၁၄-၃-၂ဝ၁၃ရက်နေ့ ၁၁ဝဝ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊
အမှတ်(၁)ချစ်ကြည်ရေး တံတားတာဝန်ကျ တာလေမြို့နယ်ခွဲ
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည
်သူ့အင်အား ဦးစီးမှူး ဦးခင်လေးမောင်မှ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ
်မပါရှိဘဲ
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့်
အီရန်နိုင်ငံသား Abdol Qadir Khoshravesh အား တာလေမြို့နယ်၊
တာလေနှင့်လန့်တော
င်းဘုရားသွား လမ်းဆုံ၌ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်ရဲစခန်းသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့သည်။
ဖမ်းဆီးရမိ အီရန်နိုင်ငံသားအား မတရားဝင်ရောက်သူများကာကွယ်ရေးအဖွဲ့(၈)မှ တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ ၎င်းတွင် အီရန်နိုင်ငံကူးလက်မှတ်ပျောက်ဆုံးနေကြောင်း၊ ထိုင်းနိုင်ငံမှထောက်ခံစာ(၁)ရွက် ပါရှိလာကြောင်း သိရှိရပြီး အရေးယူရန် တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။
Credit : www.myanmarpoliceforce.org
http://www.myanmarpoliceforce.org/index.php?option=com_content&view=article&id=463%3A2013-03-15-10-43-20&catid=104%3A2012-09-01-11-21-55&Itemid=764
No comments:
Post a Comment