Monday, October 14, 2013

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

ပျားရည်စစ်စစ်၏ ကျန်းမာရေး အာနိသင်များ

by Moenge Aung on Wednesday, December 28, 2011 at 12:11pm
Good Health

ပျားရည်ရဲ့ ချိုမြမှုက သဘာဝအချို ဖြစ်တာကြောင့် သကြားအစားထိုး သုံးနိုင်ပါတယ်။ ပျားရည်ဟာ အရသာရှိရုံသာမက အနာ ကောင်းကောင်း ကျက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။  ပျားရည်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်၊ အင်ဇိုင်းတွေနဲ့ ဖိုင်တိုနျူးထရီးရန့်တွေ ပါဝင်နေတဲ့အပြင် ကာဗိုဟိုက်ဒရိတ်လည်း ပါဝင်တာကြောင့် စွမ်းအင်ကောင်းကောင်း ရရှိစေပါတယ်။ ကိုယ်ခံစွမ်းအား စနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
(၁) ပျားရည်ဟာ အားရှိစေတဲ့ သဘာဝအရာဖြစ်ပြီး စွမ်းအင်ကို ချက်ချင်း ရရှိစေပါတယ်။ ပျားရည်မှာပါတဲ့ ကာဗိုဟိုက်ဒရိတ်ကြောင့် ခန္ဓာကိုယ်က သန်စွမ်းမှုရရှိပြီး ကြွက်သားတောင့်တင်း ညောင်းညာမှု လျော့ကျစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မူးဝေတာမျိုးကိုလည်း သက်သာစေပါတယ်။

 (၂) လည်ချောင်းနာနေရင် ပျားရည်ကို ရေနွေးနဲ့ရောပြီး သောက်ပေးပါက သက်သာစေပါတယ်။

(၃) ပျားရည်ကို ရှာလကာရည်နဲ့ ရောပြီးသောက်ပေးရင် ဝမ်းချုပ်တာကို သက်သာစေပြီး ဗိုက်နာတာနဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။

 (၄) ပျားရည်မှာ ကိုလက်စထရော မပါဝင်တဲ့အပြင် သွေးထဲက မကောင်းတဲ့ ကိုလက်စထရောေ တွကို လျော့ကျစေကာ နှလုံးရောဂါ ထတဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။

 (၅) ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို ရောမွှေပြီး ဆံပင်သားပေါ် လိမ်းပေးရင် ဆံပင်ကျွတ်တာ ကို လျော့ကျစေနိုင်ပါတယ်။

 (၆) ပျားရည်နဲ့ သံပရာရည်တို့ကို ရောပြီးပုံမှန်သောက်ရင် အဆီပိုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။

(၇) ပျားရည်ကို နှင်းခူလို အရေပြား ယားနာတွေပေါ် လိမ်းပေးရင် သက်သာစေပါတယ်။ အရေပြား ခြောက်သွေ့နေရင် ပျားရည်ကို အကောင်းဆုံး အစိုဓာတ်ထိန်းခရင်မ်အဖြစ် သုံးနိုင်ပါတယ်။ ပျားရည်လက်ဖက်စားဇွန်း တစ်ဇွန်းကို ကြက်သီးနွေး ရေနဲ့ရောကာ မျက်နှာပေါ်ကို ညင်ညင်သာသာ သုတ်လိမ်းပေးပါ။ နေ့စဉ်မှန်မှန် လုပ်ပေးပါက တစ်ပတ်အတွင်းမှာ နူးညံ့ပြီး ကြည်လင်တောက်ပတဲ့ အသားအရေကို ရရှိစေပါတယ်။ သင့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အမျိုးအစားဖြစ်ရင်တောင်မှ ပျားရည်ကို လိမ်းပေးရင် ဝက်ခြံတွေရဲ့ အနာကျက်စေတဲ့ အာနိသင်ကို ရရှိစေပါတယ်

 (၈) နံနက်တိုင်း ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သီးနွေးရေကိုရောပြီး သောက်ပေးရင် ဝမ်းမှန်စေပြီး အစာခြေစနစ် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဒါပေမဲ့ အသက် တစ်နှစ်အောက် ကလေးတွေကို ပျားရည် လုံးဝ မတိုက်သင့်ပါ။ ပျားရည်မှာ သဘာဝအတိုင်း botulinum endospores ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က ဒီဘက်တီးရီးယား ကြီးထွားမှုကို ရပ်တန့်သွားအောင် လုပ်နိုင်တဲ့အထိ အလုံအလောက် မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကလေးရဲ့ အူကို ပိုးဝင်ကူးစက်မှု ဖြစ်စေနိုင်ပါတယ်။                    
ဇွန်

No comments:

Post a Comment