ရခိုင်မျိုးနွယ်စုများဖွံ့ဖြိုးတိုးတက်ရေးအသင်း(ရန်ကုန်)
- အဖွင့်စာမျက်နှာ
- သတင်း
- ဆောင်းပါး
- စာအုပ်စင်
- ရခိုင်ရိုးရာပွဲများ
- ခမီလူမျိုးရေးရာ
- မြိုလူမျိုးရေးရာ
- မရမာကြီးရေးရာ
- သက်လူမျိုးရေးရာ
- သက္ကမရေးရာ
- ရခိုင်အသင်းအဖွဲ့
- ဓလေ့ထုံးတမ်း
- ထုတ်ပြန်ချက်
- အင်တာဗျူး
- ရုပ်သံဖိုင်
- အတ္ထုပတ္တိ
- တိုင်းရင်းသားရေးရာ
- ဘာသာရေးဆိုင်ရာ
- မူဆလင်ရေးရာ
- တိုင်းရင်းဆေးစွမ်းကောင်း
- နည်းပညာ
- ထူးထွေဆန်းပြား
- ရိုးရာပစ္စည်းအရောင်းဆိုင်
Monday, June 23, 2014
ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဖာ) ရခိုင်သမိုင်းသုတေသီ၊ရခိုင်စာပေပညာရှင်၊
ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဖာ) ရခိုင်သမိုင်းသုတေသီ၊ရခိုင်စာပေပညာရှင်၊
ပူဇာစ ပူဇာနိယံ ဧတံမင်္ဂလ မုတ္တမံ ပူဇာထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာ မင်္ဂလာမည်သည်ဟု ဆိုသည့် အတိုင်း ဆရာဦးထွန်းရွှေခိုင်သည် ရခိုင်နှင့် မြန်မာ့ပညာရေးလောကတွင် ထင်ရှား ကျော် ကြားသူ ရခိုင်ပညာရှင်တစ်ဦးဖြစ်ပါသည်။ ထိုဆရာ၏ တပည့်များဖြစ်ခဲ့ကြသည့် သူများသည် ယခု အခါ ရခိုင်ပြည်နယ်အရပ်ရပ်၊ မြန်မာနိုင်ငံအရပ်ရပ်၊ ကမ္ဘာအရပ်ရပ်မှာ ပညာသင်ကြား လျှက် ၊စီး ပွားလုပ်ကိုင်ကြလျှက် ၊ဘာသာရေး ၊လူမှုရေး ၊နိုင်ငံရေးလောကများတွင် လည်း ထင်ရှား ကျော် ကြားနေကြသူလည်း အများအပြားရှိနေကြသည်။
ထိုသို့ မြန်မာပြည်နှင့် ရခိုင်ပြည် ရခိုင်တစ်မျိုသားလုံးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ဆရာကို သူဆီတွင်ပညာသင်ကြားခဲ့သည် တပည်များအနေဖြင့်သော်၎င်း၊ ရခိုင်လူမျိုး တစ် ယောက် အနေဖြင့်သော်၎င်း ၊ဆရာကြီး ဦးထွန်းရွှေခိုင်(မဟာဝိဇ္ဖာ)အား ယနေ့အချိန်အခါသည် ကျေးဇူးဆပ်ဖို့ ၊ ပူဇော် ဂုဏ်ပြုဖို့ ကူညီအားပေးဖို့ အကောင်းဆုံးအချိန်ခါဖြစ်ပေသည်၊ အဘယ် ကြောင့်ဆိုသော် ဆရာကြီးသည် ရခိုင်စာပေပညာရှင်များထဲတွင် ထူးချွန်သူတစ် ယာက်ဖြစ်သလို အမျိုးသားရေးအတွက်လည်းစွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သူ၊ ဖြစ်သလို သက်ရှိထင်ရှားရှိနေ သူ တစ်ယောက်လည်းဖြစ်ပါသည်။ ယခုအခါ ဆရာကြီးသည် ပထမအကြိမ် ဆီးချိုရောဂါဖြင့် 5 .3. 2013 မှ 27.3.2013 ထိ အာရှတော်ဝင်ဆေးရုံကြီးတွင် တက်ရောက်ကုသပြီး ညာဖက်ခြေမ တစ် ချောင်းကို ဖြတ်ပစ်ခဲ့ရသည်။
ယခု 2014 -ဇွန်လ ပထမပတ်တွင် ဒုတိယအကြိမ် ညာဖက်ခြေထောက်မှ ခြေချောင်းလေး များ အားလုံးကို ဖြတ်ပိုင်းလိုက်ရပြီး ယနေ့ထိ အာရှတော်ဝင် ဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသ လျှက် ရှိနေပါသည်။ ကျန်ဘယ်ခြေတစ်ချောင်းမှာလည်း ဘယ်နေ့ဖြတ်ပစ်ရမည့် အခြေအနေသို့ ရောက်နေပါပြီ။
ထိုကြောင့် စာပေမိတ်ဆွေများသော်၎င်း၊ လူမှုရေး၊ဘာသာရေးအဖွဲ့အစည်းများမှ ရင်းနှီးသူများ သော်၎င်း၊ စာသင်ပေးခဲ့သော တပည့်များသော်၎င်း၊ငွေကြေး/၀တ္ထုပစ္စည်းများဖြင့် ဂုဏ်ပြုလိုသူ၊ ပူဇော်လိုသူ၊ အားပေးကူညီလိုသူများ သိရှိစေရန် မေတ္တာဖြင့် အသိပေးအပ်ပါသည်။
ဆရာကြီးသည် နောက်ဆုံးအခြေအနေဖြစ်သောကြောင့် အမှန်တကယ် အကူအညီ လိုအပ်နေသော အချိန်အခါဖြစ်ပါသည်၊ ကူညီရန်လည်း အသင့်တော်ဆုံး၊ အကောင်းဆုံးအချိန်ဖြစ်ပါသည်။
ကူညီထောက်ပံ့ ပူဇော် လှူဒါန်းလိုပါက ဆက်သွယ်ရန်လိပ်စာ၊
ဦးထွန်းရွှေခိုင်(မဟာဝိဇ္ဖာ)
အမှတ် ၁၁၅/၆ ၊ ၁၄ လမ်းသွယ် ၊စာတိုက်မှတ်တိုင်အနီး၊ မိုးကောင်းလမ်း၊ရန်ကင်းမြိုနယ်
ဖုန်းနံပါတ် - 0930 255991
ဦးကျော်စိန် - 0949 348465
ဦမောင်ဖြူ -095122182 / 01 240324
Email;/ kophyu55@gmail.com
Facebook.com / mg phyu
ထွန်းရွှေခိုင် (မဟာဝိဇ္ဖာ) ၏ စာပေဆိုင်ရာ လှုပ်ရှားမှုဆောင်ရွက်မှုများ
စာပေလှုပ်ရှားမှု
ထွန်းရွှေခိုင် (မဟာဝိဇ္ဖာ)အမည်ဖြင့် ရခိုင်သမိုင်း၊ရခိုင်ယဉ်ကျေးမှုဆိုင်ရာသုတေသနစာတမ်းများစွာ ရေးသားပြုစုခဲ့သည်။ကမ္ဘာ့အဆင့် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော “ A Guide To Mrauk - U” နှင့် “ A Guide To Mahamu ni” အပါအ၀င် စာအုပ် (၁၈) အုပ်ထုတ်ဝေခဲ့သည်။ ရခိုင်မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း၊ ရခိုင်သမိုင်းစာပေပညာရှင် ဦးစက္ကိန္ဒ၊ အထက်တန်းပညာဦးစီးဌာန ညွန်းကြားရေးမှူးချုပ် ဦးစံသာ အောင်တို့နှင့် တွဲဖက်၍ ရခိုင်ရေးရာ သမိုင်း စာပေ ယဉ်ကျေးမှုများကို ဆောင်ရွက်ခဲ့သည်။
ဆရာကြီး၏ စာပေထူးချွန်းမှုများ
٭ 1970 တက္ကသိုလ်များ ၊ရခိုင်တိုင်းရင်းသား စာပေယဉ်းကျေးမှုကော်မတီဆောင်းပါးပြိုင်ပွဲတွင် (ရခိုင်ရှေးဟောင်းမြို့တော်များ) ခေါင်းစဉ်ဖြင့် ပထမဆု
٭ 1971 ခု ရန်ကုန်တက္ကသိုလ် ဒဂုံဆောင်၊သဟာယအသင်းဆောင်းပါးပြိုင်ပွဲ ပထမဆု
٭1972 ခု ရန်ကုန်တက္ကသိုလ် ၊ပထ၀ီဝင်ဌာန နောက်ဆုံးနှစ် ကျောင်းသားစာပေထူးချွန်ဆု ပထမဆု
٭1973 ခု မြန်မာတစ်နိုင်လုံး တက္ကသိုလ်များ ရာထူးဝန်ယှဉ်ပြိုင်မှု ပထမဆု
٭ 2008 ခု ရန်ကုန်တက္ကသိုလ်တွင် မြန်မာနိုင်ငံ ၀ိဇ္ဖာသိပ္ပံ ပညာရှင်များအဖွဲ့ ၊သုတေသနစာတမ်းဖတ်ပွဲ ၊သမိုင်းသုတေသန ပထမဆု
ဦးထွန်းရွှေခိုင် (မဟာဝိဇ္ဖာ)၏ နိုင်ငံတော်အဆင့် သုတေသနစာတမ်းများ
٭ ပါရဂူဘွဲ့ (Ph.D) အတွက် 12.10.2013 နေ့ ရန်ကုန်တက္ကသိုလ်တွင် တင်သွင်းသည့် တတိယမြောက် စာတမ်း “Evolution of rakhine Ancient Capitals”
٭ Ministry of Education School family Day Research Seminar တွင် ပါရဂူ ဘွဲ့ (Ph.D ) Thesis အဖြစ် တင်သွင်းသည့်စာတမ်း
“ ရခိုင်ရှေးဟောင်းမြို့တော်များနှင့် ပျူမြို့တော်ဟောင်းများ၏ တိုးတက်ဖြစ်ထွန်းမှုများအပေါ် လေ့လာခြင်း”
٭ မြန်မာနိုင်ငံ ၀ိဇ္ဖာသိပ္ပံပညာရှင်များအသင်း၏ ပဉ္စမအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲ တွင် တင်သွင်းသည့် စတမ်း “ရခိုင်ဓည၀တီမြို့ဟောင်းအား သက်တမ်းကာလခန့်မှန်းခြင်း” (BC 6 ရာစုမှ AD 4 ရာစု)
٭ ပညာရေးဝန်ကြီးဌာန၊တက္ကသိုလ်များသမိုင်းသုတေသနဌာန၊ အမရဆောင်၊ ရန်ကုန်တက္ကသိုလ် တွင် ဖတ်ကြားသည့် သုတေသနစာတမ်း(19.1.2006) “A Study of the Geographical Influences Over the Development of Ancient Rakhine Cities and Pyu Cities”
٭ မြန်မာနိုင်ငံသမိုင်းအဖွဲ့ ၁၁၁ ကြိမ်မြောက် ၊ သုတေသနစာတမ်းဖတ်ပွဲ AA – 09 အမရဆောင် ရန်ကုန်တက္ကသိုလ် (8.6.2007) “ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှု အထောက်အထားများအား ရှေးဦးမြန်မာ သက်လူမျိုးတို့၏ သမိုင်းကြောင်း ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ယှဉ်တွဲလေ့လာခြင်း”
٭ မြန်မာနိုင်ငံ ၀ိဇ္ဖာနှင့် သိပ္ပံပညာရှင်များအဖွဲ့ သတ္တမအကြိမ် သုတေသနစာတမ်းဖတ်ပွဲ (သမိုင်းအဖွဲ့) 27.10.2008 “A Study of Buddhist Sculpture found in Rakhine Old Dhanyawaddy City Compared with in Indian Old Buddhist arts”
٭ မြန်မာနိုင်ငံ ၀ိဇ္ဖာနှင့်သိပ္ပံပညာရှင်များအဖွဲ့ န၀မအကြိမ် သုတေသနစာတမ်းဖတ်ပွဲ (သမိုင်းအဖွဲ့)9.10.2009 “ရခိုင်ဝေသာလီခေတ် (အေဒီ 4 – 8 ရာစု ) ဒင်္ဂါးများအားလေ့လာခြင်း”
စာပေဦးဆောင်လှုပ်ရှားမှုများ
စစ်တွေကောလိပ် မဂ္ဂဇင်း (1972-1993) အယ်ဒီတာချုပ်
ရခိုင်ပြည်နယ်စာစောင် (1975-1979) အယ်ဒီတာချုပ်
ရခိုင်ပြည်နယ်စာပေ ၊ ယဉ်ကျေးမှုကော်မတီ (1975-1988) အတွင်းရေးမှူး
ရခိုင်ပြည်နယ် သမိုင်းရေးရာအဖွဲ့ (1980-1988) အတွင်းရေးမှူး
ရခိုင်တိုင်းရင်းသားများ သမိုင်းဖေါ်ထုတ်းရေးအဖွဲ့(1980-1988) အတွင်းရေးမှူး
ဆရာကြီးရေးသား ထွက်ရှိပြီး စာအုပ်များ
၁။ ရခိုင်ရှေးဟောင်းမြို့တော်များ(1976)
၂။ ရခိုင်နန်းဆက်မြို့ဆက်သမိုင်း (1976)
၃။ ရခိုင်မဟာမုနိဘုရားသမိုင်း(1980)
၎။ ရခိုင်မြောက်ဖျားဒေသမှ သက်တိုင်းရင်းသားများ(1980)
၅။ ရခိုင်စာဆိုတော်များ အတ္ထုပ္ပတ္တိ(1982)
၆။ ရခိုင်ဝေသာလီခေတ် ဗုဒ္ဓအနုပညာ(1983)
၇။ ရခိုင်မင်းသမီးဧချင်ငး( ရမ်းဗြဲ သရက်ချောင်းမူ ) (1986)
၈။ ရမ်းဗြဲကျေးလက် သဘာဝတေးကဗျာများ (1987)
၉။ ရခိုင်ပုံပြင်ဆန်းများ (1988)
၁၀။ A Guide To Mahamuni (1993)
၁၁။ Historical Sites in Mrauk U (1996)
၁၂။ A Guide To Mrauk – U (1997)
၁၃။ ရခိုင်ပညာရှိ လျောက်ထုံးများ (2008)
၁၄။ ရခိုင်ဝေသာလီခေတ် ဒင်္ဂါးများ (2009)
၁၅။ မြောက်ဦးရွှေမြို့တော် (2010)
၁၆ ။ ရခိုင်မဟာရာဇ၀င်တော်ကြီး (2013) တို့ ဖြစ်ကြပါသည်။
မေတ္တာဖြင့် ကူညီသူ
ဦးမောင်ဖြူ (ကြွီတဲကျွန်း)
23.6.2014 ၊ 6.50 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment