==========================
(ဤ ပို့ စ်သည် မိတ်ဆွေ ကိုဝိနှင့် ဓမ္မမိတ်ဆွေ များ အတွက် မေတ္တာဖြင့် မျှဝေ ခြင်းဖြစ်ပါသည်)
ဤပိုစ်မှာ
(၁) သိပ္ပံပညာ မှ GENE, DNA, Chromosomes, Proteins, Hereditary, Traits and Cross-fertilization) တို့ ၏ အဓိပါယ် အတိုချုပ်
(၂) ဘုရားရှင်၏ တရားတော် နှင့် ယှဉ်ကြည့်ခြင်း
(၃) အမျိုးမတူသော သတ္တ၀ါများ မှ မျိုးပွားခြင်း ဖြစ်မဖြစ် သိပ္ပံပညာ ၏ ရှင်လင်းချက်။
ဘုရားရှင်၏ တရားတော် နှင့် ယှဉ်ကြည့်ခြင်း
(၄) ဘုရားရှင် ၏ အလောင်းတော် ဘ၀ဇာတ်ကြောင်း နှင့် သိရှိရမည့် ကျင့်စဉ် အနှစ်ချုပ်
ပထမဦးဆုံး- သိပ္ပံပညာ မှာ လက်ရှိ သင်ကြားနေကြရတဲ့ GENE, DNA, Chromosomes, Proteins, Hereditary, Traits and Cross-fertilization) ဆိုတာတွေ ကို အတိုချုပ် အရင်လေ့လာသိရှိစေချင်ပါတယ်။
( A) What is Gene? Gene ဆိုတာကတော့ - သတ္တ၀ါ တစ်ခုဖြစ်စ မှာဖွဲ့ စည်းထားတဲ့ မျိုးဆက်ခံ အဖွဲ့ အစု လို့ ခေါ်လို့ ရပါတယ် ။ မျိုးဆက် ခံ အဖွဲ့ အစုဆိုတာက - တနည်းအားဖြင့် - အရင်ဘ၀တစ်ခု ကချုပ် ပြီး ကျန်ခဲ့ တဲ့ စိတ်ရဲ့စွမ်းအားစု- (စိတ် အဟုန်) လို့ ပြောလို့ ရပါတယ်။
(B) What is DNA ? DNA ဆိုတာကတော့ - ထိုGene ခေါ် စိတ်အဟုန်အစု ထဲမှ အလုပ်ရုံကလာပ်စည်းများ ဖြစ်ပါတယ်။
(C) What is chromosome? Chromosome ဆိုတာကတော့ ထိုကလာပ်စည်းများ ၏ လုပ်ငန်းစဉ် ဖြစ်ပါတယ်။
(D) ကလာပ်စည်းများ ၏ လုပ်ငန်းစဉ် များ လည်ပါတ်နိုင်စေရန် (ဥပမာ - နား မှ၊ ကြားသည့်တာဝန်၊ မျက်စေ့မှ မြင်သည့်တာဝန်၊ နှလုံးမှ သွေးလှည့်ပါတ်ပေးသောတာဝန် စသည်ဖြင့်) Protein ဆိုသော အနုမြူ ကလာပ်စည်းများဖြင့် ထပ်မံ လည်ပါတ်စေပါတယ်။
(E) ဒါအပြင်- ထို ကလာပ်စည်းတို့ ၏ စုပေါင်း လည်ပါတ်မှုစွမ်းအင်ကြောင့် - စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ တူညီမှု ကိုမိဘဆီ မှ ဆက်ခံလေ့ရှိပါတယ်။ ဒါကို Hereditary လို့ ခေါ်ပါတယ်။
(F) ထို မှ တဆင့် - အထက်ပါ အချက်များ အားလုံး ကိုအခြေခံ၍ - မျိုးနွယ်စု တူညီခြင်းလက္ခဏာ ဟူသော TRAITS ဆိုတာ ပေါ်ပေါက်လာပါတယ်။ (ဥပမာ- လူ ကောင်အထည် ပုံစံ၊ တရိစ္ဆာန်အကော်ငထည် ပုံစံ စသဖြင့်)
ဒီလို ပဋိသန္ဓေကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒ ဗုဒ္ဓစာပေတွင် အာစရိယဝါဒ၊ အဋ္ဌကထာ+ဋီကာဝါဒ စသည်ဖြင့် ကွဲပြားခြားနားချက် လုံးဝမရှိပါ။ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” စသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာတော်များမှာ ခိုင်မာသော အထောက်အထားများ ဖြစ်ပါသည်။
ပဋိသန္ဓေ ပေါက်ဖွားရှင်သန် လာဖို့  -
(၁) မိဘ ဆီက အဟာရလိုပါတယ်
(၂) မျှတတဲ့ သဘာဝ အခြေနေ လိုပါတယ်၊ ဥတု (ဆဲလ်များ အချင်းချင်းဓါတ်ပြု ပေါင်းစည်းနိုင်ရန် အခြေနေ) နှင့် ထို အခြေ အနေမှ မျိုးပွားဖြစ်လာရာသော ရုပ်ကလာပ်
(၃) အကြောင်းတရားဖြစ်သည့် (Traits, hereditary and GENE) ကံ နှင့် အတူဆက်ကျန်နေသော စိတ်အဟုန် စွမ်းအား စသော အကြောင်းအချက် ၄ခု လိုပါတယ်။
ဒီတော့ - အထက်က သိပ္ပံပညာ မှ တွေ့ ရှိချက်တွေ ဟာ ဘုရားရှင်ဟောကြားခဲ့ တဲ့ အချက်တွေ ဖြစ်တဲ့-
(၁) လူဆိုတာ သေပြီးရင်ဖြစ်တယ်။ မဖြစ်ဖူး ပြတ်တယ် ဆိုတဲ့ အစွန်းနှစ်ဖက် ကို လွတ်နေတာတွေ့ ရပါတယ်။
(၂) နောက် တစ်ခုက - ကံ၊ စိတ်၊ ဥတု ၊ အဟာရ ဟာ အကြောင်း တရားဖြစ်တယ် ဆိုတာရယ်
(၃) ရုပ်ကလာပ်စည်းတွေ မှာ အနုမြူ ထက်သေးငယ်သော ကလာပ်စည်းရှိများ ရှိနေတာရယ်
(၄) မြင်နိုင်သော မမြင်နိုင်သော ရုပ်ကလာပ်စည်း တွေ စက္ကန့် အမျှသေသေကုန် ကာ အသစ်တွေ ဖြစ်ဖြစ်တာ
တို ကို တုူညီတာတွေ အဖြစ် တွေ့ ရမှာ ဖြစ်သလို -
(၅) ပဋိသန္ဓေကိစ္စနှင့် ပတ်သက်၍ ဗုဒ္ဓဝါဒ ဗုဒ္ဓစာပေတွင် အာစရိယဝါဒ၊ အဋ္ဌကထာ+ဋီကာဝါဒ စသည်ဖြင့် ကွဲပြားခြားနားချက် လုံးဝမရှိပါ။ “သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ” စသော ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ကုသလာကုသလံ ကမ္မံ ဝိပါကာနံ ခန္ဓာနံ ကဋတ္တာစ ရူပါနံ ကမ္မပစ္စယေန ပစ္စယော” စသော ပဋ္ဌာန်းဒေသနာတော်များမှာ ခိုင်မာသော အထောက်အထားများ ဖြစ်ပါသည်။
နောက် တစ်ချက် သတိပြုကြရမှာ က ပဋိသန္ဓေ ဖြစ်စေရန် အကြောင်းတရာများ နှင့်ပဋိသန္ဓေ လေးမျိုး -
ဒီနေရာမှာ ကျမ်းစာများ တွင် အဓိပါယ်ပြန်ဆို မှု အတိမ်အနက် ပေါ် မူတည်၍ ကွဲလွဲ လိုအပ်ချက် များရှိနိုင်ပါသည်ဟု မိမိ တင်မြင်မိပါသည်။
(၁) ကျမ်းစာများ ၏ အဆိုအရ- (၁) မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ်စင်ကြယ်ခြင်း၊ (၂) မိဘလောင်း ၂-ဦးတို့ ပျော်မြူးပေါင်းသင်းခြင်း၊ (၃) သန္ဓေတည်မည့်သူငယ်လောင်းက ဘ၀ဟောင်းမှ စုတေခြင်း၊ ဤအကြောင်း ၃-ပါးစုံမှ ပဋိသန္ဓေ တည်နေနိုင်သည်။ ဟု ဆိုကြပါသည်။ ပဋိသန္ဓေ လေးမျိုး ပေါ့။
၁၊ ဥပပတ် ပဋိသန္ဒေ၊
၂၊ သံသေဒဇ ပဋိသန္ဓေ၊
၃၊ အဏ္ဍဇ ပဋိသန္ဒေ၊
၎၊ ဇလာဗုဇ ပဋိသန္ဓေ၊
ဆိုပြီးလေးမျိုးရှိကြောင်းလဲ ကျမ်းစာများ တွင် ဖေါ်ပြထားပါသည်။
ဤနေရာတွင် သိပ္ပံပညာ မှ -
(၁) ပဋိသန္ဓေ ဖြစ်စေရန် အကြောင်းတရာများ တွင်-
(၁) မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ်စင်ကြယ်ခြင်း၊ ဆို သည့်နေရာတွင် - ရာသီပန်းပွင့် ပြီး ၁၄ရက်ခန့် ကြာ မျိုးဥကြွေ အပြီး ဆိုသည်က ပိုမို မှန်ကန်ခြင်း။
(၂) မိဘ နှစ်ဦးတို့  ပျော်ပါးဆက်ဆံ ခြင်း ဆိုသည့် နေရာတွင်။ ပျော်ပါးဆက် ဆံစရာ မလိုပဲလည်း - မျိုးဥများကို မိဘ ဖ တွေ ထံမှ ထုတ်ယူ ၍ - ဖန်ပေါင်းချောင် တွင် ( အဟာရနှင့် ဥတုမျှတသော အခြေနေ ဖြင့်)လည်း ပဋိသန္ဓေ ဖြစ်နိုင် ခြင်း။
(၃) Clone တူရာ မျိုးစုတို့ ကို ပုံသွင်းဖန်တီး မွေးပြခြင်း ဆိုတာကို သံသေဒဇ ပဋိသန္ဓေ၊ အနွယ်တွင် ထဲ့ ၍ ရသည်ဟု ထင်မြင်မိပါသည် ။ အဘယ်ကြောင့်ဆိုသော် မျိုးဥ (ovaries) နှင့် (sperm) စပန်းကို အပြင်တွင်း ပေါင်းစည်းပေး ဖို့ ရာ - innoculation media (အညှီ အဟောက် နေရာ တစ်ခု)လိုပါသည်။ ထို အညှီမီဒီယာ တွင် - ပေါင်း၍ ရှင် သန် ဖို့  အဟာရနှင့် မျှတသော အပူချိန် (ဥတု) ၊ pH, စတာတွေ လိုပါတယ်။
စသော အနည်းငယ် ကွဲပြားတာတွေ ကိုတွေ့ ရမှာ ဖြစ်ပါတယ်။
ဤနေရာတွင် မိမိ အမြင်အရ - အဓိပ်ါယ်ပြန်ဆိုရာ တွင် ကွာဟချက် ရှိနေသည် ဟု ထင်မြင်မိပါသည်။
ဘယ်လို ကွာခြားသည်ဆိုသော် - (ဖြေရှင်းချက်)
(၁) မိခင်လောင်း၏ ရာသီပန်း ပွင့်ပြီးခါစဖြစ်၍ သားအိမ်စင်ကြယ်ခြင်း၊ ဆိုသည်မှာ ဘာသာပြန် ကျမ်းဆရာတို့ ၏ အားနည်းချက် ဟု ထင် မြင် မိပါသည်။
(၂) ဖန်ပေါင်းချောင် ပဋိသန္ဓေ သည်- သံသေဒဇ ပဋိသန္ဓေ၊ အနွယ်တွင် ထဲ့ ၍ ရသည်ဟု ထင်မြင်မိပါသည် ။
(၃) Clone တူရာ မျိုးစုတို့ ကို ပုံသွင်းဖန်တီး မွေးပြခြင်း ဆိုတာကို သံသေဒဇ ပဋိသန္ဓေ၊ အနွယ်တွင် ထဲ့ ၍ ရသည်ဟု ထင်မြင်မိပါသည် ။
(ထို Clone တူရာ မျိုးစုတို့ ကို ပုံသွင်းဖန်တီး မွေးပြခြင်း သည် အခြားဝါဒ များ ဘယ်လိုမှ ရှင်းပြ၍ မရနိုင် သလို - ဖန်ဆင်းရှင် ၀ါဒ ၏ ကျဆုံးခန်း အစဖြစ်ပါသည်) ။
မိမိတို့ က ဒါကို သိ၍ ငါတော့ အပိုင်တစ်ကွက် ရပြီ ဆိုကာ သူများ ကို လိုက်နှိမ့် ချမနေသင့်ပါ- ကိုယ် ကို်ယ် ကို ပြန်မေးကြည့် ပါ- ငါ ဘုရားရှင် ပြသခဲ့တဲ့ ကျင့်စဉ် ဘယ် အထိ၊ ဘယ်လောက် ကျင့်ပြီး ပြီးလဲ၊ သိပြီးပြီလဲ က အရေးကြီးပါသည်။
ငါတို့  ဟာ အကောင်းဆုံး လိုေ ပြာ နေ၍ မရ ပါ ထို အကောင်းဆုံး ကို ခံစားဖူးပြီ လား ဆိုတာက အဓိကကျပါသည်။
(၄) နာက် တစ်ချက်က- သံသေဒဇ ပဋိသန္ဓေ ဆိုရာဝယ် - ပိုမို အသေးစိတ်ချဲ့ ပါက- Mononuclear cell reproduction and fertilization ဆဲလ် တစ်ခု တည်းရှိသတ္တ၀ါ တို့  မျိုးပွား ခြင်းများ စသည့် ပကတိမျကိစေ့ ဖြင့် မမြင်နိုင်သော အရာများ ကို ပါ ထဲ့ သွင်း လို့ ရပါသည် ဟု ထင်မြင် မိပါသည်။
(((((ကောင်းပါပြီ) ))) အခု မျိုးနွယ်စု (Species and Traits) မတူတဲ့ သတ္တ၀ါတွေ မျိုးစပ်လို့ ရပါသလား Cross-fertilization ဆိုတဲ့ - ဇာတ်တော် လာ အကြောင်း အရာ ကို ဘုရားဟော နှင့် သိပ္ဗံပညာ တို့ ဖြင့် လက်လှမ်းမီသမျှ ရှင်း ကြည့် ကြပါစို့ ။
--------------------------
သိပ္ဗံပညာ မှာ - မျိုးနွယ်စု (Species and Traits) မတူတဲ့ သတ္တ၀ါတွေ ကို မျိုးစပ်လို့  ပဋိသန္ဓေ ဖြစ်လို့ မရပါ။ Cross-fertilization is omly true for same species & Traits.
ဘာကြောင့်လဲ - သိပ္ပံပညာ အရ-
မျိုးနွယ်စု မတုတဲ့ သတ္တ၀ါတွေ ကို မျိုးစပ် ပဋိသန္ဓေ ဖြစ်လို့ မရရခြင်း ကတော့
(၁) မတူတဲ့ စိတ်စွမ်းအားအစု GENE, မတူတဲ့ DNA စိတ်စွမ်းအား- မျိုးဆက်ခံကလာပ်စည်း, မတူတဲ့ Chromosomes ကလာပ်သည်းတို့ ရဲံ့ လုပ်ငန်းစဉ်, Proteins အနုမြု ကလာပ်စည်းတို့ ရဲ့ ဆိုင်ရာဆိုင်ရာစွမ်းအင်, မတူတဲ့ Hereditary မိဘဆီမှ တူညီသော ဆက်ခံမှု, မတူတဲံ Traits မျိုးနွယ်စု လက္ခ္စဏာ အမှတ်အသား။ တို့ ကြောင့် Cross-fertilization ဆိုသော မျိုးပွားမှု မဖြစ်နိုင်ပါ။ (there is no chance of cross -fertilization among different gene, different genetic sequences, different protein anddifferent cell wall , different receptor etc.........) Even if occurred if is genetic hybrid breakdown ) တကယ် လို့ ဖြစ်ခဲ့ ရင်တာင်မှ အသက်မရှင်နိုင် တဲံ့ အကောင် အထည်မပြနိုင်တဲံ့ ၊ ကိုယ်အင်္ဂါချို့ တဲ့ ယိုယွင်းနေသော အမှိုက် အစု သာ ဖြစ်ချေရှိသည်ဟု ဆိုပါတယ်။
(၂) ထိုသို့ မတူညီသော ကံ၊ စိတ်၊ အဟာရ အခြေနေမျိုးတွင် - မျိုးပွားစေရန် လုံလောက်သော ဥတု မျှတမှု အခြေအနေလဲ ဖြစ် နိုင်စရာ မရှိပါ။
ထို့ အပြင် - ဘုရားရှင် ကလည်း အပါယ်ပဋိသန္ဓေ၊ ကာမသုဂတိပဋိသန္ဓေ၊ ရူပါဝစရပဋိသန္ဓေ၊ အရူပါဝစရပဋိသန္ဓေ ဟူ၍ လေးမျိုး ရှိ၏။
မတူညီကြတဲ့ ပဋိသန္ဓေစိတ် ၁၉-ခု နှင့် မတူညီကြတဲ့အကြောင်း နှင့် အကျိုးရှိကြောင်းကို ပညာရှင် တို့ သိရှိပြီးဖြစ်ပါတယ်။
ထို့ အပြင် -
နိယာမ ၅ ပါး အဓိပ္ပါယ် ကို ဟောကြားခဲ့တာရှိပါတယ်။
နိယာမ ဆိုတဲ့ ပုဒ်က မြဲတယ် ဆိုတဲ့ အဓိပ္ပါယ်ကို ဟောပါတယ်၊
၁၊ ဗီဇ နိယာမ = မျိုးစေ့ မြဲတယ် လို့ ဆိုလိုပါတယ်။ ဆီးစေ့က ဆီးပင်ပေါက်တယ်၊ သရက်စေ့ က သရက်ပင် ပေါက်တယ် ဆိုတာမျိုးပါ။
၂ ၊ဥတု နိယာမ = ဥတု မြဲတယ် လို့ ဆိုလိုပါတယ်၊ ဆောင်းရာသီ နှင်းကျတယ်၊ မိုးရာသီ မိုးရွာတယ်၊ နွေရာသီ နေပူတယ် ပေါ့၊
၃၊ ကမ္မ နိယာမ = ကုသိုလ်ကံ အကုသိုလ်ကံအဖြစ် မြဲတယ် ပေါ့။ ကုသိုလ်ကံက ကောင်းကျိုးကို ပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးကို ပေးတယ်လို့ ယုံကြည်တာမျိုးပါ။ ဒါကိုပဲ ကံ ကံ၏ အကျိုးကို ယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိ - လို့လဲ ခေါ်ပါတယ်၊
၎၊ ဓမ္မ နိယာမ = သဘော အားဖြင့် မြဲတယ် ပေါ့၊ ဘုရားအလောင်း ပဋိသန္ဓေယူတဲ့ အခါ၊ ဘုရားဖြစ်တဲ့ အခါ၊ ဓမ္မစကြာတရားဟောတဲ့အခါ၊ အာယုသင်္ခါရ လွှတ်တဲ့အခါ၊ ခန္ဓာ ပရိနိဗ္ဗာန် စံတော်မူတဲ့ အခါတွေမှာ လောကဓာတ် တသောင်း တပြိုင်နက် တုန်လှုပ်ခြင်း မျိုးကို ဆိုလိုပါတယ်၊
၅၊ စိတ္တ နိယာမ = စိတ်ဖြစ်ပုံ မြဲတယ် တဲ့၊ စိတ် ဟာ အာရုံ တမျိုးနဲ့ ကြုံတွေ့ခဲ့ရင် အတီတ ဘ၀င်၊ ဘ၀င်္ဂစလန၊ ဘ၀ဂုင်္ပစ္ဆေဒ၊ ပဉ္စဒွါရာ ၀ဇ္ဖန်း၊ စက္ခု ၀ိဥာဏ်၊ သမ္ပဋိစ္ဆိုင်း ၊ သန္တီရဏ ၊ ၀ုဋ္ဌော၊ စတဲ့ဖြစ်စဉ် ဟာ မပြောင်းလဲဘူး၊ ပုံမှန် ဖြစ်နေကျ စိတ်အစဉ် လို့ ဆိုလိုတာပါ၊
အထက်က တင်ပြခဲ့သော အကြောင်း အထောက် အထား တို့ကြောင့်-
လူ နှင့် တရိစ္တာန် မှ ပဋိသန္ဓေ ရ၍ မွေးလာသည်၊ သုတ်ပါသော ရေ ကိုသောက် ၍ ပဋိသန္ဓေ ရ၍ မွေးသည်၊ ဗိုက် ကို လက်နှင့်ပွတ်၍ ပဋိသန္ဓေ ရ၍မွေးသည်-
အစရှိသော အဆို အဟောများကို ယုံသင့်မယုံသင့် မိမိဥာဏ်ဖြင့် ဆင်ချင်ကြပါကုန်။
ထို့အပြင် ထို အချက်များ ကို ယုံသည်ဆိုပါက - ပုံပြင် မို့ ယုံချင် ဟု ဆိုပါက ပြဿနာ မဟုတ်ပါသော် လည်း- မိမိက ဘုရားရှင် ၏၀ါ ဒ သည် ဤ အတိုင်းပါ ဟု ဖြန့် မည် ဆိုပါက- ဘာဖြစ်သွားမည် နည်း စဉ်းစားကြစေချင်ပါသည်။
တန်ဖိုးရှိသော လူ့ ဘ၀ နှင့် သဘာဝ အမှန်တရား ဓမ္မကို - တရိစ္ဆာ န်အဖြစ်တော့ မသွတ်သွင်းကြပါနှင့်။
နောက် ဆုံး မမျှဝေဆွေး နွေး လိုသည်က တော့-
ယနေ့ ခေတ် လူကြိုက်များ၊ လူပြောများနေသော အလောင်းတော် ၊ (ဘုရား အလောင်း) နှင့် ဇာတ်တော် များ-
မိမိ ထောက်ပြလို သည်က -
(၁) အလောင်းတော်၊ ( ဘုရား အလောင်း ) ဟု ဆိုလိုက်ပါက၄င်း
(၂) ဘ၀ ဇတ်ကြောင်း ကို ပြောလိုက်ပါက ၄င်း
ဇာတ်တော် များ ထဲ မှ ကျင့်စဉ် မပါသည့် ၊ အနှစ် မရှိ သည့် အချက် အလက် များ ကို ငြင်းခုန်နေမည့် အစား
အောက်ပါ အချက်များကို ပထမဆုံး ပြေး၍ မြင်လိုက်ကြစေချင်ပါသည်။
(၁) အလောင်းတော် ၏ မြင့်မြတ်သော သတ္တ၀ါတွေ အပေါ် အညီအမျှထားနိုင် သော အနှိုင်းမဲ့ မေတ္တာ ကျင့်စဉ်
(၂) အလောင်းတော် ၏ လာက၌ ကိုယ်တွင်းမှ ဖြစ်သော ဒုက္ခဓမ္မမှု၊ ကိုယ်ပမှ ဖြစ်သော ဒုက္ခဓမ္မမှု တို့ကို တွေ့ကြုံငြားသောလည်း
စိတ်၏- ညစ်ညူးခြင်း မရှိ၊ ညည်းညူးခြင်း မရှိ နှလုံး မသာခြင်းမရှိသော ခန္တီ တရား ကျင့်စဉ်
(၃) အလောင်းတော် ၏ အလောဘ - အာရုံတွင် ကပ်ညှိခြင်း မရှိ လွတ်မြောက်စေ သော နေက္ခမ္မ ကျင့်စဉ်
(၄) လိုချင်စွဲလန်းမှုကင်းသော စွန့် လွှတ်ခြင်း ဒါန အကျင့်
(၅) ကိုယ်နှုတ် နှလုံး သုံးပါး စောင့်ထိန်ေး သောသီလ ကျင့်စဉ်
(၆) မိမိပြုကျင့်ရမည့် ကိစ္စတစ်ခုကို ပြောသလိုလုပ်ခြင်း၊ အမှန်တရားကိုရှေ့ ရှု၍ မှန်ကန်ကြောင်း တိုင်တည်ပြောဆို ကျင့်ကြံသည့်အဓိဋ္ဌာန် ကျင့်စဉ်။
(၇) ဝီရိယဟူသည် ရဲရင့်ခြင်း၊ အတားအဆီးများကို တွန်းလှန်ရန်၊ အစွဲအလန်းများကို စွန့် စား ရန် ရဲရင့်ပြတ်သားစွာ ဆုံးဖြတ်ကာကြိုးစားမှု ကျင့်စဉ်
(၈) သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း သစ္စာ ပါ၇မီ
(၉ )ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကျင့်စဉ် ပညာပါရမီ
(၁၀) ဥပေက္ခာပါရမီ - ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း
စသော အနှစ်ချုပ် အဆီအနှစ်များ၊ ပညာအလင်းရောက်စေ သည့် ကျင့်စဉ်များ ကို မြင်ကြသိကြစေချင်ပါသည်။
(ထို့ အတူ- အထက်က ကဲ့သို သော ကျင့်စဉ် များ ကို ကျင့်ကြံနီုင်သူ မည် သူမဆို ဘုရား အလောင်းတော် ကဲ့ သို့ ပါရမီဖြည့် ၍ ဖြစ်နိုင်ကြောင်း ကို လဲ သက်သေ အဖြစ် ထားရှိခဲ့ သည် မှာ အမှန် ဖြစ်ပါသည်)
သို့ ပါ၍-
သီလ ကျိုးပဲ့ ကွက်ကြား၊ ငါငါ ငါ့အမျိုး သာမေတ္တာထား၊ ငါ့လှူရင်ကောင်း မလှူရင် မကောင်းစိတ်များ၊ ခုတစ်မျိုးတော်ကြာတစ်မျို
ကျေးဇူးပြု ၍ အခြား ကြိုက် တာ နှင့် နှိုင်းကြပါ- မိမိတို့ ၏ အနန္တကျေးဇူးရှင် အလောင်းတော် နှင့် တော့ မနှိုင်းကြစေဖို့  မေတ္တာရပ် ခံပါတယ်။ ဘုရားအလောင်းတော် ကို သိက္ခာ မချကြဖို့ မေတ္တာရပ်ခံပါရစေ။
ထို့ သို့  ကျင့်စဉ်ဆိုးများ ဖြင့် ကျင်လည်နေသူများကို အလောင်းတော် ဖြင့် ခို်င်းနှိုင်း ခြင်းသည်- မြင့်မြတ်သော အနှိုင်းမဲ့ မေတ္တာတရားရှိ တော်မူသော အလောင်းတော် ၏ ပါရမီ ကျင့်စဉ်များ ကို ဖျက်ဆီး ချိုးဖျက် ရရောက်သည်ကို သိကြစေချင်ပါသည်။
အလောင်းတာ် သည်ပါရမီ ကျင့်စဉ် ကိုလက်တွေ့ ကျင့်၍ ပြကာ- ၀ိပဿနာ ကမ္မဋ္ဌါန်းဖြင့် လောက ကို ဓမ္မအလင်းရောင် ဖြင့် ကောင်းကျိုးမင်္ဂလာ အဖြာဖြာရစေသည်မှာ လက်တွေ့ ဖြစ်ပါသည်။
(မိတ်ဆွေ နှင့် ဆရာသမား အားလုံးကျန်းမာစွာ ဓမ္မ စစ်ကို ကျင့်ကြံပွားများနိုင်ကြပါေ
https://www.facebook.com/photo.php?fbid=652808058064550&set=a.101744359837592.3950.100000060855328&type=1&theater
No comments:
Post a Comment