Monday, May 27, 2013

မြစ်ကြီးနားရောက် ကေအိုင်အိုကို ပြည်သူများ သောင်းချီကြိုဆို

နန်းမြနဒီ ၂၀၁၃ မေလ ၂၇ ရက် (တနင်္လာနေ့)

အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိလာတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)ကို ဒေသခံပြည်သူတွေ သောင်းနဲ့ချီ ကြိုဆိုခဲ့ပါတယ်။

ကေအိုင်အိုဘက်က ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂွမ်နဲ့အဖွဲ့ဟာ ဆွေးနွေးပွဲတွေ ကျင်းပမယ့် စီတာပူမနောကွင်းက မဂျွယ်ခန်းမကို ဒီနေ့ မွန်းလွဲ ၁ နာရီမှာ ရောက်ရှိလာကြပြီး ၀င်လာရာလမ်းတလျှောက် သောင်းနဲ့ ချီတဲ့ပြည်သူတွေ ခမ်းခမ်းနားနား ကြိုဆိုခဲ့တယ်လို့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရဲ့ မြို့မိမြို့ဖတဦးက ပြောပါတယ်။

ကေအိုင်အိုခေါင်းဆောင်တွေကို လာရောက်ကြိုဆိုတဲ့ ပြည်သူတွေထဲမှာ မြစ်ကြီးနားမြို့ ရပ်ကွက်ပေါင်း ၂၇ ခုက ပြည်သူတွေရော၊ ဧရာဝတီမြစ် တဘက်ကမ်း ၀ိုင်းမော်မြို့နယ်က ပြည်သူတွေ၊ အနီးအနားပတ်ဝန်းကျင် ၃ - ၄ မိုင်အကွာမှာရှိတဲ့ ကျေးရွာအုပ်စုက ပြည်သူတွေပါ လာရောက်ကြိုဆိုကြတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား ဒေသခံတွေအနေနဲ့ ကေအိုင်အိုကို အခုလိုဝမ်းပန်းတသာ လာရောက် ကြိုဆိုနေတာဟာ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်းချက်ကြောင့်မှ မဟုတ်ဘဲ ကေအိုင်အိုဟာ ကချင်ပြည်သူတွေအတွက် တကယ်လုပ်ဆောင်နေတာလို့ လက်ခံယုံကြည်တဲ့အပြင်၊
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလည်း လိုလားလို့ ကြိုဆိုရတာ ဖြစ်ကြောင်း၊ ဒါဟာ ပထမဆုံးအကြိမ် လွတ်လပ်ပွင့်လင်းစွာ ကြိုဆိုခွင့်ရတဲ့အတွက် အားလုံးလည်း ကျေနပ်ဝမ်းသာနေတယ်လို့ သူကပြောပါတယ်။

Photo: Lachid Kachin

DVB News

No comments:

Post a Comment