သေလာဂီရိမောရပဗ္ဗတကျောက်တော်တောင်တွင် ရှေးဟောင်းစေတီတော်မြတ်ကြီး၏
မူလ အခြေအနေများ ပျောက်ပျက်သွားအောင် အရံစေတီတော်အသစ် ဆိုပြီး ပြုပြင် တည်ဆောက်ေ နသည်ကို အများပြည်သူ
ရခိုင်သူရခိုင်သားများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိစေနိုင်ရန်
တင်ပြလိုက်ရပါသည်။ ကျောက်တော်မြို့ အမိရင်ခွင် အထည်အရောင်းဆိုင် မှ
ကျော်ကျော် ဆိုသူသည် ကျောက်တော်တောင် ထိန်းသိမ်းရေး သြ၀ါဒဆရာတော်ကြီးများကို
မတိုင်ပင်၊ မြို့မိမြို့ဖ များကိုလည်း အကြောင်းမကြား၊
ကျောက်တော်တောင်ဖွံ့ဖြိုးရေးေ ကာ် မတီဝင် အားလုံးကိုလည်း အသိမပေးဘဲ ဗုဒ္ဓ ဘုရားရှင် ကိုယ်တော် တိုင် သာသနာ့မျိုးစေ့ စတင်ချခဲ့ သည့်
နေရာ ကျောက်တော်တောင် ထိပ်ရှိ ရှေးဟောင်းစေတီတော်အား
ထွင်းဖေါက် ဖြိုဖျက် ကာ အရံစေတီငယ် ရှစ်ဆူ တည်မည်ဆိုပြီး ပိုင်ရာဆိုင်ရာ
တစ်ဦးစ နှစ်ဦးစကိုစည်းရုံးပြီး ဖြိုဖျက်လုပ်ဆောင်နေသည်ကို ပုံပါအတိုင်း
တွေမြင်ရပါသည်။
သို့ဖြစ်ပါ၍ ရှေးဟောင်းသုတေသနဌာနမှသော်၎င်း၊ ဒေသဆိုင်ရာ
အာဏာပိုင် များမှသော်၎င်း၊
နိုင်ငံတော်မှတာဝန်ရှိသူများသော်၎င်း တာဝန်သိ ရခိုင်ပြည်သူ
/သား များသော်၎င်း
သိစေရန် ဖေါ်ပြလိုက်ရပါသည်၊ ဤကိစ္စကို အဆောတလျင်
စီစစ်အရေးယူ ရန်လိုအပ်နေပါကြောင်း တင်ပြအပ်ပါသည်။
ရှေးဟောင်းစေတီကို ရှေးမူမပျက်စေချင်သူများ
ကျောက်တော်မြို့
No comments:
Post a Comment