1912 ခုနှစ် မေလတွင် ဂျပန်ပြည်မှ မြန်မာပြည်သို့ပေးပိုသော
စာသုံးစောင် မှ ကောက်နှုတ်ချက်
1912 ခုနှစ်
မေလ (17) ရက် နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်အိမ်တို့သည်
စက္ကူအိမ်များဖြစ်သည့်အတွက် အမဲနေရာ၊ အဖြူနေရာ ၊အ၀ါနေရာရှိသည်။ ထိုနေရာတွင် မြေဖြူနှင့်ဖြစ်စေ၊
ခဲတံနှင့်ဖြစ်စေ၊မီးသွေးနှင့်ဖြစ်စေ မရေးရ။ မြန်မာလူမျိုးတို့သည် ထိုကဲ့သို့ ရေးခြင်းကို
အလွန် တရာ အလေ့အထရှိကြသည်၊ မြန်မာပြည်၌အိမ်တံခါးပေါက်၌သော်၎င်း၊ ထရံ၌သော်၎င်း၊စားပွဲခုံ၌သော်၎င်း၊စာသင်ကျောင်း၌သော်၎င်း၊
ဘုန်းကြီ၊းကျောင်း၌ သော်၎င်း၊ မီးရထားတွဲပေါ်၌သော်၎င်း၊ (ရေအိမ်)အိမ်သာ၌သော် ၄င်း၊ သာလာယံဇရပ်၌သော်၎င်း
မြေဖြူ နှင့်ဖြစ်စေ၊ မီးသွေး နှင့်ဖြစ်စေ မကောင်းသောအခြင်းအရာ၊ရိုင်းပျသော စာသားများကို
ရေး၍ထားတတ်ကြသည်။ ယင်းသည် မြန်မာလူမျိုးတို့တွင် မကောင်းသော အကျင့်စာရိတ္တဖြစ် ကြောင်းဟူ၍
ဖေါ်ပြထားသည်။
1912 ခုနှစ်
မေလ(12)ရက် နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ပြည်၌
မေလ(7) ရက်နေ့ ကျသောအခါ တိုကျိုမြို့ (မြူနီစပါယ်) အစိုးရများထံမှ ဆင့်စာတွင် အိမ်ကို
ကောင်းစွာ သန့်ရှင်းရမည်ဆိုသောကြောင့် အိမ်ကို ဆေးကြော၍ သန့်ရှင်းပြီးလျှင် ထားရကြောင်း၊
ဤဂျပန် တစ်ပြည်လုံးတွင် နှစ် နှစ်တစ်ခါ မေလကျသောအခါ တစ်နေ့ကို လမ်းတစ်လမ်း ကွာတာတစ်ခု၊
အရပ်တစ်ရပ်ကို သန့်ရှင်းရကြောင်း၊ ထိုသို့သန့်ရှင်းသောအခါ ၀န်စည်စလည် ပစ္စည်းသေတ္တာများ၊
အသုံးအဆောင် အစခပ်သိမ်း တို့ကို လမ်းပေါ်မှာ ထုတ်၍ထားရသည်။ ဤကဲ့သို့ ထားပြီးလျှင် ပုလိပ်အရာရှိကြီးများ၊
ပုလိပ်သားများနှင့် သန့် ရှင်း ရေးကြ။ီးကြပ်သူများ လာပြီးလျှင် အိမ်တွင်ကို ၀င်ပြီး
အညစ် အကြေး ရှိသည်၊မရှိသည်၊ သန့်ရှင်းသည် မသန့်ရှင်းသည်ကို ကြည့်ပြီးလျှင် သန့်ရှင်းသောအိမ်ဖြစ်ပါက
ဤအိမ်သည် ဤနှစ် အတွက် သန့်ရှင်း၍ စစ်ဆေး ပြီး ကြောင်းကို ထို အိမ်တံခါးဝတွင် စက္ကူလေးတစ်ခု ကပ်၍သွားကြောင်း၊ ထိုကဲ့သို့ ကောင်းမွန်စွာ
သန့်ရှင်း ရခြင်း၏ အကြောင်းကား အညစ်အကြေးမရှိ၍ လူများ ကျန်းမာစွာ ရှိလေအောင် ရောဂါဆိုး၊
အနာဆိုး မဖြစ် လေအောင် ပုလိပ်ရောဂါ မဖြစ်လေအောင် ကြည့်ရှုစောင့်မ စောင့်ရှောက်ရကြောင်းဟူ၍
ဖေါ်ပြထားသည်။
1912 မေလ(21)ရက်
နေ့စွဲပါ စာတစ်စောင်တွင် ဤသို့ဖေါ်ပြထားသည်။
ဂျပန်ကျွန်းတွင်
မိန်ကလေးဖြစ်စေ ၊ယောင်္ကျားလေးဖြစ်စေ ခြောက်နှစ်စေ့၍ မူလတန်း စာသင်ကျောင်းမှာ သင်လျှင်
ထိုလူကလေး မိန်းကလေးတို့သည် ညကို(10)နာရီမှအိပ်၍ မနက် (5)နာရီကို အိပ်ရာမှ ထကြ ရမည်
ဟူ၍ အစိုးရမင်းများကပင် ဥပဒေပြု၍ထားသည်။ ဦးပဉ္ဖင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်အနေ၊
အစားအ သောက်၊ အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်းမရှိသည့်အတွက်ကြောင့် ပျက်စီးခြင်းမူလ
ဖြစ်ဟန်ရှိကြောင်း ဟူ၍ ဦးဥတ္တမ ပေးပို့သော စာသုံးစောင်တွင် ဂျပန်တို့၏ အလေ့အထ၊ သန့်ရှင်းရေး၊
စည်းကမ်းကျနပုံတို့ကို အတိအလင်း ကိုယ်တွေ့ရေးသားထားသည်ကို ဆရာတော် ဦးဥတ္တမရေးသားသော
ဂျပန်ပြည်အကြောင်း စာအုပ်၌ ဖေါ်ပြထားသည်။
mg phyu facebook မှ ကူးယူဖေါ်ပြသည်
No comments:
Post a Comment