Thursday, August 29, 2013

နိုင်ငံသားမဖြစ်သေးသူများအားနိုင်ငံရေးပါတီ တည်ထောင်ခွင့်မပေးရန် ပြင်ဆင်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြမ်းကို လွှတ်တော်တွင်ဆွေးနွေးပါက ကန့်ကွက်ဆွေးနွေးမည်ဟု ဦးလှဆွေပြောကြား

ဦး ချခြွီ
နိုင်ငံသားမဖြစ်သေးသူများအားနိုင်ငံရေးပါတီ တည်ထောင်ခွင့်မပေးရန် ပြင်ဆင်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြမ်းကို လွှတ်တော်တွင်ဆွေးနွေးပါက ကန့်ကွက်ဆွေးနွေးမည်ဟုအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကသြဂုတ်၂၇ ရက်တွင် ပြောကြားသည်။

အဆိုပါ ဥပဒေကြမ်းကိုရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁)မှအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကတင်သွင်းခဲ့ခြင
်းဖြစ်ပြီး ဥပဒေကြမ်းကန့်ကွက်ရခြင်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက "ဒီအဆိုကိုဘာလို့ကန့်ကွက်လဲဆိုတော့ ဒေါက်တာအေးမောင်ကဘာလို့တင်တာလဲ။ ဘင်္ဂါလီတွေက သူ့ကိုမဲထည့်မှာ မဟုတ်ဘူး။ ဒါက သေချာတယ်။ အဲဒီတော့မဲမထည့်မယ့် ဘင်္ဂါလီတွေကို မဲထည့်ခွင့်မပေးတာ ပိုကောင်းတယ်။ အဲဒီလို ရည်ရွယ်ချက်နဲ့တင်တယ်လို့ ထင်တယ်။ ရခိုင်နဲ့ဘင်္ဂါလီကဘယ်တော့မှတည့်မှာမဟုတ်ဘူး။ တစ်သက်လုံးမတည့်ဘူး။ တစ်သက်လုံး မတည့်မယ့်သူတွေကို သူကလုံးဝ မဲမထည့်တာ ကောင်းတယ်လို့တင်ခဲ့တာ ဖြစ်တယ်လို့ ထင်မြင်ပါတယ်" ဟု ပြောကြားသည်။

အဆိုပါ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ရေးဆွဲရာတွင်န.၀.တ အစိုးရက ဂိတ်ပေါက်တစ်ခု အနေနှင့်ပေးထားခဲ့ခြင်းဖြစ်ကြောင်း၊ ချောင်ပိတ်ရိုက်ရင်ခွေးတောင်ပြန်ကိုက်လေ့ ရှိကြောင်း၊ဘင်္ဂါလီများကိုအဲဒီလိုချောင်ပိတ်လိုက် မည်ဆိုပါက ပထမဆုံးအလုပ်ရှုပ်မှာက စစ်တပ်နှင့် ရဲများဖြစ်ကြောင်း၊အဲဒီအတွက်ထွက်ပေါက်ပေးထား တာ ဖြစ်ကြောင်း၊ အမေရိကန်မှာတောင်အာဖရိကန် နီဂရိုးတစ်ယောက် သမ္မတဖြစ်နေပြီဖြစ်ကြောင်း ဦးလှဆွေကဆိုသည်။

"ဒီလို ကန့်ကွက်ခဲ့လို့ဖေ့စ်ဘွတ်တွေနဲ့ ဂျာနယ်တွေမှာ ဦးလှဆွေကိုတိုက်ခိုက်တာ တွေ့ပါတယ်။ ကိစ္စမရှိပါဘူး။ ပါတီကိုကိုယ်စားပြုပြီး ကန့်ကွက်တာ မဟုတ်ပါဘူး။ ပါတီနဲ့ မဆိုင်ဘူး။ ကြံ့ခိုင်ရေးအမတ်ဆိုပြီး မပြောပါနဲ့ ဟုတ်တော့ဟုတ်တယ်။ ကန့်ကွက်သင့်လို့ ကန့်ကွက်ရခြင်းဖြစ်ပါတယ်" ဟု ဦးလှဆွေက ပြောကြားသည်။

န.၀.တ အစိုးရ လက်ထက်တွင် အဆိုပါဥပဒေကို ရေးဆွဲခဲ့သူများသည်ငပေါ၊ငပဲများမဟုတ်ကြောင်း၊ သေသေချာချာ စဉ်းစားပြီးနောက်လာမည့်နှစ် ၅၀ လောက်ကို အမြော်အမြင်ရှိရှိနှင့်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ပဋိပက္ခများဖြစ်ပွားမှုမရှိစေရန် ဂယ်ပေါက်တစ်ခုရှိရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်း၊ လွှတ်တော်တွင် ဆွေးနွေးမည် ဆိုပါက ကန့်ကွက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးလှဆွေကပြောကြားသည်။

သြဂုတ် ၂၃ ရက်ကပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာအေးမောင်ကယင်းဥပဒေကြမ်းအား လွှတ်တော်၌ လက်ခံဆွေးနွေးရန်တင်သွင်းခဲ့ခြင်းဖြစ်ပြီးကန့်ကွက်သူရှိသည့်အတွက်မဲခွဲဆုံးဖြတ်ရာ တွင် တပ်မတော်သားများထောက်ခံခဲ့သည့်အတွက် အမျိုးသားလွှတ်တော်တွင်ဆွေးနွေးရန် သဘောတူခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment