Friday, June 7, 2013

အမေရိကပြည်ထောင်စုရောက် ရခိုင်အင်အားစုများ၏ ရခိုင်ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် သဘောထားကြေငြာချက်



=========================================
၁။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ်တို့ သည် လမည့်-ဇွန်လ-၁၅-၂၀၁၃-ခုနှစ်တွင် ထိပ်တန်းခေါင်းဆောင်များမှပါတီပေါင်းစည်းရေးကို တွေ့ ဆုံဆွေးနွေးကြမည်ဟု ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ၏ ထုတ်ပြန်ချက်များကို
ကြားသိရပါသည်။ ထို့ ကြောင့်ရခိုင် နိုင်ငံရေးနှစ်ပါတီ၏ တွေ့ ဆုံဆွေးနွေးရေးမှသည်တစ်ပါတီဖြစ်မြောက်စေရန်အထိ ဆောင်ရွက်နိုင်ကြပါရန် အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက အထူးလိုလားကြောင်း သိစေအပ်ပါသည်။

၂။ ရခိုင်ပြည်နယ်က ရခိုင်နိုင်ငံရေးပါတီများသည် လူထုဦးဆောင် နိုင်ငံရေးပါတီအဖြစ်ရပ်တည်နေကြသည်ကို အကြွင်းမဲ့ ယုံကြည်ပါသည် ။ ရခိုင်လူမျိုးများ၏ နေ့ တဓူဝ အခြင်းအရာအဖြစ်အပျက်များကို ရင်ဆိုင်ဖြတ်သန်း ကြုံတွေ့ ကာ မားမားမတ်မတ် ရပ်တည်ဖြေရှင်းပြီး မိမိတို့ 
၏ အနာဂါတ်ရခိုင်ပြည်နယ်အရေးအတွက်ကိုလည်း စွမ်းအားရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြလိမ့်မည်ဟု အမေရိကပြည်ထောင်စုမှ ရခိုင်အင်အားစုများက ယုံကြည်ထင်မှတ်ထားကြပြီးဖြစ်ပါသည်။

၃။ ယခုမျက်မှောက်ကာလတွင် ရခိုင်လူမျိုးများအဖို့  အနာဂါတ်ရခိုင်လူမျိုး မပျောက်ပျက်ဘဲ အားသွန်ခွန်စိုက်ကြိုးပမ်းပြီး ကျားကုပ်ကျားခဲ အသက်နှင့်ရင်းကာ ဆောင်ရွက်ကာကွယ်နေကြရသည့် ကာလဖြစ်ပါသည် ။ ဤကဲ့ သို့ အချိန်ကာလမှာ တစုတစည်းဖြင့် ညီညီညွတ်ညွတ်နှင့်အမျိုးသီလ နှစ်ဋ္ဌါနကို စောင့်ရှောက်နိုင်ရန် လူထုဦးဆောင် လမ်းပြနိုင်မည့် ရခိုင်နိုင်ငံရေးပါတီများက တစိတ်တစ်ဝမ်းတည်း ရှိနေရမည့်အချိန်ဖြစ်သင့်ပါသည် ။

၎။ ရခိုင်ပြည်နယ်၏ လက်ရှိပကတိ အခြေအနေအရ မိမိတို့ အချင်းချင်း ပြိုင်ဘက်သဘွယ်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခြင်းသည် ညီညွတ်ရေးဆိုသော မဟာဗျူဟာ ဆိုသည့် နိုင်ငံရေး ပေါ်လီစီတရပ်ကို ဖျက်လိုဖျက်ဆီး ပြုမူခြင်းသာဖြစ်ပါသည် ။ နိုင်ငံရေးပါတီတခု၏ ညီညွတ်ရေး ဥပဒေသမှာ မိမိတို့ ပါတီအကျိုးထက် မိမိတို့  လူမျိုးအကျိုးကို ကြည့်ခြင်းမှသာလျှင် အမျိုးသားကိုယ်ကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လိုသည့် ဆောင်ပုဒ်ဖြစ်ပါသည်။

၅။ ယခုအချိန်၌ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ်တို့ ၏ နှစ်ဖက်ထိပ်တန်းဆောင်များက ရခိုင်ပြည်သူတရပ်လုံး၏ လိုလားတောင့်တသော တစ်ပါတီ ဖြစ်မြောက်ရေးအတွက် တွေ့ ဆုံဆွေးနွေးမည်ဆိုခြင်းမှာ လွန်စွာမင်္ဂလာရှိသော သတင်းကောင်းဖြစ်ပါသည် ။ ဤသို့  တစ်ပါတီဖြစ်မြောက်သွားပြီး မျက်မှောက်ကာလ ရခိုင်ပြည်နယ်၏ နိုင်ငံရေး ပထ၀ီစာမျက်နှာတွင် မိသားစုစိတ်ဓါတ်များဖြင့် ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဆောင်ရွက်ညှိနိုင်းကြပါရန်လည်း အမေရိကပြည်ထောင်စု ရခိုင်အင်အားစုများမှ အထူးလေးစားစွာဖြင့် မေတ္တာရပ်ခံ
ကြေညာချက်ထုတ်ပြန်လိုက်ပါသည် ။

ခိုင်အောင်ကျော် ( နယူးယောက် )
နှင့်
အမေရိကပြည်ထောင်စုရောက် ရခိုင်အင်အားစုများ

No comments:

Post a Comment