Tuesday, July 2, 2013

ARAKKHA FOUNDATION အာရက္ခဖောင်ဒေးရှင်း

ARAKKHA FOUNDATION အာရက္ခဖောင်ဒေးရှင်း

သင်တန်း ဖိတ်ကြားလွှာ

အာရက္ခဖောင်ဒေးရှင်းမှ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံတွင်း အစဉ် ထာဝရ ငြိမ်းချမ်းစွာ လက်တွဲ ရှင်သန်နေထိုင်ရေးကို ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများအကြား နိုင်ငံ ရေးအမြင်ဖွင့်သင်တန်းများကို စတင်ပို့ချပေးသွားမည်ဖြစ်ပါသည်။

ယခုတစ်ကြိမ်တွင် အာရက္ခဖောင်ဒေးရှင်း၏ တိုင်းရင်းသားလူမျိုးများပါဝင်သော ပထမဦး ဆုံးအကြိမ် “နိုင်ငံရေးအမြင်ဖွင့်အသိပညာပေးသင်တန်း” ကို အာရက္ခဖောင်ဒေးရှင်းမှ (၉. ၇. ၂၀၁၃) ရက်နေ့မှ (၁၈. ၇. ၂၀၁၃) ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

သင်တန်းတွင် အဖွဲ့တစ်ဖွဲ့စီမှ သင်တန်းသား (၂)ဦးစီ လက်ခံပေးသွားမည်ဖြစ်သည်။ သင်တန်းကိုတက်ရောက်လာသူများအတွက် ခရီးစရိတ်နှင့် စားစရိတ်များကို သင်တန်းမှ စီစဉ်ပေးပါ မည်။

သင်တန်းသားများသည်သင်တန်းသို့(၈.၇.၂၀၁၃)အရောက်လာရပါမည်။ သင်ခန်းစာများအပေါ် မှုတည်၍ သင်တန်းတက်ရောက်သူများကို အသက် ၂၀ နှင့် ၄၅နှစ် ကြား သတ်မှတ်ထားပါသည်။

တက်ရောက်လိုသူများအနေဖြင့် (၅.၇.၂၀၁၃) ရက်နေ့ကို နောက်ဆုံးထား၍ အောက်ပါပုဂ္ဂိုလ် များထံသို့ ဆက်သွယ်အကြောင်းကြား စာရင်းပေးသွင်းနိုင်ပါသည်။

တာဝန်ခံ
ဦးမျိုးကျော်
ဖုန်း - ၀၉၅၁၄၃၈၂၃
Email –pathfindermyokyaw@gmail.com

သင်တန်းစီမံခန့်ခွဲသူများ
စောစည်သူ (ဖုန်း ၀၉၄၄၈၀၂၇၇၇၆ ၊ Email – sithu89ster@gmail.com)
မစု (၀၉ ၅၀၅ ၄၂၅၀) မထုမေ (၀၉ ၄၄၈၀၁၉၉၇၁)

သင်တန်းလိပ်စာ
အမှတ် - (၆၆)၊ ပါရမီလမ်း (ကောင်းသန့်လက်ဖက်ရည်ဆိုင်ရှေ့)
၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ပါဝင်သည့်မြို့နယ်များ

ရခိုင်ပြည်နယ် - မင်းပြား၊ကျောက်တော်၊မြေပုံ၊ရသေ့တောင်၊မြောက်ဦး၊ သံတွဲ၊စစ်တွေ၊တောင်ဂုတ်၊ကျောက်ဖြူ မြို့နယ်များမှ သင်တန်းသား ၁ ဦးစီ။

ရှမ်းပြည်နယ်မှ ၄ ဦး
ကယားပြည်နယ်မှ ၂ ဦး
ချင်းပြည်နယ် မှ ၂ ဦး
ကချင်ပြည်နယ်မှ ၂ ဦး
မွန်ပြည်နယ်မှ ၂ ဦး
ကရင်ပြည်နယ်မှ ၂ ဦး စီ တိုင်းနှင့်ပြည်နယ်အသီးသီးမှ တက်ရောက်သွားကြမည်ဖြစ်ပါသည်။

No comments:

Post a Comment