Sunday, August 25, 2013

ပေါက်တောမြို့နယ်အတွင်း ရခိုင်အမျိုးသမီးတစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ

ပေါက်တော၊ သြဂုတ်-၂၅
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်အတွင်း သြဂုတ်လ ၂၄ ရခိုင်အမျိုးသမီးတစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရကြောင်းနှင့်အလောင်း အား ၂၄ ရက်နေ့က တွေ့ရှိခဲ့ရကြောင်းသတင်းရရှိသည်
အဆိုပါအမျိုးသမီးမှာ အသက် ၄၂ ၀န်းကျင်အရွယ်ဖြစ်ပြီး ဒေါ်လှသန်းစိန်(ဘ) ဦးမောင်ကျော်ဦး၊ ယောင်္ကျားဖြစ်သူ စိန်လှသန်း ဖြစ်ကာ ပေါက်တောမြို့နယ် ၊ မူညင်းကိုင်းကျေးရွာ တွင် နေထိုင်သူဖြစ်ကြောင်းလည်း သိရှိရပါသည်။
“သူ့မှာ ၁၉ နှစ်အရွယ် သားတစ်ယောက်ရှိတယ်။ မြို့တက်အလုပ်လုပ်နေတယ်။ ၁၇ ရွယ်သမီးတစ်ယောက်ရှိတယ် ၊သူ လည်း ရန်ကုန်မှာ သွားပြီးအလုပ် လုပ်နေတယ်။ အိမ်မှာတော့ သမီး၂ ယောက်ကျန်ခဲ့တယ်။ အမေပျောက်သွားလို့ ရွာပြင်ထွက်ရှာကြ တော့ လယ်နားက မြောင်းထဲမှာ သေနေတာကို နေ့ဝင်ခါနီးမှာ တွေ့ရတယ်။” ဟု ရွာသားတစ်ဦးကပြောပါသည်။
ယောက်ျားဖြစ်သူ စိန်လှသန်းမှာ ကွမ်းတိုင်ဝါး ခုတ်ရန် တောင်သို့တက်သွားခိုက်တွင် ထိုသို့ဖြစ်ရပြီး လယ်ယာလုပ်ငန်းကိုလုပ်ကိုင် ကြကြောင်းနှင့် သူမ၏လယ်အနီးတွင် ထိုသို့ သေဆုံးနေခြင်းအား တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟုလည်း သိရသည်။ ယင်းအလောင်း အား ပေါက်တောရဲစခန်းမှ စစ်ဆေးရန် ပေါက်တောဆေးရုံသို့ ယူဆောင်သွားခဲ့ကြောင်းလည်း သိရှိရပါသည်။
သူမသေဆုံးနေရာသည် ကြယ်နီပြင်ဘင်္ဂလီကျေးရွာနှင့်အနီးဆုံးနေရာတွင်ရှိပြီး တရားခံအား ဖော်ထုတ်နိုင်ရေးအတွက်သက်ဆိုင် ရာ မှ လေ့လာစုံစမ်းလျက်ရှိကြောင်း၊ လက်ရှိတွင် တရားခံကို ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်းလည်း သတင်းရရှိပါသည်။

https://www.facebook.com/pages/RSV/182972895160209

No comments:

Post a Comment