ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
ပြစ်ဒဏ်ကျ ဘင်္ဂါလီများကို နေရပ်ပြန်ပို့
၂.၇.၂၀၁၃၊ အင်္ဂါနေ့
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အကျဉ်းထောင်ရှိ ပြစ်ဒဏ်ကျခံပြီး
ဘင်္ဂါလီလေးဦးကို ဇူလိုင်လ ၁ ရက်နေ့တွင် ၎င်းတို့ နေရင်းအရပ် ရခိုင်ပြည်နယ်သို့
ပြန်ပို့လိုက်ပြီ ဖြစ်ကြောင်း ကလေးမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဇော်က
ပြောကြားသည်။
“ဒီကနေ မန္တလေးကိုပို့မယ်။ မန္တလေးကတစ်ဆင့် သူတို့နေရင်းအရပ် ရခိုင်ပြည်နယ်က မြို့တွေဆီ ဆက်လက်ပို့ဆောင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ကလေးဒေသသို့ တရားမဝင်ခိုးဝင် ရောက်ရှိလာခဲ့ပြီး ပြစ်ဒဏ်ကျခံခဲ့ရသော
ဘင်္ဂါလီလူမျိုး ၁၀ ဦးခန့်ကို ယခုနှစ်အတွင်း ပြန်လည် ပို့ဆောင်ပြီး
ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
ယနေ့ပြန်ပို့လိုက်သော
လေးဦးမှာ အစ္စမိုင် (ဘ) မာမွတ်ဆော်ဒီ ပန်းတောပြင် အရှေ့ရွာ မောင်းတောမြို့၊
ခင်မောင် (ခ) ရှားလ်မန် (ဘ) မာမက်၊ ငါးရန့်ချောင်းရွာ ဘူးသီးတောင်မြို့၊
ဟူစိန်အာမက် (ဘ) စူတန်မာမွတ် ကျီးကန်းပြင်ရွာ မောင်းတောမြို့၊ ရှော်ဖီအာမက်
(ဘ) အဒူရာဇတ် မျောတောင်ရွာ မောင်းတောမြို့တို့ ဖြစ်ကြောင်း အဆိုပါရုံးထံမှ
သိရသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အိန္ဒိယနိုင်ငံသား
ခုနစ်ဦးနှင့် ဘင်္ဂါလီလူမျိုး ၁၃ ဦးတို့ကို ကူညီခေါ်ဆောင်လာသူ
မြန်မာနိုင်ငံသား ငါးဦး အပါအဝင် ၂၅ ဦး၊ ၂၀၁၂ ခုနှစ်တွင်း
အိန္ဒိယနိုင်ငံသား တစ်ဦးနှင့် ဘင်္ဂါလီလူမျိုး ၈၀ ဦးတို့ကို
ကူညီခေါ်ဆောင်လာသူ မြန်မာနိုင်ငံသား ခြောက်ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး
လ.ဝ.က အက်ဥပဒေများဖြင့် အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း ယင်းဌာနထံမှ
သိရသည်။
The Voice
No comments:
Post a Comment