
ပုဏ္ဏားကုန်းနှင့် ကွေ့ကျည်ကုန်းရွာများ၌ ရွာလုံးကျွတ်နီးပါး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုင်းကျန်းမာရေးဦးစီးဌာနမှ ပုဏ္ဏားကုန်းကျေးရွာတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ ကု သမှုများ ဆောင်ရွက်လျက်ရှိပြီး လူနာအချို့အား မန္တလေးဆေးရုံကြီးနှင့် ပုသိမ်ကြီးဆေးရုံကြီးများသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သောသူများအနက် ကျည်ကုန်းရွာမှ အမျိုးသမီးတစ်ဦးသည် ယင်းနေ့မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့ပြီး အလှူတွင် ကျွေးမွေးခဲ့သော ဟင်းများအား FDA မှ စစ်ဆေးရန်အတွက် နမူနာယူဆောင်သွားခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit to >> http://www.news-eleven.com/<< Thank
Subscribe to:
Post Comments (Atom)
No comments:
Post a Comment