==========================
လယ်တီဆရာဘုရားသည် ဗုဒ္ဓစာပေများကို ပါဋိစာပေမှ မြန်မာဘာသာသို့ အဓိကဘာသာပြန်ပေးခဲ့သည့် ကျေးဇူးရှင်ဆိုလျှင် မြန်မာစာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့သည်မှာ ပထမဦးဆုံး ဦးရွှေဇံအောင်ဖြစ်သည်။
၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နေ့မှာ ရခိုင်ပြည်နယ် ၊ စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်တွင် (ဘ)ရာဇ၀တ်ဝန်ကြီး ဦးရွှေသာ နှင့် (မိ) ဒေါ်မိအဖြူဇံတို့မှ မွေးဖွားခဲ့သည်။ ၁၈၉၂ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၈၉၄ ခုနှစ်မှာ လယ်ဝန်ဖြစ်လာခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် မြန်မာ သုတေသနဂျာနယ်တို့တွင် ဗုဒ္ဓအဘိဓမ္မာများကို စတင် ဆောင်းပါးရေးသားခဲ့သည်။ ယင်းခေတ်တွင် ထင်ရှားသော အင်္ဂလန်ပြည်မှ ပါဋိပညာရှင် မစ္စက်ရိုင်းဒေဗစမ်က လယ်တီဆရာတော်ကြီးကို မေးမြန်းသော မေးခွန်ပုစ္ဆာများကို မြန်မာပြန်၍ ဆရာတော်ကြီးကို တင်ပြခဲ့သည်။ လယ်တီဆရာတော်ကြီး ဖြေတော်မူသော အဖြေများကို အင်္ဂလိပ်ဘာသာသို့ပြန်ပြီး လန်ဒန်ပါဋိ လေဒီမစ္စက်ရိုင်းဒေးဗစ်ထံ စာတိုက်က ပေးပို့ပြီး ဗုဒ္ဓစာပေကို ကမ္ဘာသို့ ပြန့်ပွါးအောင် ဆောင်ရွက်ခဲ့သည်။
၁၉၁၀ ခုနှစ်မှာ ဦးရွှေဇံအောင် အင်္ဂလိပ်ဘာသာရေး အဘိဓမ္မာသင်္ဂဟကျမ်းကို ထွက်ဝေခဲ့သည်။ လန်ဒန် ပါဋိ လေဒီ မစ္စက်ရိုင်းဒေးဗစ်မှ ဦးရွှေဇံအောင်ကို ကျေးဇူးတင်စကားပါးခဲ့သည်။ ဆရာကြီး၏ ဗုဒ္ဓဒသာန ရှင်းလင်းချက်ကို ဥရောပ ပညာရှင်များက နားလည်အောင် ရှင်းပြ ရေးသားနိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်ငးတင်ခဲ့သည်။
https://www.facebook.com/photo.php?fbid=348141391986229&set=a.321739381293097.1073741826.321736651293370&type=1&theater
No comments:
Post a Comment