Written by အာရ်ကန်တိုင်းမ်စ်
ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်၌ မတ် (၉) ရက်က ပြုလုပ်ခဲ့သော ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်းနှင့် ရိုဟင်ဂျာဟု ဆိုသူများသည် ဘင်္ဂလီများသာလျင် ဖြစ်ကြောင်း တိကျခိုင်မာစွာ ရှင်းလင်းပြောကြားခဲ့ကြသည်။
ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ Dr.JacquesP.Leider က ရခိုင်ဘုရင့်နိုင်ငံတော်ကို
၁၇၈၅ ခုနှစ် မှ ၁၈၂၅ ခုနှစ်များအတွင်း ရခိုင်ကို မြန်မာများ သိမ်းပိုက်အုပ်ချုပ်ခဲ့စဉ်က
ထို့နောက် ပါမောက္ခ Dr. Stephan Van Galen က ၁၅ ရာစုမှ ၁၈ ရာစုအတွင်း ရခိုင်ဒေသနှင့် ဘင်္ဂလားအကြား ဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းရာတွင် ၁၆၃၅ ခုနှစ်တွင် ရခိုင်ဘုရင် နိုင်ငံ သြဇာအာဏာ ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့ကြောင်း၊ ရခိုင်ဘုရင်များ၏ သြဇာအာဏာ ကြီးထွားလာသည်နှင့်အမျှ ဘင်္ဂလားဒေသတွင် ရခိုင့်ကုန်သွယ်ရေးမှာလည်း လွန်စွာကောင်းမွန်လာခဲ့ပြီး
ထို့ပြင် သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ရခိုင်-နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှုမှသည် လူမျိုးစု အကြမ်းဖက်မှု” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာတွင် ၁၈၂၆ ခုနှစ်မှ ၁၉၇၅ ခုနှစ်အတွင်း နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နေထိုင်မှု အခြေအနေများ၊ ၁၈၇၉ ခုနှစ်မှစ၍ စစ်တကောင်းသားများ၏ ပြောင်းရွှေ့နေထိုင်မှုများ၊ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် စစ်တကောင်းသား အခြေစိုက် ၀င်လာသူများက အများစု ဖြစ်လာခြင်း၊ ၁၈၇၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်အတွင်း ဘင်္ဂါလီ အစ္စလာမ်ဘာသာဝင် ဦးရေသည် ၅၈၂၅၅ မှ ၁၇၈၆၄၇ ဦးရေအထိ တိုးပွားလာခြင်း၊ နောက်ပိုင်း ရခိုင်ရွာများကို မူဂျာဟစ် သူပုန်များက ဖျက်ဆီးကာ ဒေသခံရခိုင်တို့အား သတ်ဖြတ်ခဲ့ခြင်းနှင့်အတူ မူဂျာဟစ်ပါတီ၏ တောင်းဆိုချက်များ၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် ဘင်္ဂါလီများက ၉၄ ရာခိုင်နှုန်း၊ ၈၄ ရာခိုင်နှုန်းတို့ဖြင့် လူအများစု ဖြစ်နေခြင်းတို့ကို ခေတ်ပြိုင်သမိုင်းဖြစ်စဉ်မျ
ရိုဟင်ဂျာနှင့်ပတ်သက်၍ သမိုင်းပါမောက္ခ ဒေါက်တာအေးချမ်းက “ ကျွန်တော် အသေအချာ ပြောနိုင်တာကတော့ ယခု ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကိုယ် ဆိုနေသူတွေဟာ ဘင်္ဂါလီတွေပါပဲ။ ဒါတွေကို ကိုလိုနီခေတ် မှတ်တမ်းတွေမှာ မှတ်တမ်းတင်ထားပါတယ်။ ရိုဟင်ဂျာဆိုတာ ရခိုင်မှာ မရှိပါဘူး” ဟု အခိုင်အမာပြောဆိုခဲ့သည်။
တက်ရောက်လာကြသူများက ရခိုင်သမိုင်းနှင့် ဆက်စပ်၍ ၎င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြရာ ရိုဟင်ဂျာနာမည်ကို မည်သူက မည်သည့် အချိန်က စတင်အသုံးပြုခဲ့သလဲဆိုသည့် အမေးနှင့် ပတ်သက်၍ “ကျွန်တော် အရင်တုန်းကလည်း ပြောဖူးပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ၁၉၅၁ ခုနှစ်မှာ ဘူးသီးတောင်က Mr. Abdul Gaffa က တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အမှန်ကတော့ သူက ဒီစကားလုံးကို Roshang or Rohan က ယူတာပါ။ ဒီစကားရပ်ဟာ ဘင်္ဂါလီစကားရပ်ဖြစ်ပြီး ရခိုင်တွေကို ခေါ်တဲ့စကားရပ်ပါ” ဟု ဒေါက်တာအေးချမ်းက ဖြေကြားသည်။
ဘင်္ဂါလီအတွက် ဆောင်ရွက်ရေးသားပေးနေသူ ဦးဌေးလွင်ဦးက “ ရိုဟင်ဂျာနှင့်ဘင်္ဂလီ” ခေါ်ဝေါ်မှုနှင့် စပ်လျဉ်း၍ မေးမြန်းချက်အား ဒေါက်တာအေးချမ်းက “ဦးဌေးလွင်ဦးပြောကြားသည့်
ဆက်လက်၍ သမိုင်းပညာရှင်များက ပြန်လည်ရှင်းလင်းဖြေကြားရာတ
ပါမောက္ခ Dr. Stephan Van Galen ကလည်း “ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကတော့ မတွေ့မိပါဘူး။ ဒါပေမယ့် ၁၇ ရာစု လောက်မှာတော့ မွတ်စလင်အုပ်စု မြောက်ဦးမှာ ရှိနေပါပြီ။ အဲဒီခေတ်မှာ လူတွေက ကိုယ့်ကိုယ်ကိုယ် ရိုဟင်ဂျာလို့ မသတ်မှတ်ကြပါဘူး” ဟု ရိုဟင်ဂျာ အသုံးအနှုန်း သုံးစွဲမှု မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားခဲ့သလို၊ ရခိုင်မှာ မွတ်စလင်ဘုရင် ရှိခဲ့ပါသလားဆိုသည့် အမေးကိုလည်း ၄င်းက “၁၇ ရာစုကို လေ့လာတဲ့ ကျွန်တော်ရဲ့ စာတမ်းအရ ရခိုင်မှာ မွတ်စလင်ဘုရင် မရှိပါဘူး” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ရှင်းလင်းမေးမြန်းဖြေကြားခြ
ရှင်းလင်းပွဲသို့ တက္ကသိုလ် အသီးသီးမှ သမိုင်းပါမောက္ခများ၊ နိုင်ငံတကာ သံအရာရှိများ၊ သတင်းဌာနများနှင့် ဖိတ်ကြားထားသူများ၊ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ တက္ကသိုလ်များမှ ရခိုင်ရဟန်းသံဃာများနှင့် ကျောင်းသား/
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မဟီဒေါ တက္ကသိုလ်၌ကျင်ပသော အဆိုပါရှင်းလင်းပွဲကို မတ်လ (၉) ရက်နေ့ နေ့လည် (၁၂) နာရီမှ ညနေ (၄း၁၀) နာရီထိ အောင်မြင်စွာကျင်းပခဲ့ပြီး၊

No comments:
Post a Comment