ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
တိုင်းရင်းသားပါတီများ စုပေါင်းပြီး ပါတီကြီးတခု ထောင်မည်
၂၀၁၅ ရွေးကောက်ပွဲကျရင် ပြည်နယ်တွေကလွဲပြီး အခြားတိုင်းဒေသ
တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် တိုင်းရင်းသားပါတီတွေစုပေါင်းပြီး ဖက်ဒရယ်ယူနီယံပါတီ (အက်ဖ်ယူပီ)လို့ ယာယီ နာမည်ပေးထားတဲ့ ပါတီကြီးတခု တည်ထောင်သွားမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်
ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ဒီဗွီဘီ ကို ပြောပါတယ်။
လက်ရှိ တိုင်းရင်းသားတွေရဲ့ ပါတီတွေကို ဖျက်သိမ်းမှာ မဟုတ်ပဲ သီးခြား
ပါတီကြီးအဖြစ် စုပေါင်းတည်ထောင်ကြမှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
ဒီကိစ္စ လာမယ့် ဇွန် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့်
တိုင်းရင်းသားပါတီများစုံညီ အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ကြ
မယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။
DVB
No comments:
Post a Comment