ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Tuesday, January 21, 2014
= = = သနားတယ် = = =
KMS 20 JAN 2014
လောလောဆယ်မှာ ညကြီး နှစ်နာရီ ရေနွေးအိုး ထတည်တဲ့ ကုလားကြီးရဲ့ ပေါ့ဆမှုကြောင့်တဲ့ - ဒုက္ခသည်စခန်းက မီးလောင်ပါရော - ကုလားရွာတွေ မီးလောင်ရင် အင်မတန် စိတ်အေးရတယ် - သေတဲ့လူ မရှိတတ်ဘူး - ဒဏ်ရာရတဲ့လူ မရှိတတ်ဘူး - မီးခိုးမွန်းတဲ့သူ မရှိတတ်ဘူး - ပျက်စီး ဆုံးရှုံးမှုကလည်း အင်မတန် နည်းပါးတယ် - စစ်တွေမှာ ကုလားတွေ မီးတင်ရှို့ပုံကို ကြည့်ပါလား - လူတွေ အိမ်ထဲက ထွက်၊ ပစ္စည်းတွေ အကုန်သယ်ထုတ်ထားပြီးမှ အသာလေး ရှို့လိုက်တာလေ - ဒါဟာ အခုမှ မဟုတ်ဘူး - ရခိုင်က လူတွေကို မေးသာကြည့် - တစ်သက်လုံး ဒီလိုပဲ မီးနဲ့ လုပ်စားလာတာ - နိုင်ငံရေး လိုအပ်ချက်အရ ဘယ်ရွာက ဘယ်ဗလီကို မီးရှို့စေလို့ အထက်က အမိန့်ပေးလိုက်ရင် ဗလီဆရာဟာ အထုပ်ကလေးပြင်ပြီး ဗလီလုပ်ထားတဲ့ တဲကို မီးရှို့လိုက်တာပဲ - ပြီးရင် သူ့ အထုပ်ကလေးကို မှီလို့ အေးအေးဆေးဆေး ထိုင်ပြီး ပိုက်ဆံ လာပို့မယ့် လူကို စောင့်နေတယ် - ပြည်ပက “လုပ်စား”တွေကတော့ မြန်မာစစ်တပ်က ဘယ်ရွာက ဘယ်ဗလီကို မီးတင်ရှို့သွားတယ်လို့ သတင်းလွှင့်လိုက်တာပဲ -
ဘာဖြစ်ဖြစ် သနားစရာ ဒုက္ခသည်တွေအတွက် သူတို့ စခန်း မီးလောင်သွားတော့ နေစရာ ပြန်လုပ်ပေးရမှာ - စားစရာကတော့ နဂိုကလည်း ပို့ပေးနေရတာပဲ -
တော်ကြာ ဟိုက ဒီက ဖိအားပေးမှာနဲ့၊ လာကြည့်မှာနဲ့၊ ကုလသမဂ္ဂတင်မှာနဲ့ - ဒုက္ခများကုန်မယ် -
အန်ဂျီအိုတွေကို တို့မြို့နယ်ထဲမှာ လက်မခံပါလို့ မြို့သားတွေက အော်ကြသတဲ့ - ဟော အခု မီးလောင်သွားတော့ အန်ဂျီအိုတောင်မက အန်ဂျီအိုတွေရဲ့ ဖခမည်းတော်တွေပါ ကြွတော်မူလာမယ့် ကိန်းဆိုက်ပြီ - အန်ဂျီအိုကို နှင်မရတဲ့ အပြင် ကိုယ်တို့ပါ မကင်းရာ မကင်းကြောင်း ကြိုရဆိုရ ပို့ရ လုံခြုံရေး ပေးရ သြ၀ါဒ နာခံရ အဲ - ကန်ထရိုက်လုပ်ရနဲ့ ကိုရွှေကုလားများကတော့ ဘယ်နှယ့်ရှိစလို့ ခနဲ့တဲ့တဲ့ မေးချင်ကြမှာ အမှန်ပဲ -
တစ်ဖက်မှာ ရဲနဲ့မနိုင်၊ တပ်ပါ ချီတက်၊ စခန်းကို ၀န်းရံလို့ အလုပ်လုပ်ရတော့မယ် - ကျန်တစ်ဖက်မှာကျတော့ ဒုက္ခပေါ် ဒုက္ခဆင့်တယ်ဆိုပြီး နေစရာမရှိတဲ့ မီးဘေးသင့် ဒုက္ခသည် နှစ်ထပ်ကွမ်းတွေအတွက် မဟာကရုဏာရှင်တွေက ကြွလာကြမယ် - အပြန်ကျရင် ဒီ ဒုက္ခသည်တို့ရဲ့ အခြေအနေဟာ အလွန်သနားစရာကောင်းကြောင်း၊ ဗမာစစ်တပ်က နှိပ်စက်ကလူ ပြုနေကြောင်း အသံကုန် ဟစ်ကြမယ် - အဲ - ရခိုင်မြေကိုလည်း ပုလင်းထဲ ထည့်ပြီး ယူရင် ယူသွားဦးမယ် -
တစ်ချိန်တည်းမှာ သူတို့ရဲ့ ရွာတွေကို ပြန်ချင်ပါတယ် လုပ်မယ် - အစိုးရကလည်း ဒေသခံလို့ သုံးရမလိုလို၊ ပြည်သူလို့ သုံးရမလိုလို၊ ပြည်တွင်းနေ မူစလင်များလို့ သုံးရမလိုလို၊ ဘင်္ဂလီလို့ သုံးရမလိုလို၊ နိုင်ငံမဲ့များလို့ သုံးရမလိုလိုနဲ့ တိုင်ပတ်ဦးမယ် -
ရွာကို ပြန်မပို့ရင် ဒီနေရာမှာပဲ အခိုင်အခန့် အိမ်ဆောက်ပေးရမယ်လို့ အကြပ်ကိုင်လိမ့်မယ် - ရွာတည်ပေးပေါ့ - နဂိုကမှ အိမ်ရှင်တွေက မကြည်ဖြူတော့တဲ့ ဒီလူတွေကို ဒီနား ပြန်နေရာချပေးလိုက်ရင် နောက်တစ်ခါကျ မြို့ကိုပါ လောင်ချာနဲ့ လှမ်းထုလိမ့်မယ် - ဒီမြို့နယ်ထဲက ထွက်ဆိုပြီး စခန်း ရွှေ့ပြောင်း ပေးလိုက်ရင်ကော လက်ခံမယ့် မြို့နယ် ရှိရဲ့လား - လက်ခံသူက လက်ခံမယ်ထား - အတင်းအဓမ္မ နေရာ ရွှေ့ပြောင်းခြင်းလို့ ဆိုကြဦးမယ် - ဘယ်သူက ဆိုမလဲ - ဗလီဆရာက ဆိုမယ် - ဗလီဆရာရဲ့ အမိန့်နဲ့ အင်တာ အဗျူးခံတဲ့ ကုလားတွေက ဆိုမယ် - အန်ဂျီအို ဆိုတာတွေက ဆိုမယ် - မူစလင် အဖွဲ့အစည်းတွေက ဆိုမယ် - သတင်းဌာနဆိုတာတွေက ဆိုမယ် - ပြီးရင် အနောက်နိုင်ငံကြီးတွေက ဆိုမယ် -
ဘာကြောင့် ဆိုမလဲ - ကဒ်အဖြူကြောင့် - ရှည်လျားပြီး ကဒ် သွားထုတ်ပေးထားတာကိုး - ဟုတ်ပြီ - ထုတ်ပေးရုံတင်မက ရွေးကောက်ပွဲမှာ မဲပါ ပေးခိုင်းလိုက်သေးတယ် - မဲပေးတဲ့ အတွက် လွှတ်တော်တွေထဲမှာ မည်းမည်းသည်းသည်းနဲ့ ကုလား သူဌေးကြီးတွေ ရောက်နေပြီ - ဒါဟာ ဦးနုခေတ် မဟုတ်ဘူး - အင်္ဂလိပ်ခေတ်လည်း မဟုတ်ဘူး - ဘင်လာဒင် ခေတ်တောင် လွန်ခဲ့ပြီ - နိုင်ငံသား မဟုတ်ပါဘူးဆိုတဲ့ လူတွေကို မဲပေးခိုင်း၊ အဲဒီ မဲတွေနဲ့ တက်လာသူတွေကို လွှတ်တော်တက်ခိုင်း၊ ပြီးတော့မှ ဒီလူတွေ ငါမသိဘူး - မင်းတို့ ကြိုက်တဲ့လူ ခေါ်သွား - ဆိုပြီး ပြောလို့ ပေါက်ရောက်ဖို့က ခဲယဉ်းတယ် -
ဒီတော့ ဒီ အရှုပ်ကို ဘယ်နှယ့် ဖြီမလဲ - ခေါင်းထဲပေါ်လာတာကို ပြောမယ်နော် - အရင်ဆုံး ဟို အမတ် ဆိုသူတွေကို ပါတီက ထုတ်ပယ်သင့်တယ် - ဒါဆို တစ်သီးပုဂ္ဂလ ဖြစ်သွားမယ် - ပါတီက ဘယ်ဘက်မှ လိုက်စရာ မလိုတော့ဘူး - အစိုးရနဲ့ ကော်မရှင်က ပါတီမျက်နှာ ကြည့်စရာမလိုဘဲ ဥပဒေရှိတဲ့ အတိုင်း လုပ်လို့ ရတဲ့ အခြေအနေမျိုး ရှိသင့်တယ် - ပါတီမှာ မူစလင် ပါစေချင်ရင် အသေအချာ ခိုင်မာတဲ့ မြန်မာမူစလင်တွေ ထည့်ထားပေါ့ - ပြဿနာ မရှိတဲ့ ဒေသက လူတွေကို တင်ပေါ့ - ဒီ အရှုပ်ထုပ်တွေထဲကနေ တင်ထားလို့ကတော့ ထရိုဂျင်မြင်းရုပ်ကို သွင်းထားမိသလို ဖြစ်ပြီး နိုင်ငံပါ ဂန့်သွားနိုင်တယ် -
ဒီ အမတ်ဆိုသူတွေ အမတ်ဖြစ်ထိုက် မဖြစ်ထိုက်က ဥပဒေအတိုင်း စိစစ်ရမှာ ဖြစ်ပါတယ် - သို့သော် အဓိက ကျတာက သူတို့ အရွေးခံခဲ့တဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေဟာ အမှန်တကယ် မဲပေးပိုင်ခွင့် ရှိတဲ့သူတွေလား - မဲစာရင်းကို ပြန်စစ်ရမှာ - မဲစာရင်းမှာ ပါတဲ့လူတွေဟာ မှတ်ပုံတင်ရှိသလား - ရှိရင် ဘယ်လို မှတ်ပုံတင်လဲ - ဘယ်ဌာနက ထုတ်ပေးတာလဲ -
မြန်မာနိုင်ငံမှာ မှတ်ပုံတင် ဘယ်နှမျိုး ရှိသလဲ - ဘယ်မှတ်ပုံတင်ကိုင်ထားသူက မဲစာရင်းမှာ ပါခွင့် ရှိသလဲ - ဟုတ်ပြီ - ကဒ်အဖြူတွေကို မဲစာရင်းမှာ ထည့်တာဟာ ဥပဒေနဲ့ ညီသလား - မညီဘူးဆိုရင် အဲဒီ မဲတွေ အကုန်လုံး ပျက်ပြယ် (void) သင့်တယ် - ပျက်ပြယ်တဲ့ မဲ အရေအတွက်ကို နှုတ်ပြီးတော့မှ ခိုင်လုံတဲ့ မဲ အရေအတွက်မှာ ဒီအမတ်ဆိုသူတွေကို ဘယ်နှယောက် ထောက်ခံသလဲ - ဘယ်နှယောက်က မထောက်ခံဘူးလဲ - ထောက်ခံသူ များနေရင် ရွေးကောက်ပွဲ နိုင်တယ်ပေါ့ - ထောက်ခံသူက မထောက်ခံသူထက် နည်းနေရင် ဒီလူတွေ ပြုတ် - ဒီလို ဖြစ်သင့်တယ် -
ကောင်းပြီ - ကဒ်အဖြူတွေ မဲပေးတာဟာ ဥပဒေနဲ့ ညီတယ် - ဥပဒေက ခွင့်ပြုတယ် ဆိုရင် ဒီဥပဒေကို မေးခွန်းထုတ်ရလိမ့်မယ် - နိုင်ငံသားမဟုတ်တွေကို မဲပေးခွင့်ပြုခြင်းအားဖြင့် ဒီလူတွေကို တစ်ဖက်လှည့်နဲ့ legitimacy ဖြစ်အောင်လုပ်ပြီး နိုင်ငံတကာ ဖိအားကို သက်သာအောင် လုပ်တာလား - နိုင်ငံတကာ ထောက်ပံ့ကြေးကို မျှော်တာလား - ဒီနိုင်ငံဟာ ဒီလောက်တောင် အရှက်သိက္ခာ ကင်းမဲ့တဲ့ နိုင်ငံဖြစ်နေပြီလား - ကချင်ပြည်နယ်မှာ တရုတ် တစ်သန်းက နိုင်ငံမဲ့ အဖြစ် ၀င်ပြီး မဲပေးမယ် - ရမလား - တနင်္သာရီတိုင်းမှာ ထိုင်းတစ်သန်းက နိုင်ငံမဲ့ အဖြစ် ၀င်ပြီး မဲပေးမယ် - ရမလား - စစ်ကိုင်းတိုင်းမှာ ကသည်း တစ်သန်းက နိုင်ငံမဲ့ အဖြစ် ၀င်ပြီး မဲပေးမယ် ရမလား -
ကဒ်အဖြူဟာ ဘာလဲ - နိုင်ငံသားလား - မဟုတ်ဘူး - နိုင်ငံသားမဟုတ်ရင် နိုင်ငံခြားသားလား - မဟုတ်ဘူး - ဒါဆို နိုင်ငံမဲ့လား - ဒါက နီးစပ်လိမ့်မယ် - ကဲ - ဒီတော့ မြန်မာနိုင်ငံမှာ နိုင်ငံခြားသားသာ မဖြစ်စေနဲ့ - လမ်းကြုံရင် ဘယ်ဂျစ်ပဆီမဆို မဲပေးလို့ ရတယ်ဆိုတဲ့ သဘောဖြစ်သွားမယ် - ဒါဟာ ကမ္ဘာပေါ်က ဘယ်စံနှုန်းနဲ့ ညီသလဲ - ဒီမိုကရေစီ ဘိုးအေကြီး အင်္ဂလန်မှာ ဒါမျိုး ရသလား - ဒီမိုကရေစီ ဖခင်ကြီး အမေရိကန်မှာ ဒါမျိုး ရသလား - ဒီမိုကရေစီ အန်ကယ်ကြီး အိန္ဒိယမှာ ဒါမျိုးရသလား -
ရချင်လဲ ရမယ် - သဘာဝကျမကျဆိုတာက ကိုယ်တို့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်ပဲ - လွှတ်တော်ဟာ ဒီလို ဥပဒေမျိုးကို ဒီအတိုင်းထား မလား - ပြင်မလား - လူထုဆန္ဒခံယူမလား - တစ်ခုခု လုပ်ရပါလိမ့်မယ် - လူထုရဲ့ ဆန္ဒကကော ဘယ်နှယ့်ရှိသလဲ - ကဒ် အဖြူ ဆိုတာကို သိကော သိကြရဲ့လား - ဗုဒ္ဓဘာသာ အမျိုးသမီးများ ဘာသာခြားနောက် ပါပါသွားလို့ ရတက်မအေးနိုင် ဖြစ်နေကြတာကတော့ မှန်ပါတယ် - သို့သော် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး - ဘယ်အမျိုးသမီးမှ ဘာသာခြားနောက် မပါဘဲ မြို့နယ် နှစ်မြို့နယ်လောက်ကို ဘာသာခြားတွေက လူအားနဲ့ သိမ်းပိုက်ခံထားပြီး တရားဝင် မဲပါပေးလို့ရနေတဲ့ အနေအထား၊ သူတို့ ကိုယ်ပိုင် တိုင်းပြည်ငယ် ကလေး သဖွယ် ဗုဒ္ဓဘာသာရွာ၊ ဘုရား၊ ကျောင်းကန် အကုန်ဖျက်ဆီးပြီး မင်းမူ ကျင့်ကြံ နေထိုင်နေကြတဲ့ အနေအထားကိုလည်း အရေးကြီး ကိစ္စတစ်ရပ်အဖြစ် သဘောထားကြဖို့ လိုပါတယ် -
အကယ်၍ ဒီ ကဒ်အဖြူတွေဟာ တကယ်ပဲ နိုင်ငံသား ဖြစ်ရမယ့်လူတွေဆိုရင် မှတ်ပုံတင် ပေးပြီး မဲထည့်ရုံ ရှိတာပေါ့ - နိုင်ငံသား ဖြစ်ခွင့် မရှိတဲ့အတွက် မှတ်ပုံတင် မကိုင်ရတဲ့ လူတွေကို မဲထည့်ခိုင်းတယ်ဆိုတာကတော့ အင်မတန်မှကို ရူးသွပ်ရာကျတယ် - ဒီ ကဒ်အဖြူပြဿနာကို မရှင်းသရွေ့ကတော့ မြန်မာနိုင်ငံဟာ သူတပါး တွံတွေးခွက်မှာ မျောပြီးရင်း မျောနေမယ့်အပြင် ပြည်ပက သြဇာပေးတာကို ခံနေရဦးမယ်လို့ မြင်တယ် - အင်း - တကယ်တမ်း သနားစရာ ကောင်းတာက ငါတို့ မြန်မာနိုင်ငံကြီးပါတကား -
Credit To>>>Khin Mar Swe
https://www.facebook.com/chitthu.sky.7
Subscribe to:
Post Comments (Atom)
No comments:
Post a Comment