Tuesday, January 28, 2014

၎ နှစ်သမီးအရွယ် အီရန်အမျိုးသမီးငယ်လေးတစ်ဦး မိခင်၏ အတူနေချစ်သူမှ မုဒိမ်းကျင့်ခြင်းကို ခံရ


ဇန်နဝါရီ ၂၈၊ ၂၀၁၄

(အိန္ဒိယနိုင်ငံ)၊ အာပိုရာတွင် အီရန်လူမျိုး သမီးငယ်လေးတစ်ဦးသည် သူမမိခင်၏ ချစ်သူက မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရကြောင်း ရဲက ပြောကြားသည်။

ရဲမှ ပြောပြချက်အရ အီရန်အမျိုးသမီး နိုင်ငံခြားသားခရီးသွားတစ်ဦးသည် သူမ၏ ၄ နှစ်သမီးအရွယ်သမီးငယ်၊ မွန်ဘိုင်းဇာတိ သူမ၏ ယောက်ျားလေးသူငယ်ချင်း (ဝါ) ချစ်သူ အက်ရှ်လေ ခရစ်စတာ တို့နှင့်အတူ အာပိုရာတွင် အခန်းတစ်ခန်း ငှားနေသည်။

ဇန်နဝါရီ ၂၂ ရက်နေ့တွင် ခရစ်စတာမှ မိခင်မရှိသည်ကို အခွင့်ကောင်းယူ၍ မိန်းကလေးငယ်အား မုဒိမ်းကျင့်ခဲ့သည်။

၎င်းဖြစ်ရပ်ပြီး လေးရက်ကြာမှ မိန်းကလေးက ဖြစ်ပျက်သမျှကို သူမ၏ မိခင်အား တိုင်ကြားခဲ့သည်။

မိန်းကလေး၏ မိခင်က အန်ဂျူနာ ရဲဌာ၌ ၎င်းအမှုအား အမှုဖွင့် တိုင်ကြားခဲ့သည်။ ရဲမှ ချက်ချင်း အရေးယူဆောင်ရွက်ခဲ့ပြီး ဂိုဝါမှ ထွက်ပြေးနေသော တရားခံအား ဖမ်းဆီးရမိရေး ကြိုးစားလျက် ရှိသည်။


credit= Myo Min Thant
http://m.timesofindia.com/city/goa/Four-year-old-Iranian-girl-raped-by-mums-boyfriend/articleshow/29466359.cms

No comments:

Post a Comment