Friday, October 11, 2013

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ေ ဆာင်ရေးလုပ်ငန်းကော်မတီနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့၏ သဘောတူညီချက် ( အပြည့်အစုံ )

 Jade Land'
၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်။

၁။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကေအိုင် အို ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ (၈) ရက်မှ (၁၀) ရက်နေ့အထိ တွေ့ဆုံေ ဆွးနွေး ခဲ့ကြပါသည်။ 

ဤဆွေးနွေးပွဲတွင် လေ့လာသူများ (observers) အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Mr.Wang Ying Fan ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ် လွတ်တော်ကိုယ်စားလှယ် (၄) ဦး၊ ကချင်ပြည်နယ်အတွင်းရှိ တရားဝင် နိုင်ငံရေးပါတီများ ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ၊ အမျိုး သားဒီမိုကရေစီအင်အားစု၊ တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်း တိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီမှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမူ ဗဟိုကော်မတီနှင့် ကချင်ပြည် နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace – talk Creation Group ) အဖွဲ့ဝင်များနှင့် ဖိတ်ကြား ထားသည့် မြို့မိ၊ မြိ့ဖ (၁၀)ဦးတို့ တက်ရောက်ခဲ့ကြ ပါသည်။

 ၂။ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရေးကို အာမခံနိုင်သည့်နိုင်ငံရေးအရ သဘောတူညီမူ များထွက်ပေါ်လာနိုင်ရေးကို ဦးတည်၍ နှစ်ဖက်ကိုယ်စားလှယ်များမှ အသိ သက်သေများ ရှေ့မှောက် တွင် အောက်ပါအချက်များအား နှစ်ဦးနှစ်ဖက် သဘောတူ အတည်ပြုကြပါသည်-

 (က) နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ( Political Dialogue ) ကျင်းပနိုင်ရန် အတွက် ပြင်ဆင်မှု ဖြစ်သော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးတွင်ပါဝင်ရန် ကေအိုင်အိုအား ဖိတ်ခေါ်သည်ဖြစ်သောကြောင့် ကြိုတ င်ဆွေးနွေးညှိနှိုင်းသည့် လုပ်ငန်းစဉ် အနေဖြင့် အောက်ဖော်ပြပါအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် သဘောတူသည်- 

(၁) ပြည်ထောင်စုအစိုးရမှ စီမံချက်များကို ပေးပို့ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ် ဆောင်ရွက်မည်။ 

(၂) ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ ညီလာခံ (Ethnic Armed Groups Conference) ကျင်းပမည်။


 (ခ) ၂၀၁၃ခုနှစ်၊ မေလ (၂၈-၃၀) ရက်နေ့အတွင်းဆွေးနွေးပွဲရလဒ်များကြောင့် ပစ်ခတ်တိုက်ခိုက် မှု များ လျော့ချနိုင်ခြင်း၊ နှစ်ဖက်ထိတွေ့ဆက်ဆံမှုများ တိုးတက် ဆောင်ရွက်နိုင်ခြင်းတို့ အပေါ်နှစ်ဖက်ကိုယ် စားလှယ်အဖွဲ့မှ အသိအမှတ် ပြုပြီး ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပွားစေရေးကို ဆက်လက် ညှိနှို င်း ဆောင်ရွက် ရန် သဘောတူသည်။


 ( ဂ ) နယ်မြေလုံခြုံရေး အခြေအနေအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ကြသော ပြည်သူများ မူလေ နထိုင်ရာအရပ်သို့ ပြန်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွက် အခြေခံရမည့်မူများနှင့် စီမံချက် တစ်ရပ်ရေးဆွဲနိုင်ရန် နှစ်ဖက်အဖွဲ့ များ၏ အလုပ်အဖွဲ့ (Technical Team) များနှင့် သက်ဆိုင်ရာဌာနများက ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရန်နှင့် အနည်းဆုံး ရွာ (၄) ရွာကိုရွေးချယ်ပြီး ရှေးဦးစီမံချက် (Pilot Project)အဖြစ် ညှိုနှိုင်းအကောင်အထည် ဖေါ်သွားရန် သဘောတူသည်။


 (ဃ) စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပွားစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးေ က်ာမတီ (Joint Monitoring Committee) အား ပဋိပက္ခဖြစ်ပွားရာ ဒေသအားလုံး အကျုံးဝင်စေမည့် ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းသွားရန် သဘောတူ သည်။ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီ အခြေပြဇယား(Joint Monitoring Committee Structure) (ပူးတွဲ ၁) နှင့် ပူးတွဲစောင့်ကြည့်ရေးတွင် ဆောင်ရန် ရှောင်ရန် အခြေခံမူ (၅)ချက်နှင့် စည်းကမ်းချက် (၁၈) ချက်တို့ပါဝင်သည့် (ပူးတွဲ ၂ ) ကို အခြေခံ၍ အသေးစိတ်စီမံချက်(Operational Plan) ချမှတ်နိုင်ရန် နှစ်ဖက် နည်းပညာ အထောက်အကူပြုအဖွဲ့များ အနေဖြင့် ဆက်လက် ဆောင်ရွက်သွားမည်။


 (င) ပဋိပက္ခကြောင့် ပုံမှန်သွားလာနိုင်မှုမရှိသော အများပြည်သူအသုံးပြုသည့်လမ်း များနှင့် အရေးပါေ သာလမ်းများ ပုံမှန်ပြန်လည်သွားလာနိုင်ရေး နှစ်ဖက်ညှိနှိုင်း၍ အမြန် ဖွင့်လှစ်သွားရန် သဘောတူသည်။


 (စ) ကေအိုင်အိုအနေဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းပြီး ပြည်သူများ နှင့် လွတ်လပ် စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခြင်းများ (Public Consultation) ပြုလုပ်ရန် သဘောတူသည်။ 

(ဆ) ရှေ့လုပ်ငန်းစဉ်များကို နှစ်ဖက်အလုပ်အဖွဲ့ (Technical Team)များက ဆက်လက် ညှိနှိုင်းဆောင် ရွက်ရန်နှင့် နောင်ကျင်းပမည့်ဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပနိုင်ရန် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူသည်။ ၃။ ယခုသဘောတူညီချက်ကို နှစ်ဖက်ကိုယ်စားလှယ်များသည် အောက်ဖော်ပြပါ သက်သေများ ရှေ့တွင်အတည်ပြုလက်မှတ်ရေးထိုးကြပါသည်။ XXXXXXXXXXXXXXXXX ပူးတွဲ 

(၁) စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းပုံ ပူးတွဲ 


(၂) ပူးတွဲစောင့်ကြည့်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်လိုက်နာရမည့် အခြေခံမူများ 

(က) ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်ရန် အမှန်တကယ်ဆန္ဒရှိရန်။ 

(ခ) သဘောတူညီချက်များအတိုင်း ကတိတည်ရန်။

 (ဂ) ရရှိထားသောသဘောတူညီချက်များအပေါ်အမြတ်မထုတ်ရန်နှင့်လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်သွားရန်။

 (ဃ) ဒေသခံပြည်သူများအပေါ်ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်။

 (င) ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအဏာ တည်တံ့ခိုင်မြဲရေး တို့တွင် လက်တွဲဆောင်ရွက်ရန်။ နှစ်ဖက်လိုက်နာရန်အချက်များ 


၁။ တိုက်ပွဲများထပ်မံ မဖြစ်ပွားရေးအတွက် စောင့်ကြည့်ကြီးကြပ်မှုများ ပြုလုပ်နိုင်ရန် အောက်ပါ အချက်များကို နှစ်ဖက်အဖွဲ့များက လိုက်နာဆောင်ရွက်ရန်သဘောတူသည်။ 

(က) နှစ်ဖက်တပ်များထိတွေ့ပစ်ခတ်မှုများ၊ တွေ့ဆုံတိုက်ပွဲများ မဖြစ်ပွားရေး ညှိနှိုင်း ဆောင်ရွက်ရန်။

 ( ခ ) နှစ်ဖက်သဘောတူသတ်မှတ်ထားသော ကန့်သတ်နယ်မြေများရှိလာပါက ထိုနယ်မြေ အတွင်း နှစ် ဖက်ညှိနှိုင်း သဘောတူညီချက်မရှိဘဲ စခန်းသစ်များဆောက်လုပ်ခြင်း၊ ကန့်သတ် နယ်မြေေ ကျာ်လွန် သွားလာလှုပ်ရှားခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း မပြု လုပ်ရန်။ 

( ဂ ) ပြည်သူလူထုနှင့် နှစ်ဖက်အဖွဲ့များ၏ ၀န်ထမ်းများ၊ တာဝန်ရှိသူများအား ဥပဒေမဲ့ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရားညှင်းပန်းနှိပ်စက်ခြင်း၊ အဓမ္မပြု ကျင့်ခြင်း အပါအ၀င် အကြမ်းဖက်လုပ် ရပ်များမပြု လုပ်ရန်။

 (ဃ) ပြည်သူလူထုအား အကြောင်းမဲ့/အမှုဆင်ပြီး ဖမ်းဆီးအရေးယူခြင်း၊ အပြစ်ပေးခြင်း လုံးဝမပြုလုပ်ရန် နှင့် ဥပဒေနှင့် အညီဆောင်ရွက်ရန်။ 

( င ) ပြည်သူလူထုထံမှ တရားမဝင် အခွန်ကောက်ခံခြင်း၊ အတင်းအဓမ္မ ငွေကြေး ပစ္စည်းများရယူခြင်းမပြုလုပ်ရ။

 ( စ ) ကာယကံရှင်၏ဆန္ဒမပါဘဲ တပ်ဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း မပြုလုပ်ရန်။ 

(ဆ) အများပြည်သူ အသုံးပြုသောလမ်းများအား တားဆီးပိတ်ဆို့ခြင်း၊ ပြည်သူလူထု သွားလာရေးနှင့် ကုန်စည်စီးဆင်းမှုအားဟန့်တားပိတ်ဆို့ခြင်း၊ မိုင်းထောင်ဖျက်ဆီးခြင်း၊ မပြုလုပ်ရန်။ 

( ဇ ) နိုင်ငံတော်မှ တရားဝင်ဖွဲ့စည်းထားပြီးဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအပေါ် လူမျိုးရေး အရဖိအားပေး ဖဲ့ထုတ်ခြင်း၊ ဖမ်းဆီးခြင်း၊ စစ်ရေးအရ ဖိအားပေး ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများမပြုလုပ်ရန် နှင့် ပြည်သူ့ စစ်အဖွဲ့များ၏ လုပ်ဆောင်ချက်တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများက တာဝန်ခံရန်။ 

(ဈ ) နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာနေထိုင်ကြသော ပြည်သူများကို လူသားချင်း စာနာထောက် ထားသော အကူအညီများ ပေးအပ်သွားရန်နှင့် အခြားအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ အား နှောင့်ယှက်ဟန့်တား ပိတ်ပင်ခြင်းမပြုလုပ်ရန်နှင့်ဒေသခံ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင် ရွက်သွားရန်။

 (ည) ကျွန်ပြုခြင်း၊ အဓမ္မခိုင်းစေခြင်းမပြုလုပ်ရန်။

 ( ဋ ) အမျိုးသမီးများအား ဗလက္ကာယ ပြုခြင်း၊ လိင်အကြမ်းဖက်ခြင်း၊ အဓမ္မသားမယား ပြုကျင့်ခြင်း၊ လိင်မှုဆိုင်ရာ ကျွန်ပြုခြင်းမပြုလုပ်ရန်။

( ဌ ) ကလေးငယ်များအားသတ်ဖြတ်ခြင်း နှင့် ကိုယ်အင်္ဂါဖြတ်တောက်ခြင်း၊ ကလေးစစ်သား အဖြစ် စုဆောင်း/စစ်မှုထမ်းစေခြင်း၊ အဓမ္မပြုခြင်းနှင့် အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ဖမ်းဆီးခေါ်ေ ဆာင်ခြင်းများ မပြုလုပ်ရန်။ 

( ဍ ) ဘာသာရေးအကြောင်းပြ၍စစ်ရေးကိစ္စများတွင် ပါဝင်စွက်ဖက် အမြတ်ထုတ်ခြင်းများ ကို ရှောင်ကြဉ် ရန်နှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများကို ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ မပြု လုပ်ရန်၊ ကျေးရွာဆုတောင်းတောင်များ၊ ဘုန်းကြီးကျောင်းများ (သို့မဟုတ်) လူထုဝတ်ပြုရာနေရာများ၌ ထပ်မံ၍ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း စသည်ဖြင့် ဘာသာရေးဆိုင်ရာမြေနေရာများကို သိမ်းပိုက်နေရာ ယူခြင်း၊ မီးရှို့ခြင်းများ မပြုလုပ်ရန်။ဘာသာရေးဆိုင်ရာနေရာများနှင့် ငြိစွန်းနေသော တပ်နေရာများနှင့် ပတ်သက်၍ နှစ်ဖက်မှ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန်။ 

 ( ဎ ) ဂျီနီဗာကွန်ဗင်းရှင်း - (၄) စစ်ကာလအတွင်း အရပ်သားများအား အကာအကွယ် ပေးရေး ( Geneva Convention ( IV ) – Relative to the protection of civilian persons in time of war) တွင်ပါရှိသည့်အချက်များ ကို လေးစားလိုက်နာကြမည်။ 

၂။ လက်နက်ကိုင်တိုက်ပွဲများတွင် ဖမ်းဆီးရမိသူများ၊ လက်နက်ချပြီးသူများအား လူသားဆန်စွာ ဆက်ဆံပြီး အောက်ဖော်ပြပါအချက်များကို မည်သည့်အကြောင်းပြချက်နှင့်မျှမပြုလုပ်ရန် - 

(က) လူ့အသက်နှင့် ခန္ဓာကိုယ်ကို ထိခိုက်နစ်နာအောင်ပြုမူခြင်း၊ အထူးသဖြင့်နည်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း တစ်ခုခုကို ဖြတ်တောက်ပစ်ခြင်း၊ ရက်စက်ကြမ်းကြုတ် စွာ ပြုမူဆက်ဆံခြင်းနှ င့် နှိပ်စက်ကလူပြုခြင်း၊

 ( ခ ) ဓားစာခံအဖြစ်ဖမ်းဆီးထားခြင်း။ 

( ဂ ) လူ့ဂုဏ်သိက္ခာကို စော်ကားခြင်း၊ အထူးသဖြင့် အရှက်ရသိမ်ငယ်စေသော ဆက်ဆံမှုများပြုလုပ်ခြင်း။ (ဃ) တရားဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းမပြုဘဲ ပြစ်ဒဏ်များချမှတ်ခြင်း၊ သေဒဏ် စီရင်ခြင်း။ ( https://www.facebook.com/minzawoo/posts/10101214575213487)

https://www.facebook.com/jade.land.50

No comments:

Post a Comment