ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ
မြန်မာ့သမိုင်းနှင့် ရှမ်းခေတ်များ
===============
မြန်မာ့သမိုင်းတွင်လည်း ရှမ်းတို့အင်အားကြီးခဲ့ချိန်များရှိဖူးပါသည်။ထင်ထင်ရှားရှား အင်အားများသည့်ေ ခတ်နှစ်ခေတ်ရှိပေသည်။ ပထမ အကြိမ်မှာ ပုဂံကို မွန်ဂိုတို့ဖျက်စီးအပြီးတွင် မင်းမဲ့အခြေအနေနှင့်ကြုံတွေ့နေရစဉ်ကာလနှင့် နောင်ဒုတိယပုဂံခေတ်ပြန်ထူထောင်သည်အထိဖြစ်သည်။
ထိုကာလက ရာဇသင်္ကြန်၊အသင်္ခယာနှင့်သိင်္ဂသူ ရှမ်းညီအစ်ကို သုံးဦးတို့ ခေတ်ဖြစ်ပြီး မြင်စိုင်း၊ ပင်းယ၊စစ်ကိုင်းတို့တွင်ကြီးစိုးကြသည်။
ဒုတိယခေတ်မှာ ပထမအင်းဝခေတ်၏နောက်ဆုံးကာလများတွင်ဖြစ်သည်။
အင်းဝရှိ မြန်မာမင်း ရွေနန်းေ ကျာ့ရှင် နရပတိ(၈၆၃-၈၈၈) အားနည်းချိန်တွင်
မြောက်ဖက်တစ်လွားမှ ရှမ်းစော်ဘွားများ အင်အားကြီး မားလာပြီး
အင်အားအကြီးဆုံးဖြစ်သည့် မိုးညှင်းစော်ဘွား မိုးညှင်းစလုံ(၈၈၈-၉၀၄) က
သက္ကရာဇ် ၈၈၈၊တန်ခူးလဆန်း ၁၂ ရက်တွင် အင်းဝကိုသိမ်းပြီး နရပတိကို
သတ်ကာနန်းစံသည်။
နောက်မိုးညှင်းစလုံလွန်လျှင် သားဖြစ်သူ သိုဟန်ဘွားမှ ဆက်ခံပြီး အလွန်ဆိုးသွမ်းရက်စက်ကာ မိစ္ဆာအယူရှိလေရာ ဗုဒ္ဓဘာသာရဟန်းတော်များကို နန်းတော်သို့ပင့်ဖိတ်ဟန်ပြုကာ သတ်ဖြတ်လေေ သာကြောင့် မင်းကြီးရန်နောင် နှင့် မြန်မာမှူးမတ်တို့ ကလုပ်ကြံနန်းချခြင်းဖြင့်သေလွန်သည်။
နောက် မှူးမတ်တို့က မင်းကြီးရန်နောင်အား နန်းတင်ကြသော်လည်း ငြင်းပယ်ကာ အုန်းဘောင်စော်ဘွား ခုံမှိုင်းကို နန်းတင်ရန်ပြောဆိုမှာကြားပြီး ရဟန်းဝတ်ဖြင့် တောထွက်သွားခဲ့သည်။နောက်အုန်းဘောင်ခုံ မှိုင်းလွန်လျှင် မိုးဗြဲနရပတိဆက်လက်စိုးစံရာ စစ်ကိုင်းမှ စည်သူကျော်ထင်က တိုက်ခိုက်အနိုင်ယူကာ အင်းဝကို သိမ်းပိုက်ခဲ့သည်။
ရည်ညွှန်းကိုးကား
တပင်ရွှေထီး၊ဘုရင့်နောင် ကေတုမတီတောင်ငူရာဇ၀င်စဆုံး
သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း
ဇမ္ဗူတံဆိပ်ကျမ်း
ချစ်ခင်လေးစားသော ရွှေအိမ်စည်
No comments:
Post a Comment