- ပါကစ္စတန်၊ လာဟိုး က အိမ်တစ်အိမ်မှာ မိခင်ဖြစ်သူက သမီးမိန်းကလေး မွေးပြီးပြီးခြင်းမှာ ဆူဖီမူဆလင်ဘာသာရေးဆရာက ဒီကလေးဟာ မိသားစုကို ဒုက္ခပေးမည့်သူဖြစ်လို့ သတ်ပစ်ရမယ်လို့ ညွှန်ကြားတာကြောင့် ဖခင် ဖြစ်သူနှင့် မိသားစုဝင်တွေ ဝိုင်းဝန်းသတ်ပစ်လိုက်ကြတာ မိခင်ဖြစ်သူ ပဋာမြေလူး ဖြစ်သွားပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။
အာယေရှာ လာတစ်ဖ် ဆိုတဲ့ အမျိုးသမီးဟာ ရှားဘတ် ဆိုတဲ့သူနှင့် အကြောင်းပါပြီး ကလေးနှစ်ယောက် ထွန်းကားပါတယ်။ ဒုတိယ သမီးလေး ဖာတီမာ ကို 2012 ဒီဇင်ဘာ 25 မှာ မွေးပါတယ်။ မွေးလာတဲ့ ကလေးကြောင့် မိသားစု ဒုက္ခရောက်မယ်၊ ဒါကြောင့် ကလေးကို သတ်ပစ်ရမယ်လို့ ဆူဖီမူဆလင်ဘာသာရေးဆရာက ညွှန်ကြားလာပါတယ်။ ဒါကို ယုံကြည်တဲ့ သူမယောက်ျားနှင့် မိသားစုဝင်တွေက လာတစ်ဖ်ကို ကလေးကို သတ်ပစ်ဖို့ နားချခဲ့ပေမယ့် လာတစ်ဖ်ကတော့ ဘာသာရေးဆရာက ဘာကောင်မို့လို့လဲ လို့ ပြန်ပြောပြီး လက်မခံခဲ့ပါဘူး။
ဒါပေမယ့် ဒီဇင်ဘာ 30 မှာတော့ လာတစ်ဖ်ရဲ့ ယောက္ခမ၊ ယောက်မနှင့် ယောက်ျားဖြစ်သူတို့က ကလေးကို ဝိုင်းပြီး လည်ပင်းညှစ် သတ်ပစ်လိုက်ကြပါတယ်။
လာတစ်ဖ်ရဲ့ မိသားစုက ပဋာမြေလူးဖြစ်နေတဲ့ လာတစ်ဖ်ကို အခန်းထဲ ပိတ်ထားခဲ့ပါတယ်။ ကလေးရဲ့ အသုဘကိုတောင် လိုက်ပို့ခွင့် မပေးခဲ့ပါဘူး။ ဒီအကြောင်း အပြင်ကို ပေါက်ကြားရင် သူမကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လာတစ်ဖ်ဟာ ဒီအဖြစ်အပျက်ကို မေ့ချင်ယောင်ဆောင်၊ ယောကျာ်းနှင့် ယောက္ခမ အကြိုက် ဟန်ဆောင်နေထိုင်ပြီး သူတို့ သူမကို ယုံကြည်လာတဲ့ အချိန်မှာ သားအကြီးလေးကို ခေါ်ပြီး သူမ မိဘအိမ်ကို ထွက်ပြေးခဲ့ပါတယ်။ ခုတော့ အမှုက တရားရုံးရောက်နေပါပြီ။ လာတစ်ဖ်က သူမယောကျာ်း၊ ယောက္ခမနှင့် ယောက်မကို ကလေးကို သတ်တဲ့အမှုနှင့် တရားစွဲထားပါတယ်။
6-8 2013 က သတင်းပါ။ source က
http://tribune.com.pk/story/586917/ woman-accuses-husband-of-strang ling-unlucky-baby/
ကျွန်တော့အမြင်ကတော့ ဆူဖီအစ္စလာမ်ဘာသာရေးဆရာကိုပါ တရားစွဲသင့်ပါတယ်။ ဒီလို မိစ္ဆာအယူဝါဒတွေကြောင့် ဘာမှအပြစ်မရှိတဲ့ ကလေးတစ်ဦးဟာ လူ့လောကကြီးက ထွက်ခွာသွားရပြီး မိသားစုတစ်ခုလည်း ပြိုကွဲသွားရပါပြီ။ မိစ္ဆာအယူဝါဒတွေက ဘယ်အချိန်ထိ လူ့လောကကြီးကို အဆိပ်သင့်စေဦးမည်နည်း။
ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Sunday, August 11, 2013
မူဆလင်တွေရဲ့ အယူအဆတစ်ခု
Subscribe to:
Post Comments (Atom)
No comments:
Post a Comment