ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, March 11, 2013
ချင်းမျိုးနွယ်စု မဟုတ်ဟု နာဂလူမျိုးများ တုန့်ပြန်
မြန်မာနိုင်ငံရဲ့ ချင်းမျိုးနွယ်စု (၅၃) စုမှာ နာဂမျိုးနွယ်စု မပါဝင်ကြောင်း နာဂလူမျိုးများက ဒီကနေ့ မတ်လ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်း ယုဇနဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပြောဆိုလိုက်ပါတယ်။
ရွာငံမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းရဲ့ တိုင်းရင်းသားမျိုးနွယ်စု (၁၃၅) မျိုးနဲ့ပတ်သက်ပြီး မည်သည့်အစိုးရလက်ထက်က စာရင်းပြုစုရရှိလာခဲ့သည်ကို သိရှိလိုကြောင်း မေးမြန်းချက်အပေါ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြန်လည်ဖြေကြားခဲ့တာပါ။
ပြည်ထောင်စုအဆင့် ဒုတိယ၀န်ကြီး ဦးဝင်းမြင့်ရဲ့ ပြန်လည်ဖြေကြားချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့ နာဂကျောင်းသားလူငယ်များအဖွဲ့ချုပ်(ရန်ကုန်) ဥက္ကဌ ဦးနော်အောင်ဆန်းက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
“နာဂလူမျိုးဟာ သီးခြားလူမျိုး ဖြစ်တယ်ဆိုတဲ့ဟာသိလို့ပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒမှာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုပြီးတော့ ထည့်သွင်းပေးခဲ့တာဖြစ်တယ်၊ ဒီလိုမျိုးပြောတဲ့နေရာက ကျနော်တို့ဘက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြောတာပဲဖြစ်ဖြစ် ရည်ရွယ်ချက်မရှိပဲ ပြောတာပဲဖြစ်ဖြစ် နိုင်ငံတော်အကြီးအကဲတစ်ယောက်က ဒီလိုပြောလိုက်တာဟာ ခုနကပြောတဲ့ ချင်းမျိုးနွယ်စုထဲမှာ နာဂလူမျိုးဟာ မျိုးနွယ်စုတစ်ခု အပါအဝင်ဖြစ်တဲ့အတွက်ကြောင့်မို့ ဘာဖြစ်လို့လဲဆိုတော့ နာဂလူမျိုးတွေကိုယ်တိုင် အထဲထဲမှာ စိတ်အနာတရဖြစ်စေပါတယ်”
စစ်ကိုင်းတိုင်းဒေသကြီး လေရှီး၊ လဟယ်နဲ့ နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(က)မှာ အတည်ပြုသတ်မှတ်ပေးပြီးဖြစ်တဲ့အတွက် နာဂမျိုးနွယ်စုဟာ ချင်းတိုင်းရင်းသား မျိုးနွယ်စုကြီးမှာ ပါဝင်ခြင်းမရှိကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။
http://www.rfa.org/burmese/news/naga-deny-chin-ethnic-03112013115121.html
Subscribe to:
Post Comments (Atom)

No comments:
Post a Comment