Wednesday, March 6, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဥရောပကောင်စီဥက္ကဋ္ဌနှင့် ဥရောပပါလီမန်ဥက္ကဋ္ဌတို့ နှင့် တွေ့ဆုံဆွေးနွေး



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် မတ်(၅)ရက် ဒေသစံတော်ချိန် နံနက် (၁ဝ) နာရီ (၄၅) မိနစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကောင်စီရုံးသို့ သွားရောက်၍ ဥရောပကောင်စီ ဥက္ကဋ္ဌ Mr. Herman Van Rompuy နှင့်တွေ့ဆုံသည်။

တွေ့ဆုံရာ၌ - - မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိစ္စရပ် များ၊ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအခြေအနေ၊ - မြန်မာနိုင်ငံနှင့်  ဥရောပသမဂ္ဂတို့အကြား ပညာရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေး လုပ်ငန်းနှင့် ယဉ်ကျေးမှု ဖလှယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ - လူ့အခွင့်အရေး မြှင့်တင်ရေး၊
- ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေးတို့နှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဥရောပကောင်စီဥက္ကဋ္ဌတို့သည် သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ကျင်းပ၍ တွေ့ဆုံဆွေးနွေးခဲ့မှုကို မီဒီယာများအား ရှင်းလင်းပြောကြားကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာအကြီးအကဲ Ms. Catherine Ashton က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။

နိုင်ငံတော်သမ္မတသည် မွန်းလွဲ(၂)နာရီခွဲတွင် ဥရောပပါလီမန်သို့သွားရောက်၍ ဥရောပ ပါလီမန်ဥက္ကဋ္ဌ Mr. Martin Schulz နှင့် တွေ့ဆုံသည်။

တွေ့ဆုံရာ၌ -
- မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု ရရှိစေရန်အတွက် လုပ်ဆောင်နေမှု အခြေအနေများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အခြေအနေနှင့် - ဥရောပသမဂ္ဂ၏ ဒဏ်ခတ် ပိတ်ဆို့မှုများကို ရုပ်သိမ်းရန်လိုအပ်သည့် အခြေအနေများ၊ - မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ ဥရောပပါလီမန် အမတ်များ၏ အားပေးထောက်ခံမှုနှင့် စိုးရိမ်ပူပန်မှုများ၊ - ပြည်ထောင်စု လွှတ်တော်နှင့် ဥရောပပါလီမန်တို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ရင်းနှီးခင်မင်စွာဆွေးနွေးခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဥရောပပါလီမန်ဥက္ကဋ္ဌတို့သည် သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး တွေ့ဆုံဆွေးနွေးခဲ့မှုကို မီဒီယာများအား ရှင်းလင်းပြောကြားကြသည်။

Read More : http://m.president-office.gov.mm/zg/briefing-room/news/2013/03/06/id-2814

No comments:

Post a Comment