Wednesday, October 30, 2013

★နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုင်ဇာ အစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ★

နိုင်ငံတော်သမ္မတကြီးဟာ လိုင်ဇာမှာကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ လိုင်ဇာအစည်းအဝေးကို အောက်တိုဘာလ ၂၉ ရက်စွဲနဲ့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပါ တယ်။ နိုင်ငံေ တ်ာသမ္မတကြီးရဲ့ သဝဏ်လွှာအပြည့် အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး

♦ နိုင်ငံတော်သမ္မတက တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏
လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ♦

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်

♦ လိုင်ဇာအစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသားညီနောင်များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ခွန်း ဆက်သအပ်ပါသည်။

♦ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်မှန်းချက်ဖြင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ ကချင်ပြည်နယ်လိုင်ဇာတွင် အစည်းအဝေး ကျင်းပနေသည်ကို သိရှိရပါသည်။

♦ အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင် ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲခြင်း သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်ချမှတ်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် တို့အတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါသည်။

♦ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး တို့အတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက်မှသာ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ သဝဏ်လွှာပေးပို့ လိုက်ပါသည်။

(ပုံ)

သိန်းစိန်
နိုင်ငံတော်သမ္မတ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More : http://www.president-office.gov.mm/zg/?q=briefing-room%2Fnews%2F2013%2F10%2F30%2Fid-4818]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
 
link; / https://www.facebook.com/hmuu.zaw/posts/513866658710427

No comments:

Post a Comment