Sunday, August 25, 2013

ရှမ်းနီပါတီ ဆိုင်းဘုတ်တင်မူ ကန့်ကွက်ခံရ


=========================

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့နယ်ခွဲအတွင်းရှိကျေးရွာများတွင် ရှမ်းနီပါတီ ဆိုင်းဘုတ်မတင်ရန် မြို့နယ်ကော်မရှင်ခွဲက တားမြစ်ထားကြောင်း ရှမ်းနီပါတီတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

`` ကျွန်တော်က သြဂုတ်လ (၁၅) ရက်နေ့ကတည်းက ဟိုပင်မြို့နယ်ခွဲအတွင်းမှာရှိတဲ့ ကျေးရွာ၁၈ ရွာကို ဆိုင်းဘုတ်တင်ဖို့ သြဂုတ်လ ၂၁ ရက်ကနေ ၃၁ ရက်နေ့အထိစာတင်ထားတာ မြို့သစ်ကလေးကျေးရွာအုပ်စုမှာရှိတဲ့ မြေနူနဲ့၊ အာလံဘို ကျေးရွာက ဆိုင်းဘုတ်တင်မယ့် အိမ်တွေကို အိမ်လည်းရွေးပြီးပြီ ဆိုင်းဘုတ်တွေလည်း ပေးထားပြီးမှ ဒီကနေ့ကျတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ မြို့နယ်ကော်မရှင်ခွဲရဲ့ ဖုန်းနဲ့အကြောင်းကြားတားမြစ်ချက်အရဆိုပြီး စာပို့လာတယ်။ ´´ ဟု ဟိုပင်မြို့နယ်ခွဲ ရှမ်းနီပါတီတာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဥပဒေပြဌာန်းချက်အရ ကျေးရွာအုပ်စုများတွင်သာ ပါတီဆိုင်းဘုတ်ကို တင်ရမည်ဟု ပြဌာန်းထားသော်လည်း အခြားပါတီကြီးများဖြစ်သော
ကြှုံခိုင်ရေးပါတီနှင့် NLD ပါတီတို့မှာလည်း ကျေးရွာများတွင် ဆိုင်းဘုတ်များတင်ထားကြကြောင်းသိရသည်။

`` သူများတင်တယ်ဆိုတော့ ကိုယ်လည်းတင်တာပေါ့ နောက်ပြီး ကျွန်တော်တို့က တရားဝင်ပါတီဆိုတော့ နိုင်ငံတော်အတွက်လည်းဘာမှမဖြစ်ဘူးလို့ယူဆပါတယ်။ ´´ ဟု၎င်းကပြောကြားသည်။

ရှမ်းနီပါတီအနေဖြင့် အခြားသောပါတီကြီးများနည်းတူ အခြားကျေးရွာများတွင် ပါတီဆိုင်းဘုတ်တင်ပြီးဖြစ်သော်လည်း အဆိုပါကျေးရွာများတွင်မှ ကန့်ကွက်ခံရခြင်းဖြစ်ကြောင်းသိရသည်။


https://www.facebook.com/photo.php?fbid=319575298186686&set=a.259215327556017.1073741826.259207354223481&type=1&theater

No comments:

Post a Comment